စကားထစ်ထစ်သွားသည့်ကလေး
28-Feb-2017
ရုတ်တရက်ကြောက်မသွားပါနှင့်။ ကလေးက စကားပြော အဆင်ချောနေရာကနေ ရက်သတ္တပတ် တော်တော်ကြာသည်အထိ ထစ်သွားလိုက်၊ ပြန်ကောင်းလိုက်ဖြစ်တတ်ပါသည်။ အသက်နှစ်နှစ်မှ လေးနှစ်အတွင်းဖြစ်တာ များပြီး မျိုးရိုးလည်းရှိတတ်ပါသည်။ စကားပြောဖို့ လောကြီးပြီး ဖြစ်ရတာပါ။ သတင်းကောင်းကတော့ ဘာမှမလုပ်ဘဲ ထားလျှင်လည်း ၇၅ ရာခိုင်နှုန်းလောက် သူ့ဟာသူ ပြန်ကောင်းသွားတတ်ပါသည်။
၁။ ခြောက်လခန့် ဆက်တိုက် စကားထစ်နေပြီး ပြန်ကောင်းမလာလျှင်၊
၂။ အသက်သုံးနှစ်ကျော်မှစ၍ စကားတစ်လျှင်၊
၃။ စကားထစ်တာ ပြန်မကောင်း၍ ကုသမှုခံရသူတစ်ဦး မိသားစုထဲမှာ ရှိနေလျှင် စကားပြော ပြဿနာများဆိုင်ရာ ကျွမ်းကျင်သူ တစ်ယောက်ယောက်နှင့် ဆွေးနွေးရပါမည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဒေါက်တာရဲ (ဒေါက်တာရဲ)
ကလေးအထူးကုဆရာဝန်ကြီး)
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစုစောင့်ရှောက်နည်းများ စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

