Print

အိပ်မပျော်ခြင်းကိုအနိုင်ယူရန်နည်းလမ်းများ

  30-Oct-2016
Preview Image

ပုံမှန်မအိပ်စက်ရခြင်း၊ အိပ်ရေးပျက်ခြင်းနှင့် အိပ်မပျော်နိုင်ခြင်းတို့အတွက် အလျင်စလိုလုပ်ရသော လူနေမှုဘဝပုံစံ (သို့မဟုတ်) အားအင်ကုန်ခန်းစေသောအလုပ်ပုံစံတို့ အပေါ် အပြစ်တင်ရမည်ဖြစ်aသာ်လည်း အမှန်တကယ်တွင် ကျွန်တော်တို့အများစုမှာ နှစ်ခြိုက်စွာအိပ်မပျော်ခြင်း၊ မျက်စိကြောင်နေခြင်းတို့နှင့် ကြုံတွေ့နေရသည်။ စိတ်ဖိစီးမှုကိုအနိုင်ယူကာညဘက်အပြည့်အဝ အနားယူနိုင်မည့် နည်းလမ်းများကိုဖော်ပြပေးလိုက်ပါသည်။ ကောင်းစွာအိပ်ပျော်စေရန် သင်၏ ခန္ဓာကိုယ်ကိုမောပန်းအောင်လုပ်ရန် အရေးကြီးကြောင်း အိပ်စက်မှုကျွမ်းကျင် ပညာရှင်ဟာဆင်ကပြောသည်။ အိပ်ချိန်မတိုင်မီလေးနာရီမျှ လေ့ကျင့်ခန်းလုပ်ရန် ၎င်းက အကြံပေးထားသည်။ သို့သော် အလွန်အမင်းမောပန်းအောင် မလုပ်ပါနှင့်။ ပေါ့ပေါ့ပါးပါးလုပ်ရသောလေ့ကျင့်ခန်းမျိုးလုပ်ပါ။ အပြင်ဘက်တွင် (သို့မဟုတ်) ပြေးစက်ပေါ်တွင် ပြေးခြင်း၊ စက်ဘီးစီးခြင်း(သို့မဟုတ်) နေပူဆာလှုံရင်းလမ်းလျှောက်ခြင်းတို့ ပြုလုပ်ပါ။လေ့ကျင့်ခန်းလုပ်ချိန်တွင် ခန္ဓာကိုယ်၏ စွမ်းအင်များကိုသုံးစွဲလိုက်ရသောကြောင့် လုံးဝအိပ်ပျော်စေမည်ဖြစ်ကြောင်းအားကစားနည်းပြရာဂူးက လည်းပြောသည်။

လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် အိပ်ရေးပျက်စေသည့် အခြားကိစ္စများကိုလုပ်ရန် (သို့မဟုတ်) ညဘက်ထိုင်နေရန် မောပန်းနေပြီဖြစ်သဖြင့် အိပ်ရန်ကြိုးပမ်းကြမည်ပင်ဖြစ်ကြောင်း ၎င်းတို့ကပြောသည်။ကော်ဖီ၊ အရက်နှင့် ဆေးလိပ်တို့ မသောက်ပါနှင့်။ ညဘက်ကဖိန်းဓာတ်တစ်မျိုးမျိုး သောက်သုံးမှုကြောင့် ဦးနှောက်ထဲရှိအိပ်ပျော်စေသော ဓာတုပစ္စည်းထုတ်လွှတ်မှုကို အဟန့်အတားဖြစ်စေပြီး နိုးကြားစေသည်။ကလေးငယ်များအိပ်ပျော်စေရန် မိခင်များကတေးဆိုချော့သိပ်လေ့ရှိသကဲ့သို့ သာယာငြိမ့်ညောင်းသောတေးဂီတနားဆင်ခြင်းနှင့် ကောင်းစွာအိပ်ပျော်စေခြင်းကြား ဆက်စပ်မှုရှိကြောင်းလေ့လာမှုများစွာကဖော်ပြသည်။ သာယာငြိမ့်ညောင်းသော တေးဂီတများနားဆင်ခြင်းဖြင့်စိတ်ကိုအနားရစေပြီး အခြားအနှောင့်အယှက်ပေးသော စိတ်အာရုံများ ကိုတားဆီးပေးသည်။ အိပ်ပျော်စေရန် နံပါတ်စဉ် ရေတွက်ခြင်းမှာအမှန်တကယ်ပင် အထောက်အကူပြုကြောင်းသိရသည်။ ခေါင်းထဲတွင် ညီမျှခြင်းများတွေးတောအဖြေရှာခြင်း၊ သချင်္ာပုစ္ဆာများဖြေရှင်းခြင်း၊ နံပါတ်စဉ်များရေတွက်ခြင်းတို့က မြန်မြန်အိပ်ပျော်စေကြောင်းလေ့လာမှုများကဖော်ပြသည်။ စိတ်အပန်းပြေစေသည့် အကြောင်းအရာများကို စိတ်ကူးယဉ်ခြင်းဖြင့် စိုးရိမ်ပူပန်မှုနှင့် စိတ်ဖိစီးမှုတို့ကိုလျော့ပါးစေပြီးအိပ်ပျော်စေရန် ကူညီနိုင်သည်။ ညဘက်ရောက်တိုင်းအိပ်မပျော်နိုင် ဖြစ်တော့မည်ဟုမတွေးပါနှင့်။ အိပ်ပျော်မည်ဟုတွေးပြီး ကြိုးစားအိပ်စက်ခြင်းကညဘက်ကောင်းစွာအိပ်ပျော်စေနိုင်ကြောင်း ကျွမ်းကျင်သူများကပြောသည်။ ပုံမှန်အိပ်ချိန်သတ်မှတ်ပြီးအိပ်စက်ပါ။ နံနက်စောစောထပါ။ ညဘက်စောစော အိပ်ရာဝင်ပါ။ အားလပ်ရက်များတွင် အလွန်အကျွံအိပ်စက်ခြင်းနှင့် နေ့လယ်တစ်ရေးအိပ်ခြင်းတို့ မလုပ်ပါနှင့်။ မှောင်သော၊ ဆူညံသံမရှိသော၊ သင့်လျော်သောအပူချိန်ရှိသည့် အခန်းတွင် အိပ်စက်ပါ။ အိပ်ချိန်မတိုင်မီရေနွေးဖြင့် မိနစ် ၃၀ ခန့် ရေချိုးပါ။ ယင်းနောက် နို့ပူပူတစ်ခွက် (သို့မဟုတ်) ရေတစ်ခွက်သောက်ပေးပါ။ မြန်မြန်အိပ်ပျော်စေရန် အခန်းထဲရှိ အရာဝတ္ထုတစ်ခု (သို့မဟုတ်) တစ်နေရာတည်းကိုအာရုံစူးစိုက်ထားပါ။ အကယ်၍ ပြဿနာဆက်ရှိနေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

 

Ref: TOI

7daydaily

Fri, 2014-09-26-



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18