Print

စိတ်ကြွဆေးများ

  30-Oct-2016
Preview Image

 

ထို Ecstasy အပါအဝင် စိတ်ကြွဆေးတို့သည် မကြာမီ နှစ်ပိုင်းများ အတွင်းကမှရေပန်းစားလာသည့် စိတ်ကြွမူးယစ်ဆေးဝါးများဖြစ်သည်။ ထိုဆေးတို့ကို စားမိပါက စိတ်နိုးကြားခြင်း၊ စိတ်ကြွခြင်းတို့ကြောင့် ညမအိပ်ဘဲနေနိုင်သည်။ ထို့ကြောင့် အဝေးပြေးကားမောင်းသမားများ၊ ညဘက်အလုပ်လုပ်သူများ စတင်သုံး စွဲကြသည်။ ထိုမှတစ်ဖန် ညကလပ်များ၊ အရက်ဘားများ၊ ပျော်ပွဲများအထိ ပျံ့နှံ့လာသည်။ အားကစားသမား များပင် သုံးစွဲလာကြသည့်အထိ ဖြစ်လာသည်။ ဆေးသုံးစွဲပါက ခန္ဓာကိုယ်အတွင်း ရှိပြီးသား ခွန်အားများကို နိုးကြားအောင် ပြုလုပ်ပေးသော်လည်း ခွန်အားအသစ် မတိုးပွားစေပါ။ ဆေးကြောင့် ဒေါသကြီးခြင်း၊ အမူအ ယာကြမ်းတမ်းခြင်း၊ စိတ်ဖောက်ပြန်ခြင်း၊ သေကြောင်းကြံခြင်းများအပြင် အစားမပျက်၊ အအိပ်ပျက်ကာ ခွန်အားဆုတ်ယုတ် စေတတ်သဖြင့် များစွာသော နောက်ဆက်တွဲ ကျန်းမာရေးပြသနာများ ဖြစ်စေသည်။

 

ထိုစိတ်ကြွဆေးတို့ကို ဘိန်း၊ ကိုကင်း၊ ဆေးခြောက် စသည်တို့မှ ရရှိခြင်းမဟုတ်ဘဲ၊ (Ephedrine) အမည်ရှိ ဓာတုပစ္စည်းများမှသာ ထုတ်ယူသည်။ (ထိုအက်ဖီဒရင်းဆေးပြားတို့ကို ယခင်က ရင်ကျပ်ပန်းနာ ရောဂါ ကုသရာတွင် သုံးခဲပါသည်။) ထိုဆေးသုံးမိလျှင် ” မြင်းများ ကိုဒေါင်ချာစိုင်းစေလောက်အောင် စိတ်ရူးပေါက်ခြင်း“ ကဲ့သို့ ဖြစ်စေသဖြင့် ယိးဒယားဘာသာပြန် “ယာမား“ ဟုခေါ်သည်။ ၁၉၆၉ ခုနှစ်တွင် “ယာမား“ မှ “ယာဘား“ (အရူးဆေး) ဟုပြောင်းခေါ်ခ့ံကြသည်။ ယိုးဒယားနိုင်ငံတွင် “ယာဘား“၊ အင်ဒိုနီးရှားနိုင်ငံတွင် “ရှာဘူး“၊ ဖိလစ်ပိုင်နိုင်ငံတွင် “ဘာဘူး“ ၊ တရုတ်နိုင်ငံတွင် “ဘင်ဒူး“ ဟု အမျိုးမျိုးခေါ်ကြသည်။ ထိုဆေးဝါးများ၏ အန္တရာယ်သည် ကျွန်တော်တို့နိုင်ငံ သို့လည်း ကူးစက်ဒုက္ခပေးဖွယ် ရှိနေသည်။ လူငယ်ကလေးများအား အညွှန့်တုံးစေသည့် ရွံရှာဖွယ်ဆေးဝါးဖြစ်ရုံသာမက အသက်အန္တရာယ် ကိုပါ ထိခိုက် စေနိုင်သဖြင့် ဘက်ပေါင်းစုံမှ ၀ိုင်းဝန်းတာစီးကြရန် အလွန်အရေးကြီးလှသည်။“ ပျိုလျှင်ဝေ၊ အိုလျှင်ကြွေ “ ဟုဆိုကြသော်လည်း “ အိုသော်လည်းဝေ “ နေသည့် သက်ကြီးရွယ်အို များရှိသလို၊ “ ပျိုသော်လည်းကြွေ ” ကျရသည့် လူငယ်များစွာရှိနေသည်။ အချိန်မတိုင်မီ အကြွေမစောကျရန် ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး၊ လောင်ကစားနှင့် ယခုကဲ့သို့ ဆေးဝါးအန္တရာယ်တို့ကို အသိစိတ်ရှိရှိဖြင့် ညီညီညာညာ လက်တွဲကာကွယ် ပါစေလိုကြောင်း။

 

Ref:

ဒေါက်တာမြင့်သန်း (ညောင်လေးပင်)

Health For All Magazin No.102, Pg.90-92,June.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18