Print

ကြွက်ဆီးမှ တဆင့် ကူးစက်တတ်သော Leptospirosis (လက်ပ်တိုစပိုင်ရိုးစစ်) ရေ...

  14-Jul-2026
Preview Image

ကြွက်ဆီးမှ တဆင့် ကူးစက်တတ်သော Leptospirosis (လက်ပ်တိုစပိုင်ရိုးစစ်) ရောဂါအန္တရာယ်မှ ကာကွယ်ဖို့ နည်းလမ်းများ

+++++++++++++++++++++++++++++++++++++++++++++

မိုးရေ၊ ဝပ်နေသော ရေပြင်များနှင့် ထိတွေ့မှုကို ရှောင်ပါ

• မလိုအပ်ဘဲ ရေမဖြတ်ပါနဲ့: ရေကြီးရေလျှံနေတဲ့ လမ်းတွေ၊ ညစ်ပတ်တဲ့ ရေအိုင်တွေကို ခြေဗလာနဲ့ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ပါနဲ့။

• ကာကွယ်ရေးဝတ်စုံ သုံးပါ: အလုပ်ကိစ္စကြောင့်ဖြစ်စေ၊ မလွှဲမရှောင်သာ ရေထဲဆင်းရမယ်ဆိုရင် ဒူးရှည်ရော်ဘာဖိနပ် (Rubber boots) နဲ့ လက်အိတ်များကို စနစ်တကျ ဝတ်ဆင်ပါ။

ဒဏ်ရာများကို ဂရုစိုက်ပါ။

• ဘက်တီးရီးယားတွေဟာ အရေပြားပေါ်က ရှနာ၊ ပြတ်ရှနာ သေးသေးလေးတွေကနေတစ်ဆင့် ခန္ဓာကိုယ်ထဲကို အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။

• သင့်မှာ ဒဏ်ရာရှိနေရင် ရေစိုမခံတဲ့ Waterproof Plaster (ပလာစတာ) နဲ့ သေချာပိတ်ပြီးမှ ရေနဲ့ ထိတွေ့ပါ။

သန့်ရှင်းရေးကို အလေးထားပါ

• ရေပုပ်၊ ရေဆိုးတွေနဲ့ ထိတွေ့မိပြီးတာနဲ့ ချက်ချင်းပဲ သန့်ရှင်းတဲ့ရေ၊ ဆပ်ပြာတို့နဲ့ ခြေလက်တွေကို စင်ကြယ်အောင် ဆေးကြောပါ။

• အစားအသောက်မစားခင်နဲ့ အိမ်သာတက်ပြီးတိုင်း လက်ကို စက္ကန့် ၂၀ ကြာ စနစ်တကျ ဆေးကြောပါ။

အစားအသောက်နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး

• အဖုံးအုပ်ထားပါ: အစားအသောက်တွေကို ကြွက်နဲ့ တိရစ္ဆာန်တွေ မသိနိုင်အောင် အဖုံးအုပ်ထားပါ။ ရေဘူး၊ အချိုရည်ဗူးတွေကို မသောက်ခင် နှုတ်ခမ်းဝကို သေချာဆေးကြောပါ။

• အိမ်တွင်း ကြွက်နှိမ်နင်းပါ: အိမ်ပတ်ဝန်းကျင်မှာ အမှိုက်တွေ ပုံမထားဘဲ ကြွက်ခိုအောင်းနိုင်မယ့်နေရာတွေကို ရှင်းလင်းပါ။


သတိပြုရန် လက္ခဏာများ

++++++++++++++++

ရေဆိုးနဲ့ ထိတွေ့ပြီးနောက် ရုတ်တရက် ဖျားခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ခြေသလုံးကြွက်သားများ နာကျင်ခြင်း၊ မျက်လုံးနီရဲလာခြင်း စတဲ့ လက္ခဏာများ ပြသလာပါက နီးစပ်ရာ ဆေးခန်း/ဆေးရုံသို့ အမြန်ဆုံးပြသပြီး ဆရာဝန်နှင့် တိုင်ပင်ကာ ထိရောက်တဲ့ ပဋိဇီဝဆေး (Antibiotics) ကို အချိန်မီ သောက်သုံးရပါမယ်။ မိမိဘာသာ စပ်ဆေးများ ဝယ်သောက်ခြင်းကို လုံးဝရှောင်ကြဉ်ပါ။


Dr. Hazel

Ref: CDC


#HT-Info

#SevenEightEightSeven

#7887HealthCare 



Related Articles


Advertisment 18