မြေတုပ်ကွေး (Melioidosis) ဆိုတာ ဘာလဲ?
28-Apr-2026
မြေတုပ်ကွေး (Melioidosis) ဆိုတာ ဘာလဲ?
"မြေတုပ်ကွေး" ဆိုတာ တကယ်တော့ သူက ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ တုပ်ကွေးမဟုတ်ဘဲ Burkholderia pseudomallei လိုခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ ပြင်းထန်ကူးစက်ရောဂါတစ်ခုဖြစ်ပါတယ်။ ဒီပိုးကို အပူပိုင်းဒေသ (အထူးသဖြင့် အရှေ့တောင်အာရှနဲ့ သြစတြေးလျမြောက်ပိုင်း) က ညစ်ညမ်းတဲ့ မြေကြီးနဲ့ ရေထဲမှာ တွေ့ရတတ်ပါတယ်။
မြေတုပ်ကွေးက ဘယ်လိုနည်းနဲ့ ကူးစက်တတ်သလဲ
ဒီရောဂါပိုးက အဓိကအားဖြင့် နည်းလမ်း (၃) ခုနဲ့ ကူးစက်နိုင်ပါတယ် -
• အရေပြားမှတစ်ဆင့်ကူးစက်ခြင်း - ခြေထောက် ဒါမှမဟုတ် ခန္ဓာကိုယ်မှာ ရှနာ၊ ပွန်းပဲ့နာ ရှိနေချိန်မှာ ညစ်ညမ်းတဲ့ မြေကြီး ဒါမှမဟုတ် ရေနဲ့ တိုက်ရိုက်ထိတွေ့ရာကနေ ဝင်တတ်ပါတယ်။
• အသက်ရှူလမ်းကြောင်းမှတစ်ဆင့်ကူးစက်ခြင်း - မိုးသည်းထန်စွာရွာသွန်းချိန် ဒါမှမဟုတ် လေပြင်းတိုက်ချိန်မှာ ရောဂါပိုးပါတဲ့ ဖုန်မှုန့် ဒါမှမဟုတ် ရေမှုန်တွေကို ရှူမိရာကနေ ကူးစက်နိုင်ပါတယ်။
• စားသောက်ခြင်းမှတစ်ဆင့်ကူးစက်ခြင်း - ပိုးရှိနေတဲ့ မသန့်ရှင်းတဲ့ရေကို သောက်မိရာကနေ ကူးစက်နိုင်ပါတယ်။
• လူအချင်းချင်း ကူးစက်နိုင်ချေကတော့ အလွန်ကို ခဲယဉ်းပါတယ်။
ဘယ်သူတွေ ပိုသတိထားရမလဲ (High Risk Groups)
လူတိုင်းဖြစ်နိုင်ပေမဲ့ အောက်ပါအုပ်စုတွေမှာ ပိုဖြစ်နိုင်ချေများပါတယ်။
• ဆီးချိုရောဂါရှိသူများ
• နာတာရှည် ကျောက်ကပ်ရောဂါရှိသူများ
• အရက်အလွန်အကျွံသောက်သူများ။
• လယ်သမားများ၊ သတ္တုတွင်းအလုပ်သမားများနဲ့ မြေကြီး၊ ရေတိုနဲ့ အမြဲထိတွေ့နေရတဲ့ ဆောက်လုပ်ရေးအလုပ်သမားများ
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

