Print

Warning Signs of Depression ခေါ်စိတ်ဝေဒနာ၏ အကြိုလက္ခဏာများ

  30-Oct-2016
Preview Image

သာမန်ဆိုးသွန်းကလေးတို့နဲ့လည်းမတူဘဲ အောက်ပါအချက်တို့ကို ရက်သတ္တပတ် နှစ်ပတ်ထက် ကျော်ပြီးတွေ့ရပါက အထူးသတိပြုသင့်သည်။

- မောပန်းနွမ်းနယ်နေခြင်း

- အိပ်ပျော်ခြင်းဆိုင်ရာ ပြဿနာများ (Sleep Problems)

- အစာမစားနိုင်မှု၊ ကိုယ်အလေးချိန်ဆိုင်ရာ ပြဿနာများဖြစ်လာမှု

- ဆုံးဖြတ်ချက်ချမှုဆိုုင်ရာများတွင် မရေရာမှု၊ အခက်အခဲရှိမှုများ

- မိမိကိုယ်ကို အပြစ်တင်နေတတ်မှု၊ အရေးမပါထင်နေတတ်မှုများ

- ဂနာမငြိမ်ဖြစ်မှု၊ နုံးခွေနေတတ်မှုများ

- “ သေတာကောင်းတယ်၊ သေချင်တယ်” ဟူသောအတွေများ၊ စကားများဖြစ်ပါသည်။

စိတ်ကျရောဂါအတွက် ကုသခြင်းထက်ကြိုတင်ကာကွယ်ခြင်း၊ ကျန်းမာရေးပညာပေးခြင်း တို့သည် အလွန်ထိရောက်သည်ဟုသိရသည်။ “ ဆယ်ကျော်သက်အရွယ်နှင့် စိတ်ကျဝေဒနာတို့ လုံးဝမဆက် စပ်၊ အရွယ်ငယ်ငယ်နဲ့ စိတ်ကျဝေဒနာမျိုး မခံစားရနိုင်” ဟူသော အယူအဆများသည် မှားယွန်းနေသည်ဟု ယူဆကြသည်၊။ အခြေအနေနဲ့အချိန်အခါအရ၊ မျိုးရိုးဗီဇအရ ဖြစ်လာနိုင်သည့် သဘောကိုမူလက်ခံသင့် ပါတယ်။ ထို့ကြောင့် ဆယ်ကျော်သက်အရွယ် သားသမီးတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကောင်းများ ဖန်တီးနိုင်ကြစေရန် မိဘများ၊ ဆရာသမားမျာ သတိပြုဆောင်ရွက်ကြသင့်ကြောင်း အကြံပေးလိုပါသည်။

 

Ref:

ဒေါက်တာမြင့်သန်း(ညောင်လေးပင်)

Health For All Magazin No.101, Pg.86-88,June.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18