Print

Bipolar Disorder

  30-Oct-2016
Preview Image

စိတ်ရောဂါတွေထဲမှာ အဖြစ်များတဲ့ စိတ်တက်စိတ်ကျ ရောဂါအကြောင်း ဒီနေ့မှာ တင်ပြပေး လိုက်ပါတယ်။ အလွန်အမင်း စိတ်ဓာတ်တက်ကြွခြင်း၊ စိတ်ဓာတ်ကျခြင်းရောဂါကို ဆေးပညာအရ “Bipolar Disorder” လို့ခေါ်ပါတယ်။ ပုံမှန်မဟုတ်ဘဲ စိတ်အပြောင်းအလဲတွေဟာ တစ်ပတ်အတွင်းမှာ ကို အကြိမ်ပေါင်းများစွာ ဖြစ်နိုင်ပါတယ်။

ရောဂါလက္ခဏာများ

(က)စိတ်ဓာတ်တက်ကြွခြင်း

အချိန်အတိုင်းအတာတစ်ခု (အနည်းဆုံး ၄ ရက် သို့မဟုတ် တစ်ပတ်) အတွင်း စိတ်ဓာတ်တက် ကြွမှုလွန်ကဲပြီး မိမိကိုယ်ကို အထင်ကြီးလွန်းခြင်း၊ အိပ်ချိန်နည်းသွားခြင်း၊ စိတ်တိုလွယ်ခြင်း၊ ပုံမှန်မဟုတ်သော မိမိကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်သည့် အပြုအမူများကို မစဉ်းစားမဆင်ခြင်နိုင်ဘဲ ပြုလုပ်မိခြင်းတို့ ဖြစ်ပါသည်။

(ခ) စိတ်ဓာတ်ကျခြင်း

နေ့စဉ်ရက်ဆက် နှစ်ပတ်ကျော်သည့်တိုင် စိတ်ဓာတ်ကျခြင်း၊ မျော်လင့်ချက်ကင်းမဲ့ခြင်း၊ အကြောင်းမဲ့ဝမး်နည်းနေခြင်း၊ အရာအားလုံးအပေါ်တွင် စိတ်ဝင်စားမှုမရှိခြင်း၊ ပျော်ရွှင်မှု မရှိခြင်း၊ ညအိပ်မပျော်ခြင်း၊ အမြဲလိုလို အားအင်ကုန်ခမ်းနေခြင်း အာရုံစိုက်နိုင်စွမ်းမရှိခြင်း၊ မကြာခဏ မိမိကိုယ်ကို သေကြောင်းကြံစည်ရန် ကြိုးစားခြင်းတို့ဖြစ်ပါတယ်။ ဒီရောဂါလက္ခဏာ ခံစားနေရပြီဆိုရင် နီးစပ်ရာဆရာဝန်ဆီမှာ အကြံဉာဏ်များတောင်းခံ၍ ကုမှုခံယူရမှာဖြစ်ပါတယ်။

ကုသနည်းများ

(၁) Medications ဆေးပေးကုသခြင်း

၁။ Mood stabilizers eg.Valporic acid, lithium

၂။ Anti-psychotics eg. Nisperidone, olanzapine

၃။ Anti-depressantics

၄။ Antidepressant-antipsychotic eg. Symbyax

၅။ Anti-anxiety medications eg. Benzodiazepine စတဲ့ စိတ်ငြိမ်ဆေးများကို ဆရာဝန်၏ ညွှန်ကြားချက်နှင့် သောက်၍ ပုံမှန်ကုသမှုခံယူသင့်ပါတယ်။

(၂) Psychotherapy (စိတ်ကုထုံးဖြင့်ကုသခြင်း၊ ဆွေးနွေးခြင်းဖြင့် ကုသခြင်း)က။ Cognitive behavioral therapyမိသားစုလိုက်၊ အဖွဲ့လိုက်စုဝေး၍ လူနာ၏အဆိုးမြင်နေသော၊ မကောင်းသောအတွေးအခေါ် အယူအဆများကို နားထောင်၍ ကောင်းသောအတွေးအခေါ်များနှင့် အစားထိုးပေးခြင်း။

ခ။ Psychoeducationလူနာနှင့်လူနာရှင်များကို ရောဂါနှင့်ပတ်သက်၍ သတိထားရမည့်အရာများ၊နောက်ဆက်တွဲဖြစ်လာနိုင်သည်များကို ရှက်းလင်းပြောကြားပညာပေးခြင်း။

ဂ။ Interpersonal & Social rhythm therapy လူနာအတွက် အသင့်တော်ဆုံး နေ့စဉ်နေထိုင် (IPSRT)စားသောက်မှုပုံစံကို

လေ့ကျင့်ပေးခြင်း။

(၃) ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အကျင့်များ

-ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး သုံးစွုမှုမှ ရှောင်ကြဉ်ခြင်း။

- နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်း။

- အိပ်ချိန်ပုံမှန်အိပ်ခြင်း တို့ကိုလည်း လိုက်နာဆောင်ရွက်ခြင်းဖြင့် စိတ်တက်-စိတ်ကျရောဂါကို သက် သာစေမှာဖြစ်ပါတယ်။

 

ဒေါက်တာ မြတ်နိုးဦး

Source: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18