Print

သူငယ်ပြန်တာမဟုတ်တဲ့ အယ်လ်ဇိုင်းမားရဲ့ လက္ခဏာတွေ

  30-Oct-2016
Preview Image

အယ်လ်ဇိုင်းမားကိုစောစောကုသပေးတာကနောက်ဆက်တွဲဆိုးကျိုးတွေ နည်းစေပါတယ်။ အသက်အရွယ် ကြီးရင့်လာလို့ သတိမေ့လျော့မှုတွေ ဖြစ်လာတဲ့dementia ခေါ်တဲ့ ဝေဒနာရဲ့ ပုံစံကွဲတွေ အများကြီးထဲမှာ လူတချို့ ယဉ်ပါးနေပြီ ဖြစ်တဲ့ အယ်လ်ဇိုင်းမားရောဂါလည်း ပါဝင်ပါတယ်။ အသက်အရွယ်အိုမင်းလို့ မေ့လျော့တတ်တာက သဘာဝတခုပါ။ သူငယ်ပြန်တယ်၊ငယ်မူပြန်တယ် ခေါ်ကြတာ မျိုးတွေလည်းရှိပါတယ်။ ဒါပေမယ့် အယ်လ်ဇိုင်းမားလို့ ခေါ်ရတဲ့ အဆင့်အထိ မေ့လျော့သွားရင်တော့ရောဂါဖြစ်နေတာလို့ သတ်မှတ်ရပါတော့ တယ်။လက်ရှိ အကြမ်းဖျဉ်း ကောက်ချက်တွေ အရအသက် ၆၅ နှစ်နဲ့ အထက် လူ ၈ ယောက်မှာ ၁ ယောက်ကအယ်လ်ဇိုင်းမားဖြစ်နိုင်ခြေရှိနေတာတွေ ့ရပါသတဲ့။ မိသားစုတွေ၊ မိတ်ဆွေတွေ အဖို ့ ဝေဒနာရှင် ခံစားနေရတာကိုတခြားအနာအဖျားလို မြင်သာတာမဟုတ်လို့ ပြဿနာ ဖြစ်ရတာပါ။ ဒါပေမယ့် မိသားစုဝင်ထဲမှာတယောက်ယောက် ဒါမျိုး ဖြစ်နိုင်တာကိုသတိပြုရမယ့် လက္ခဏာတွေတော့ ရှိပါတယ်။

မှတ်ဉာဏ် နဲ့ စကား

အယ်လ်ဇိုင်းမားရဲ့ အစဦးပိုင်းမှာဟိုအချိန်ကာလဝေးဝေးတုန်းကအကြောင်းတွေ မမေ့သေးပေမယ့် အချိန်တိုအတွင်းကိစ္စတွေကိုမေ့လျော့လာတာမျိုး ပါ။ စကားပြောနေရင်းပြောတာကိုမေ့ပြီးစကားရပ်သွားတာ၊ စကားတွေကိုမှတ်မိဖို့ အရမ်းအားစိုက်ရတာတွေ ဖြစ်လာပါတယ်။

အပြုအမူ

အယ်လ်ဇိုင်းမားက သတိမေ့လျော့မှု လောက်မကတော့ဘဲ စိတ်တွေ ရှုပ်ထွေးပြီးအမူအကျင့်တွေ ပြောင်းလာတာလည်းပူးတွဲ ဖြစ်တတ်ပါတယ်။ ကျွမ်းဝင်ပြီးသားနေရာတွေကိုပါ သတိမရ ဖြစ်လာပါတယ်။ စိတ်ခံစားမှုတွေ အပြောင်းအလဲမြန်လွန်းလာပါတယ်။ တကိုယ်ရည် သန့်ရှင်းမှု လိုမျိုးတွေပါ လုပ်ဖို့မေ့လာတတ်ပါတယ်။ သပ်သပ်ရပ်ရပ် စတိုင်ကျကျ လူမျိုးကဖရိုဖရဲတွေ ဝတ်စားဆင်ယင်တာ၊ ရေချိုး၊ခေါင်းလျှော်တွေပါ မေ့လာတာမျိုးအထိပါပဲ။

လက္ခဏာတွေကိုဥပေက္ခာမပြုပါနဲ့

ကိုယ့် မိသားစုဝင်၊ မိတ်ဆွေ တဦးဦးမှာဒီဝေဒနာနဲ့ ကြုံရနိုင်ပါတယ်။ အဲဒီအခါမျိုးမှာရင်ဆိုင်ရတာလည်းခက်ခဲပါ တယ်။ ဒါပေမယ့် အဲသလိုလက္ခဏာတွေ ပြလာချိန်မှာဆရာဝန်နဲ့ စောနိုင်သမျှ စောစောပြတာအကောင်းဆုံးပါ။ ရောဂါ သေချာပြီလားဆိုတာသိဖို့၊ စောစောကုသပေးဖို့ ပေါ့။ တခြားလက္ခဏာဆင်တဲ့ သိုင်းရွိုက်ဂလင်းလုပ်ငန်းဆောင်တာချို့ယွင်းမှုတွေ ဖြစ်နေရင်လည်းပျောက်အောင် ကုသနိုင်တာမို့ပါပဲ။ အယ်လ်ဇိုင်းမားကိုလည်းစောစောကုသပေးတာကနောက်ဆက်တွဲဆိုးကျိုးတွေ နည်းစေပါတယ်။

ရောဂါကိုဘယ်လိုသိမလဲ

အယ်လ်ဇိုင်းမားကိုသာမန်ရောဂါတွေလိုဓာတ်ခွဲခန်းတွေ၊ ဓာတ်မှန်တွေနဲ့ သိရတာမျိုး မဟုတ်တာကြောင့် ဝေဒနာရှင်ရဲ့ ပြောင်းလဲမှု အပေါ် အတူနေသူတွေရဲ့ပြောဆိုချက် ကနေစဉ်းစားကြရတာပါ။ အချိန်တိုအတွင်းကမှတ်ဉာဏ် နဲ့ စိတ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေ လုပ်ပြီးဆုံးဖြတ်ကြရတာပါ။ လေဖြတ်တာ၊ ဦးနှောက်ထဲကအလုံးအကြိတ် စတာတွေကြောင့် မဟုတ်တာကိုအရင် စစ်ဆေးဖယ်ထုတ် စဉ်းစားကြရပါတယ်။

ဦးနှောက်မှာပြောင်းလဲတာအယ်လ်ဇိုင်းမား ဖြစ်တဲ့အခါ

ဦးနှောက်ထဲမှာအာရုံကြောဆဲလ်တွေ သေတာ၊ လျော့နည်းတာ ဖြစ်ကြပါတယ်။ဝေဒနာဆိုးလာရင်တော့ ဦးနှောက်ကရှုံ့သွားပြီးအရည် (Cerebrospinal Fluid)တွေသာပိုများလာပါတော့တယ်။ အဲဒီမှာမေ့လျော့တာ၊ စကားပြောဖို ့ နားလည်ဖို ့ ချို့ယွင်းလာတာတွေ ဖြစ်လာပါတော့တယ်။ လူတိုင်းမှာပုံသဏ္ဌာန် မျိုးစုံနဲ့ ဖြစ်လေ့ ရှိပါတယ်။ တချို့ကျတော့လည်း ဖြစ်လာတာကသိပ်မြန်ပါတယ်။ မှတ်ဉာဏ် ချို့ယွင်းမှုနဲ့ အမူအကျင့် ပြောင်းလဲတာတွေ နှစ်အနည်းငယ်နဲ ့ ပေါ်လာပါတယ်။ တချို့တော့လည်းနှစ်၂၀ လောက် အထိတဖြည်းဖြည်း ဖြစ်လာပြီးမှ အယ်လ်ဇိုင်းမားဆိုတဲ့ အဆင့်ကိုရာက်တာပါ။ ဒီရောဂါ ပီပီသသ ဖြစ်ပြီဆိုရင်တော့ ၃ နှစ်ကနေ ၅ နှစ်လောက် အထိသာရှင်သန်လေ့ ရှိတယ် လို့ ဆိုပါတယ်။

နေ့စဉ်ဘဝနဲ့ အယ်လ်ဇိုင်းမား

အယ်လ်ဇိုင်းမားကအာရုံစူးစိုက်မှုကိုထိခိုက်တာမို့ ပုံမှန် လုပ်နေကျလေးတွေ (ချက်ပြုတ်တာ၊ ပိုက်ဆံရေတာမျိုးကအစ) မလုပ်နိုင် ဖြစ်လာပါတယ်။ အခြေအနေဆိုးလာရင် ရင်းနှီးပြီးသားလူနဲ့ နေရာတွေပါ မမှတ်မိ ဖြစ်လာပါတော့ တယ်။ ပစ္စည်းပစ္စယတွေ သူ့နေရာနဲ့သူ မသုံးတတ်တော့ တာတွေ ဖြစ်လာပါတယ်။ ဆံပင်တောင်ဘီးနဲ့ မဖြီးသင် နိုင်တော့တာမျိုးပါ။ ဆီးထွက်ကျတာ၊ ဟန်ချက် မထိန်းနိုင်တာ၊ စကားပြောဖို ့ ခက်လာတာတွေ တွေ ့ရပါလိမ့့်မယ်။

အရေးကြီးတဲ့ သတိမူစရာ

ကိုယ့် အသိုင်းအဝိုင်းမှာအယ်လ်ဇိုင်းမားရှိနေပြီလို့ သတ်မှတ်ရတဲ့သူတဦးဦးကို တွေ့ကြံုပြီဆိုရင် အရေးကြီးတာက ယာဉ်မောင်းတာမျိုး မလုပ်ခိုင်းဖို့ ပါ။ ထိန်းညှိဆင်ခြင်တာမလုပ်နိုင်၊ မှတ်ဉာဏ်ယိုယွင်း၊ အာရုံတွေ နောက်ကျိ ရှုတ်ထွေးနေတဲ့ သူကိုကားစတီယာရင် ကိုင်ခိုင်းလို့ မဖြစ်နိုင်ပေဘူး။ သတိထားပြီးသူ့ကိုနားချဖို့ရယ်၊ လစ်တဲ့ အချိန်မျိုးမှာသူအသိမဲ့ မောင်းနှင် မသွားဖို့ရယ် အထူးသတိထားကြရမှာပါ။အခုပြောခဲ့တာတွေကအယ်လ်ဇိုင်းမားနဲ့ ပတ်သက်လို့ အခြေခံလောက် သိရှိဖို့ နိဒါန်းပျိုးတဲ့ သဘောပါ။ ကိုယ့် အသိုင်းအဝိုင်းထဲမှာအဲဒီလိုလူနာရှိနေရင်လည်း သတိထားမိဖို့ အတွက်ပါ။

http://burma.irrawaddy.org/article/2015/05/21/75343.html

ဒေါက်တာသက်ဦး

May 21, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18