ကိုယ်ဝန်နဲ့ဘီပိုး
23-Nov-2017
ကိုယ်ဝန်ရှိရင် ဘီပိုးရှိ၊ မရှိစစ်ရပါမယ်။ ခင်ပွန်းမှာ ဘီပိုးရှိရင် ကိုယ်က ဆေးရုံ၊ ဆေးခန်း ဓာတ်ခွဲခန်း၊ ကျန်းမာရေးဌာနမှာ အလုပ်လုပ်ရင် ဘီပိုး ရှိ၊ မရှိစစ်ဖို့ သူများတွေထက် လိုတယ်။ ကိုယ်ဝန်ဆောင်နေတုန်းမှာ ဘီပိုး ရှိနေတယ်ဆိုရင် ကလေးမွေးဖွားနေတုန်း ကလေးဆီကို ကူးစေနိုင်တယ်။ ကိုယ်ဝန်နုကာစ မိခင်လောင်းမှာ ဘီပိုးရှိတာဆိုရင် ကလေးကို ကူးလာနိုင်ချေ ၁၀ ရာခိုင်နှုန်းထက် နည်းတယ်။ ကိုယ်ဝန်ရင့်ပြီဆိုရင် ၉၀ ရာခိုင်နှုန်း အထိရှိနိုင်တယ်။ ကလေးကို ကူးပြီဆိုရင်တော့ ဆိုးတယ်။ ရောဂါလက္ခဏာတွေ မခံစားရသေးပေမယ့် ပိုးရှိနေပြီဖြစ်တဲ့ ကလေး ၉၀ ရာခိုင်နှုန်းဟာ ရောဂါပိုးသယ်ပို့ပေးနေသူဖြစ်နေမယ်။ ကလေးကြီးလာရင်လည်း ၂၅ ရာခိုင်နှုန်းဟာ အသည်းခြောက်တာ၊ အသည်းကင်ဆာနဲ့ သေဆုံးနိုင်တယ်။
ဗိုက်ခွဲမွေးဖွားရင် ကလေးကို ကူးစေနိုင်တဲ့ အခွင့်အလမ်းနည်းနေမယ်လို့ ယူဆကြသလို အခုနောက်ပိုင်းမှာ ဘယ်လိုနည်းနဲ့မွေးမွေး မထူးဘူးလို့လည်း ယူဆကြတယ်။ မွေးမွေးချင်း ကလေးကို …
၁။ Hepatitis B vaccine ကာကွယ်ဆေး ပထမအကြိမ် ထိုးပေးမယ်။
၂။ တစ်ခါတည်း Hepatitis B Immune Globulin (HBIG) ဆေးလည်းထိုးပေးမယ်။
အဲလိုဆေးနှစ်မျိုးကို မွေးပြီး ၁၂ နာရီအတွင်းထိုးပေးနိုင်ရင် ကလေးကို ပိုးမကူးဖို့ ၉၀ ရာခိုင်နှုန်းစိတ်ချနိုင်တယ်။ နောက်တစ်လတိတိမှာ ဒုတိယအကြိမ်နဲ့ ခြောက်လအပြည့်မှာ တတိယအကြိမ် ကာကွယ်ဆေး ဆက်ထိုးဖို့လိုတယ်။ မွေးမွေးချင်းကလေးကို ကာကွယ်ဆေးနှစ်မျိုးလုံး တိတိကျကျ ထိုးပေးထားရင် နို့တိုက်လို့လည်း ကလေးကို ကူးမှာကို ထူးပြီး စိုးရိမ်စရာမလိုပါ
Credit: ဒေါက်တာတင့်ဆွေ
Dr. Si Thu
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

