Print

ထမင်းလုံးတစ္ဆေခြောက်ခြင်း (Hypnogogic jerk)

  30-Oct-2016
Preview Image

ငယ်ငယ်တုန်းက အိပ်ယာဝင်တဲ့အချိန်ကျရင် အိပ်ပျော်ခါနီးဖြစ်နေတဲ့အချိန် အိပ်မက်လိုလိုနဲ့ တစ်ခုခုထဲ ကျသွားသလိုဖြစ်ပြီး ရင်ထဲမှာအေးခနဲဖြစ်သွား၊ ပြီးရင် ခန္တာကိုယ်မှာရှိတဲ့ ကြွက်သားတွေ ရုတ်တရက်ဆတ်ခနဲဖြစ်သွားပြီး လန့်နိုးသွားတာမျိုး ခဏခဏဖြစ်ဖူးပါတယ်။ အခုထက်ထိလည်း တခါတလေ အိပ်မောကျခါနီးဆို ဖြစ်တတ်ပါသေးတယ်။ အရင်တုန်းကတော့ ထမင်းလုံးတစ္ဆေခြောက်တာလို့ မိဘတွေကပြောတတ်

ပါတယ်။

အိပ်ခါနီး ထမင်းစားပြီး ထမင်းလုံးနင်းထားမိလို့ဖြစ်တာဆိုပြီး ပြောလို့နောက်ပိုင်း အိပ်ခါနီးတိုင်း ခြေထောက်ဆေးတဲ့ အကျင့်ရသွားရော။ ပာုတ်တာမပာုတ်တာထက် ကောင်းတဲ့အကျင့်လေးတော့ ဖြစ်သွားတာပေါ့လေ။ ကျနော့်လိုပဲသူများတွေလည်း ကြုံဖူးမယ်ထင်ပါတယ်။ အခုမှ သိပ္ပံနည်းကျ ဘယ်လိုရိုက်လဲဗျာ။ကျနော်မရိုက်တတ်လို့ ဖြေရှင်းချက်လေးတွေ ဖတ်မိလို့ ထပ်ဝေမျှပေး လိုက်ပါတယ်။

အိပ်ပျော်ခါနီးအချိန်မှာ ပြုတ်ကျသလို ခံစားရပါတယ်။ အဲဒီနောက် တကိုယ်လုံးဆတ်ခနဲဖြစ်သွားပြီး လန့်နိုးသွားပါတယ်။ အဲလိုမျိုး အဖြစ်အပျက်ကို Hypnogogic jerk လို့ခေါ်ပါတယ်။ ဖြစ်နို်င်ချေရှိတာတော့ စိတ်ဖိစီးမှုတွေ၊ကဖင်းနဲ့ ပြင်းထန်တဲ့လှုပ်ရှားမှုတွေမအိပ်ခင်လုပ်ထားရတာတွေနဲ့ သက်ဆိုင်ပါတယ်။ သူလည်း လူဦးရေရဲ့ ရ၀ရာခိုင်နှုန်းလောက်ဖြစ်တတ်တယ်လို ့ဆိုပါတယ်။ အိပ်ပျော်ခါနီးအချိန်မှာ တကိုယ်လုံးမှာရှိတဲ့ လူရဲ့ကြွက်သားတွေပာာ ဖြေလျော့သွားပါတယ်။ အနားယူသွားတယ်ပေါ့လေ။

အဲဒါကိုဦးနှောက်က နားလည်မှုလွဲသွားပါတယ်။ ဦးနှောက်က အဲလိုကြွက်သားတွေဖြေလျော့ပြီး အနားယူသွားတယ်လို့ မထင်ဘဲ တင်းတင်းရင်းရင်း ရှိမနေတော့တဲ့အတွက်ခန္ဒာကိုယ်ကြီး ပြုတ်ကျသွားတယ်လို့ ဘာသာပြန်လိုက်ပါတယ်။ အဲလိုဘာသာပြန်ရုံတင်မကဘဲ ခန္ဒာကိုယ်ကိုလည်း တုန့်ပြန်မှုတွေလုပ်ဖို့ စေခိုင်းလိုက်ပါတယ်။ အဲဒီအတွက်ခန္ဒာကိုယ်က ကြွက်သားတွေကလည်း balance ကိုထိန်းဖို့အတွက် ဦးနှောက်ပြောတဲ့အတိုင်း လိုက်လုပ်လိုက်ပါတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ပြုတ်ကျသလို ရင်ထဲမှာအေးသွားပြီး ကြွက်သားတွေ အလုပ်ပြန်လုပ်သွားတဲ့အတွက် ဆတ်ခနဲ့တုန်ပြီး လန့်နိုးသွားတတ်တာဖြစ်ပါတယ်။

သာမန်ဖြစ်တတ်ပေမယ့် မူးယစ်ဆေးတွေဖြစ်တဲ့ မော်ဖင်း၊ ပာီရိုအင်း၊ မက်သဒုန်း စတဲ့ဆေးဝါးတွေ အသုံးပြုသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒီလိုမျိုး Hypnogogoic jerk ပာာ အိပ်ပျော်ဖို့ခက်တဲ့သူတွေ၊ အိပ်ယာသက်တောင့်သက်သာမရှိတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အထူးသဖြင့် မအိပ်မနေ အလုပ်လုပ်နေရတဲ့သူတွေ(စာမေးပွဲနီးလို့ စာကျက်နေရတာမျိုး၊ အလုပ်ပြီးအောင်လုပ်နေရတာမျိုး)မှာဆိုရင် ပြန်အိပ်တဲ့အခါအိပ်ပျော်ခါနီးအချိန်မှာ ဖြစ်တတ်ပါတယ်။ အဲလိုဦးနှောက်ကို အနားမပေးဘဲ အချိန်ကြာကြာခိုင်းထားတဲ့အခါ ဦးနှောက်ကပိုပြီး အမှားအယွင်းတွေ ဘာသာပြန်လို့ပါ။ ငယ်တဲ့အချိန်မှာ ပိုဖြစ်တတ်ပြီး အသက်ကြီးလာတာနဲ့အမျှ နည်းသွားတတ်ပါတယ်။

သူ့ရဲ့အကြီးဆုံးဆိုးကျိုးကတော့ အိပ်ရေးပျက်တာဖြစ်ပါတယ်။ ကျနော်လည်း တခါတလေအရမ်းအိပ်ချင်လို့ အိပ်ပျော်ခါနီးမှာ အဲလိုမျိုး Hypnogogoic jerk ဖြစ်သွားရင်လန့်နိုးသွားပြီး ပြန်အိပ်ရခက်သွားတတ်ပါတယ်။ အမြဲတမ်းတော့မပာုတ်ပါဘူး။ ဒါပေမယ့်တချို့သူတွေမှာတော့ ခဏခဏဖြစ်တဲ့အခါ aနာကပိုင်းအိပ်ရမှာကိုကြောက်လာပြီး စိတ်ရောဂါလိုမျိုးဖြစ်သွားတတ်ပါတယ်။ ဒီလောက်ဆိုထမင်းလုံးတစ္ဆေခြောက်တာ ဘယ်လိုမျိုးဖြစ်တာလဲဆိုတာ နားလည်လောက်ပြီ ထင်ပါတယ်။ သားသမီးတွေရှိရင်တော့ ခြေထောက်ရေဆေးပါစေဦး။ပာုတ်တာ မပာုတ်တာထက် သန့်သန့်ရှင်းရှင်း ရှိတာပေါ့။

 

Ref:

Dr. Thurein Hlaing Win

Public health in Myanmar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18