Print

လေးဖက်နာအဖျားဆိုတာဘာလဲ

  23-Feb-2020
Preview Image

          လေးဖက်နာအဖျားဆိုတာ Streptococcus ဘက်တီးရီးယား ပိုးကူးစက်ခံရခြင်းကြောင့် လည်ချောင်းနာခြင်း (အာသီးရောင်ခြင်း) ကို ပြည့်ဝစွာ မကုသခြင်းရဲ့ ဆိုးကျိုးအဖြစ် ရရှိလာတဲ့ ရောင်ရမ်းခြင်းရောဂါဖြစ်ပါတယ်။

          ၅ နှစ်မှ ၁၅ နှစ်အရွယ်တွေမှာ အတွေ့ရအများဆုံးဖြစ်ပြီး ငယ်ရွယ်တဲ့ကလေးတွေနဲ့ အရွယ်ရောက်သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ စထရပ်တိုကောကပ် ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ လည်ချောင်းနာတာဟာ အတွေ့ရများပေမယ့် အမေရိကန်နဲ့ တခြားဖွဲ့ဖြိုးပြီးနိုင်ငံတွေမှာ ဖြစ်တာရှားပါတယ်။ သို့သော်လည်း လေးဖက်နာအဖျား (Rheumatic Fever) ဟာ ဖွဲ့ဖြိုးဆဲနိုင်ငံတွေမှာ အတွေ့ရများပါတယ်။ လေးဖက်နာကြောင့် နှလုံးအဆို့ရှင်တွေ ရောင်ရမ်းပျက်စီးတာနဲ့ နှလုံးစွမ်းရည်ကျဆင်းတာတွေ ဖြစ်နိုင်ပါတယ်။ လေးဖက်နာကို ပျောက်ကင်းအောင်ကုသတာဟာ ရောင်ရမ်းတာကြောင့် ပျက်စီးတာကို လျော့ကျစေသလို နာကျင်မှုကိုလည်း လျော့နည်းစေပါတယ်။ တခြားသော ရောဂါလက္ခဏာတွေနဲ့ လေးဖက်နာပြန်ဖြစ်တာကိုလည်း ကာကွယ်နိုင်ပါတယ်။

ရောဂါလက္ခဏာများ

          လေးဖက်နာရောဂါလက္ခဏာတွေက အမျိုးမျိုးရှိပါတယ်။ ရောဂါလက္ခဏာအနည်းငယ်မှ များစွာထိ ရှိနိုင်ပါတယ်။ ရောဂါလက္ခဏာတွေဟာ ရောဂါဖြစ်စဉ်တစ်လျှောက် ပြောင်းလဲနိုင်ပါတယ်။ ရောဂါစတင်ချိန်ဟာ ပုံမှန်အားဖြင့် ရောဂါပိုးစတင်ဝင်ရောက်ချိန်မှ နှစ်ပတ်မှ လေးပတ်တွင် စတင်ပါတယ်။

          နှလုံး၊ အဆစ်၊ အရေပြား ဒါမှမဟုတ် ဗဟိုအာရုံကြောစနစ်ရောင်ရမ်းတာကြောင့် ရရှိလာတဲ့ လေးဖက်နာရဲ့ ရောဂါလက္ခဏာတွေကတော့ -

-       ဖျားတာ၊

-       အဆစ်များ နာကျဉ်ခြင်း - ဒူး၊ ခြေကျင်းဝတ်အဆစ်၊ တံတောင်ဆစ်၊ လက်ကောက်ဝတ်အဆစ်စတဲ့ ကြီးမားတဲ့အဆစ်တွေမှာ အဖြစ်များပါတယ်။

-       အဆစ်တစ်ခုမှ အခြားအဆစ်တစ်ခုကို နာကျဉ်မှုက ကူးပြောင်းသွားတတ်ပါတယ်။

-       အဆစ်တွေ နီတာ၊ ပူတာ ဒါမှမဟုတ် ဖောင်းလာတာ

-       အရေပြားအောက်တွင် နာကျဉ်မှုမရှိသော အဖုငယ်များဖြစ်ပေါ်လာတာ၊

-       ရင်ဘတ်အောင့်တာ၊

-       နှလုံးခုန်သံ ပုံမှန်မဟုတ်တာ၊

-       မောပန်းနွမ်းနယ်တာ၊

-       ပြားတဲ့ ဒါမှမဟုတ် အနည်းငယ်ကြွနေတဲ့၊ နာကျဉ်မှုမရှိတဲ့ အကွက်တွေဖြစ်ပေါ်တာ (Erythema Marginatum)

-       ဆတ်ခနဲဖြစ်သော ဒါမှမဟုတ် ထိန်းချုပ်မဲ့ဖြစ်တဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုများ (Sydenham chorea, or St. Vitus’ Dance) - လက်၊ ခြေထောက်နဲ့ မျက်နှာတွေမှာ အဖြစ်များပါတယ်။

-       တွေ့နေကျမဟုတ်တဲ့ အပြုအမူတွေ (ငိုတာ သို့မဟုတ် အကြောင်းမဲ့ရယ်တာ)

ဘယ်အချိန် ဆရာဝန်နဲ့ ပြမလဲ

          သင့်ရဲ့ကလေးဟာ စထရပ်တိုကောကပ်ဘက်တီးရီးယားပိုးကြောင့်လည်ချောင်းနာပြီး ဖြစ်လာတဲ့ ရောဂါလက္ခဏာများရှိပါက ဆရာဝန်နဲ့ ပြရပါမယ်။ သင့်တော်တဲ့ ဆေးဝါးကုသမှုများကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်ပါတယ်။

Credit : ဒေါက်တာ ချစ်ရဲဇော်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18