Print

Managing Anger လောင်ကျွမ်းနေသော ဒေါသမီးအား ဘယ်လိုငြိမ်းကြမလဲ

  30-Oct-2016
Preview Image

ယခုခေတ်တွင် နေ့စဉ်နှင့်အမျှ ပင်ပင်ပန်းပန်း ရုန်းကန်နေရသော လူသားများအဖို့ “ဒေါသ” ဟူသော အပူမီးကို နေ့စဉ်နီးပါး ထိတွေ့မြင်တွေ့ နေရပါသည်။ ဒေါသကိုဖြစ်

စသော အချက်သုံးချက်မှာ-

(၁) မိမိ၏ စိတ်ခံစားမှု၊ ထင်မြင်ချက်

(၂) မျော်လင့်ချက် ထင်သလိုဖြစ်ခြင်း

(၃) ဖြစ်ပွားနေသေ ပတ်ဝန်းကျင် အခြေအနေ စသည့်တို့ကြောင့် ဖြစ်သည်။

စိတ်ပညာရှင်အများစုကမူ ဒေါသထွက်ခြင်းအားလုံး၏ အရင်းအမြစ်မှာ “အပြစ်တင်ခြင်း” ဖြစ်သည်ဟု ဆိုပါသည်။“အပြစ်တင်ခြင်း” ကို သုံးမျိုးခွဲနိုင်ပါသည်။

(၁) မိမိကိုယ်ကို အပြစ်တင်ခြင်း ာအလိုမကျခြင်း။

(၂) ဘေးပတ်ဝန်းကျင်ရှိ သူများကိုအပြစ်တင်ခြင်း။

(၃) ဖြစ်ပေါ်နေသော ပတ်ဝန်းကျင်၊ ဥပဒေ၊ ကျောင်း၊ လုပ်ငန်းခွင်ကို အပြစ်တင်ခြင်း စသည်တို့ကြောင့် ဒေါသဖြစ်ရပါသည်။

စိတ်ကျန်းမာခြင်းအတွက် ဒေါသဖြစ်ခြင်းကို နည်းပါးစေမည့် ကုသနည်းများ

(၁) အပြစ်တင်ခြင်းကို ရှောင်ရှားပါ။

(၂) နားလည်ပေးတတ်ခြင်းနှင့် ကိုယ်ချင်းစာစိတ်ကို လက်ကိုင်ထားပါ။

(၃) ဒေါသထွက်မိလျှင်လည်း သတိမလွတ်ပါစေနှင့်။

ဒေါထထွက်ချိန်တွင် ရှောင်ရှားသင့်သောအတွေးများ

- လောဘကြီးက မတရားဘူး။

- ငါမည်သည့်အခါမ ှအမှားမလုပ်သင့်သည်။

- လူတိုင်းငါပြောသည့်အတိုင်း လုပ်သင့်သည်။

ဒေါသထွက်ချိန်တွင် တွေးသင့်သောအတွေးကောင်းများ

- ပြီးပြည့်စုံသောသူဟူ၍ လောကတွင်မရှိနိုင်ပေ။

- ဖြစ်ပြီးသော ကိစ္စနှင့် မပြောင်းလဲနိုင်သော အကြောင်းအရာများပေါ်တွင် သင်ခန်းစာယူ၍ တိုးတက်အောင်သာလုပ်ပါ။

- ဝေဖန်မှုနည်းပါစေ။

- တရားထိုင်ပါ။

ဒေါသထွက်ခြင်းသည် မိမိ၏စိတ်ကျန်းမာရေးကို ထိခိုက်စေရုံမက ရုပ်ပိုင်းကိုလည်း ရင့်ရော်စေ သည်။ ဘေးပတ်ဝန်းကျင်ရှိသူများကို သက်ရောက်မှုရရှိနိုင်သည်။ ထို့ကြောင့်ဒေါသကို နည်းနိုင်သမျှ နည်းပါးအောင် ရှောင်ရှားသင့်သည်။

 

Ref:

mental-health-today.com

Dr.Snow

15.10.2015



Related Articles


Advertisment 18