Print

. MALARIA (သို့) ငှက်ဖျားရောဂါ

  30-Oct-2016
Preview Image

ခြင်ကနေတစ်ဆင့် ကူးစက်တတ်ပြီး ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားရကာ အသက်သေဆုံး နိုင်ပါတယ်။

ရောဂါလက္ခဏာများ

ဖျားနာခြင်း၊ အလွန်အမင်း ချမ်းတုန်ခြင်း၊ နာတာရှည်ဖျားနာတတ်ပြီး နောက်ဆက်တွဲရောဂါတွေကို လည်း ဆိုးဆိုးရွားရွား ခံစားရနိုင်ပါတယ်။

ဖြစ်ပွားတတ်သည့် နေရာများ

တောင်အာဖရိကတိုက်၊ အမေရိကတိုက်အလယ်ပိုင်း၊ ဟေတီနိုင်ငံ၊ ဒိုမေနီကန်နိုင်ငံ၊ အာဖရိကတိုက နှင့် အာရှတိုက်နိုင်ငံ တချို့၊ ဥရောပတိုက် အရှေ့ပိုင်နဲ့တောင်ပစိဖိတ်ဒေသတစ်ဝိုက်မှာ တွေ့ရပါတယ်။

ကြိုတင်ကာကွယ်နိုင်ရန်

- မိမိသွားမယ့်နေရာဒေသ အခြေအနေကို သေသေချာချာစုံစမ်းပါ။

- ငှက်ဖျားရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်ဆေးတွေ လိုအပ်သလဲဆိုတာ တိုင်ပင်နေကျ ဆရာဝန်ထံ မေးမြန်းပါ။

- ငှက်ဖျားရောဂါဟာ ခြင်ကိုက်ခံရပြီး အဓိကဖြစ်ပွားတတ်တာကြောင့် ခြင်မကိုက်တဲ့ဆေးရည်၊ ခြင်ထောင်၊ ခြင်ဆေးခွေစတာတွေကို လိုအပ်သလိုသယ် ဆောင်သွားပါ။

Ref:

အိဖြူ (ဆေးဝါးတက္ကသိုလ်)

Arogyam Magazin No.277, Pg.169-174,August.2015

 

25.            DENGUE (သို့) သွေးလွန်တုပ်ကွေးရောဂါ

ကမ္ဘာ့လူဦးရေရဲ့ သုံးပတ်တစ်ပုံက သွေးလွန်တုပ်ကွေးရောဂါကို နှစ်စဉ်လိုလို ခံစားနေရပြီး အပူပိုင်းဒေ သနဲ့ အပူလျော့ပိုင်းဒေသတွေမှာဆို သေဆုံးမှု ပိုမိုမြင့်မားလေ့ရှိတယ်လို့သိရပါတယ်။ Aedes ခြင် (ခြင်ကျား) ကိုက်ခံရလို့ဖြစ်ပြီး ရောဂါပိုး ကူးစက်ခံတာ လျင်လျင်မြန်မြန် သိခဲ့ရမည်ဆိုရင် အခြေအနေ တအားပြင်းထန် တာမျိုး မဖြစ်ဘဲ သက်သာနိုင်ပါတယ််။

ရောဂါလက္ခဏာများ

ကိုယ်အပူချိန် မြင့်မားပြီး-၄၀ ဒီဂရီ စင်တီဂရိတ်နဲ့ အထက်ရှိခြင်း၊ အလွန်အမင်း ခေါင်းကိုက်ခြင်း၊ မျက်လုံး အနောက်ဘက်နေရာက နာကျင်ခြင်း၊ ကြွက်သားနဲ့ အဆစ်အမျက်ကိုက်ခဲခြင်း၊ မူးမောအော့အန်ခြင်း၊ ဂလင်းများ ရောင်ရမ်းခြင်း၊အရေပြားမှာ အနီကွက်များ ထွက်ခြင်း စတာတွေဖြစ်ပါတယ်။

ဖြစ်ပွားတတ်သည့် နေရာများ

အာရှနိုင်ငံတွင်၊ လက်တင်အမေရိကနိုင်ငံတွေ၊ အာဖရိကနိုင်ငံမှာ အဖြစ်များပါတယ်။

ကြိုတင်ကာကွယ်နိုင်ရန်

- ကာကွယ်ဆေးတွေကတော့ မရှိပါဘူ။ ဒါပေမဲ့ ခြင်ကိုက်မခံရအောင်တော့ ကာကွယ်နိုင်ပါတယ်။

- ခြင်ထောင်ဆောင်သွားတာ၊ ခြင်ဆေးရည်လိမ်းကျံထားတာ၊ ခြင်ဆေးခွေထါန်းတာ၊ခြင်ဆေးငွေ့မှုတ်တာ စတာတွေပြုလုပ်ပါ။

Dr.CMC

15.10.2015



Related Articles


Advertisment 18