Print

ကလေးဝမ်းပျက်ဝမ်းလျှောရောဂါ

  05-Sep-2017
Preview Image


ဝမ်းပျက်ဝမ်းလျှောရောဂါ ဆိုသည်မှာ ဝမ်းအရည်များ မကြာခဏသွားခြင်းကိုခေါ်ဆိုပါတယ်။ အူမှာရောဂါတစ်စုံတစ်ရာဖြစ်ပွားခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ ကလေးငယ်များ အစားအစာများ စတင်ကျွေးမွေးတဲ့ အရွယ်မှစပြီး ဝမ်းမာမာ နှင့် မှန်မှန်သွားတတ်လာပြီဖြစ်ပါတယ်။ ဒါပေမယ့် သစ်သီးနဲ့၊ ဟင်းသီးဟင်းရွက်တွေများများ ကျွေးမိရင် ဝမ်းပျော့ပျော့ မကြာခဏ သွားတတ်ပါတယ်။ တစ်ခါတစ်ရံ မသန့်ရှင်းတဲ့ အစားအစာကြောင့် လည်းကောင်း၊ မတည့်တဲ့ အစားအစာတို့ကြောင့်လည်းကောင်း အစာအဆိပ်သင့်ခြင်းကြောင့် လည်းကောင်း၊ ဝမ်းသွားခြင်းများရှိတတ်ပါသည်။ အူအတွင်း ရောဂါပိုးဝင်ရောက်ခြင်းများရှိတတ် ပါသည်။ အူအတွင်းရောဂါပိုးဝင်ရောက်ခြင်းမရှိဘဲ တုပ်ကွေးရောဂါတွင်လည်း တစ်ခါတစ်ရံဖျားခြင်း၊ ဝမ်းလျှောခြင်းတစ်လှည့်စီ ဖြစ်ပွားနေခြင်းကို ကလေးကြီးများတွင်တွေ့ရတတ်ပါတယ်။


စိုးရိမ်ရပါသလား?

          အရည်ခန်းခြောက်ခြင်းဖြစ်လာနိုင်၍ စိုးရိမ်ရပါတယ်။


သင့်ပထမဆုံးဘာလုပ်သင့်သလဲ?

၁။ အသက်တစ်နှစ်အောက် ကလေးငယ်လေးဟာ ခြောက်နာရီကျော်ကြာအောင် ဝမ်းခဏခဏ သွားနေမယ်ဆိုရင် ဆရာဝန်ထံ ချက်ချင်းပြသဖို့လိုပါတယ်။ 

၂။ ဓာတ်ဆားရည်ခပ်များများတိုက်ပေးဖို့လိုပါတယ်။

၃။ ကလေးကိုယ်အပူချိန်ကိုတိုင်းကြည့်ပါ။ လိုအပ်ရင် ရေဖတ်တိုက်ပေးပါ။

၄။ ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အစားအစာများသန့်ရှင်းရေးကို ဂရုစိုက်ပါ။ မိသားစုများ အားလုံးကို ရောဂါကူးစက်သွားစေနိုင်ပါတယ်။ 


ဆရာဝန်ထံပြသရန်လိုအပ်ပါသလား?

          ကလေးကိုယ်အပူချိန်တက်ပြီး အန်ခြင်း၊ ဝမ်းသွားခြင်းရှိလျှင်လည်းကောင်း၊ ဝမ်းတွင်သွေးနှင့် အကျိအချွဲများပါနေလျှင်လည်းကောင်း ဆရာဝန်ထံချက်ချင်းသွားပြဖို့လိုပါတယ်။


ဆရာဝန်ကဘာတွေလုပ်ပေးမှာလဲ?

• ဓာတ်ဆားရည်ကို ခန္ဓာကိုယ်အလေးချိန် တစ်ကီလိုလျှင် ၂၀၀ စီစီနှုန်းအနည်းဆုံး တိုက်ကျွေးပေးရန်နှင့် ဆန်ပြုတ်၊ စွပ်ပြုတ်၊ သစ်သီးဖျော်ရည်တို့လို အစာကြေလွယ်တဲ့ အရည်များများတိုက်ပေးရန် ညွှန်ကြားပါလိမ့်မယ်။ ကလေးကိုအိပ်ရာထဲမှာထားပြီး ပြုစုပေးဖို့ လိုအပ်ပါတယ်။

• မိခင်နို့တိုက်ကျွေးနေတဲ့ ရင်သွေးငယ်များအတွက်တော့ ယခင်အတိုင်း မိခင်နို့ဆက်လက်တိုက်ကျွေးဖို့ ညွှန်ကြားပါလိမ့်မယ်။


သင်ဘာလုပ်ပေးနိုင်မလဲ?

• သန့်ရှင်းရေး ဂရုစိုက်လုပ်ဆောင်ပါ။

• ဝမ်းနူးစေသော အစားအစာများကို မကျွေးပါနှင့်။


Credit:

ဒေါက်တာမာမာဆွေ (ရင်သွေးငယ်အတွက် အိမ်တွင်းသမားတော်)


Dr. Pearl(7887 Healthcare Call Center)



Related Articles


Advertisment 18