Print

မွေးကင်းစမှ ခြောက်လအရွယ် ကလေးများ နို႔အန်ခြင်း

  24-Feb-2017
Preview Image

မွေးကင်းစမှသည် ခြောက်လ အရွယ်အထိ ကလေးများ နို့စို့ပြီးလျှင် ရံဖန်ရံခါ နို့ပြန် အန်တတ်သည်။ ဆေးပညာက posetting ဟု ခေါ်သည်။ မြန်မာ အခေါ်အဝေါ် လည်း နို့သက်သည်ဟု ရှိသည်။ ဗိုက်နှင့် မဆံအောင် နို့ကိုစို့၍ ပိုသော နို့ကို ပြန်ထုတ်ခြင်း သက်သက်သာ။ ကလေးက လန်းဆန်းနေပြီး ပုံမှန် အလေးချိန် တက်နေလျှင် စိုးရိမ် စရာမဟုတ်။ တစ်ခါတစ်ရံ နှာခေါင်းထဲမှာပင် ထွက်တတ်သည်။ နှာခေါင်းထဲမှ ထွက်ခြင်း သည်လည်း စိုးရိမ်စရာ လက္ခဏာမဟုတ်။ နို့ဖတ် အတုံးတုံးလေးများလည်း ပါတတ်သည်။ 

 

ဒါကလည်း နို့နှင့် အစာအိမ်ထဲမှ အက်စစ်ဓာတ် တွေ့ထိ၍ ဖြစ်ပေါ်လာခြင်း ဖြစ်ရာ သဘာဝသာ ဖြစ်သည်။ စိုးရိမ်စရာ မဟုတ်။

 

၁။ ကလေးက အလေးချိန် ကျဆင်းလာလျှင် (သို့) တက်သင့်သလောက် မတက်လျှင်။

 

၂။ အန်သည့်ထဲတွင် သွေး (သို့) စိမ်းစိမ်းစိိုစို သည်းခြေရည်တို့ ပါဝင်လာလျှင်။

 

၃။ ဖျားနေလျှင်

 

၄။ ဝမ်းလျှောနေလျှင်

 

၅။ ချောင်းဆိုး လွန်းနေလျှင်

 

၆။ အရေပြား ခြောက်ကပ်၍ မျက်တွင်းများ ခွက်လာလျှင်

 

၇။ သတိလစ်လျှင် (သို့) တက်လျှင် အစရှိသည့် လက္ခဏာများနှင့် တွဲဖက်လာလျှင်တော့ ဆရာဝန်ပြ၍ စစ်ဆေးခံရန် လိုအပ်ပေသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခရဲမြင့်ကျော် (ဒေါက်တာရဲ)
ကလေးအထူးကုဆရာဝန်ကြီး 
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစုစောင့်ရှောက်နည်းများ စာအုပ်မှကောက်နှုတ်ထားပါသည်။

 



Related Articles


Advertisment 18