Print

စိတ်ကျခြင်းကိုရှောင်ရှားပါ

  30-Oct-2016
Preview Image

ဆန်းပြားသောစိတ်ပိုင်းဆိုင်ရာကြောင့် လူတစ်ဥိီး၏ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါသည်။ စိတ်ထောင်းရင် ကိုယ့်ခန္ဓာကိုယ်တောင် လုပ်ကိုင်နေပေမဲ့ အားမလို အားမရဖြစ်လာတက်သည့် စိတ််ပါ။ စိတ်ဓာတ်ကျနေသည့် အခါမှာလူကမလှုပ်ချင်မကိုင်ချင်လောက်အောင်ပင် ဖြစ်ပေါ်လာတက်သည်။ အဲလို စိတ်ဓာတ်ပိုင်းဆိုင်ရာဖြစ်ပေါ်လာပြီဆိုလျှင် လုပ်ဆောင်သင့်ခြင်း အကောင်းဆုံးက လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။ လမ်းတွေလျှောက်ပေးရပါမယ် အသက်ဝဝရှူရိုက်သည့်လေ့ကျင့်ခန်းကို မဖြစ်မနေလုပ်ဆောင်ရပါလိမ့်မည်။ အဲလိုလုပ်ဆောင်ပေးခြင်းကြောင့် ပြန်လည်လန်းဆန်း လာပါလိမ့်မည်။ ညဖက်ပိုင်းအိပ်ချိန်များကို လျာ့နည်းခြင်းမရှိစေရပါဘူး။ အိပ်ရေးပျက်မှု ့တွေများလာပြီဆိုလျှင် သွားလာနေထိုင်သည့် ခန္ဓာကိုယ့်တွေလေးလံလာမယ်။ လှုပ်ရှားခြင်းတွေနည်းပါးလာမယ်။နောက်တစ်ခုတက်လှမ်းမှု ့က အစားအသောက်တွေပျက်လာပါမယ်။ အဲလိုမျိုးဖြစ်ပေါ်လာခဲ့ရင် ကျန်းမာရေးကို ဆိုးရွားစွာဖြစ်ပေါ်လာပါလိမ့်မည်။ စိတ်ပိုင်းဆိုင်ရာ စိတ်ဓာတ်ကျဆင်းခြင်းအတွေးစိတ်တစ်ခုမျှ မိမိစဉ်းစားမိလာလျှင် အားမရခဲ့လျှင် ၄င်းအကြောင်းအရာအတွေးများကို ချက်ခြင်းဖယ်ထုတ်ရှင်းလင်းလိုက်ပါ မိမိဝါသနာပါသော အလုပ်ကို သာမန်လုပ်ဆောင်နေသည့်အချိန်ထက် အနည်းငယ် ပိုမိုလုပ်ဆောင်လိုက်ပါ။စိတ်အာရုံပြောင်းလဲခြင်း တစ်ခုကိုချက်ချင်းအစားထိုးလုပ်ဆောင်ရပါလိမ့်မည်။

စိတ်ကို စိတ်နဲ ့ပြန်လည်ကုသရပါလိမ့်မည်။ စိတ်ပိုင်းဆိုင်ရာဝေဒနာ အရပ်ရပ်များစွာရှိနေပေမဲ့ စိတ်ဓာတ်ကျဆင်းခြင်းသည် မိမိရှင်သန်နေသည့်ဘဝတွက် အနာဂတ်ကိုပုံဖော်နိုင်စွမ်းစွမ်းရည်တွေလည်း ပျောက်ကွယ်သွားတက်ပါသည်။အမျိုးသားများတွင်စိတ်ဓာတ်ကျဆင်းခြင်း လက္ခဏာကို သိသာနိုင်ပေမဲ့ အမျိုးသမီများအနေဖြင့်သိသာနိင်ခဲပါသည်။ ပြောဆိုရခြင်းကို ရှက်ကြောက်ခြင်းနှင့်တစ်ခြားလုပ်ဆောင်သင့်သည်များကို အရှက်အကြောက်များကြောင့် စိတ်ပိုင်းဆိုင်ရာဝေဒနာအတွက်ဖော်ဆောင်နိုင်ရန် ခက်ခဲပါသည်။ မိမိဖာသာ ခံစားခြင်းကိုဘဲ အမျိုးသမီးများကသာ ကြိတ်ခံစားတတ်ပါတယ်။ ဒါပေမဲ့ အမျိုးသားများထက် အမျိုးသမီးများတွင် ချက်ချင်းကြီးမားသော ပြသနာမဖြစ်ပေါ်ပေမဲ့ ကာလရက်ရှည်လာလျှင်တော့ မကောင်းပါဘူး။တဖြေးဖြေးခြင်း လောင်မြိုက်တက်သော စိတ်ဓာတ်ကျဆင်းခြင်းကို လေ့ကျင့်ခန်းများလုပ်ဆောင်ခြင်း၊ လေကောင်းလေသန် ့များကို ဝဝလင်လင်ရှုရှိုက်ပေးခြင်း၊ အစားသောက်ကို ပုံမှန်အတိုင်းဖြစ်အောင် စားသောက်ပေးခြင်း၊ မိမိဝါသနာပါသောအလုပ်ကို အချိန်ပိုမိုလုပ်ဆောင်ပေးခြင်း၊ မိမိခံစားမှု ကို ဖွင့်ဟတိုင်ပင်ပြောကြားပေးခြင်း၊ အိပ်ရေးပျက်ခြင်းအပြု ့အမှု ့ရှောင်ရှားခြင်းနှင့် တရားထိုင်အလုပ် လုပ်ဆောင်ပေးခြင်းတို ့သည့် ကျော်လွွှားနိုင်သော နည်းလမ်းတစ်ချို ့ပင်ဖြစ်ပါတော့သည်။

 

Ref;

Mg Mandalay

Tuesday, May 26, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18