ကလေးငယ်များကို နွားနို့တိုက်မည်ဆိုလျှင်
24-Feb-2017
နွားနို့ဟာ အခြားသော ကျန်းမာရေး ပြဿနာကိုပါ သယ်လာတာကြောင့် ကလေးတွေ ကို တိုက်ဖို့သင့်၊ မသင့် ဆိုတာကို စဉ်းစားလာကြပါတယ်။
၁။ ဓာတ် မတည့်မှု ဖြစ်စေခြင်း
နွားနို့မှာ ပရိုတင်း၊ နို့သကြား၊ သတ္တုဓာတ်၊ အဆီဓာတ်နဲ့ တခြား ပစ္စည်းတွေကိုလည်း ပါဝင်ပါတယ်။ နွားနို့မှာ ပါဝင်တဲ့ အဲဒီအစိတ်အပိုင်းတွေ ဝင်ရောက်လာတဲ့အချိန်မှာ ခန္ဓာကိုယ်ကနေ Immunoglobulin E လို့ခေါ်တဲ့ ပစ္စည်းတွေ ထွက်လာကာ ဓာတ်ပြု မှုတွေ ဖြစ်ပွားတတ်ပါတယ်။ အဲဒါတွေကိုနို့နှင့် ဓာတ်မတည့်ခြင်းလို့ သတ်မှတ်ကြပါတယ်။
၂။ နို့သကြားကို မချေဖျက်နိုင်သည့် ပြဿနာများ
အသက် ၅ နှစ်အောက် ကလေးငယ်တွေ၊ အထူးသဖြင့် ကြာရှည် ဝမ်းလျှောတာ၊ ဖျားနာတာတွေကို ခံစားလိုက်ရတဲ့အချိန်မှာ Lactase Enzyme ဟာ ချို့တဲ့သွားပြီး နောက် ဆက်တွဲ အနေနဲ့ နို့သကြားကို မချေဖျက်နိုင်တဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေတတ်ပါတယ်။
၃။ သွေးအားနည်းစေခြင်း
နွားနို့ဟာ ကလေးတွေကို အကြောင်း အမျိုးမျိုးကြောင့်ပဲ သွေးအားနည်း ရောဂါကို ခံစားရစေပါတယ်။ နွားနို့မှာ ပါဝင်တဲ့ အချို့ ပရိုတင်းတွေဟာ အစာခြေ အင်္ဂါ အဖွဲ့အစည်းရဲ့ Lining တွေကို ပျက်စီးစေပြီး သွေးယိုစိမ့်မှုတွေကို ဖြစ်စေတတ်ပါတယ်။
၄။ ဆီးချိုရောဂါ
နို့ထွက် အစားအသောက်တွေထဲမှာ ပါဝင်တဲ့ အချို့ပရိုတင်းတွေဟာ ခန္ဓာကိုယ်ရဲ့ အလိုအလျောက် တုံပြန်နိုင်စွမ်းအားကို ပိုကောင်းလာစေပြီး တချို့အင်္ဂါတွေကို ပျက်စီးစေ ပါတယ်။ အဲဒီလို သက်ရောက်မှုတွေဟာ ပန်ကရိယမှာရှိတဲ့ အင်ဆူလင် ထုတ်ပေးတဲ့ ဆဲလ်တွေကို ဖျက်စီးပေးပြီး အင်ဆူလင်တွေကို လျော့နည်းသွားစေကာ ကလေးဘဝမှာ ဆီးချိုရောဂါကို အစပျိုးစေပါတယ်။
၅။ အဆီများလာခြင်း
နွားနို့မှာ Essential Fatty Acid တွေကတော့ ခပ်နည်းနည်းလောက်သာ ပါဝင်ပါတယ်။ တခြား အစားအသောက်တွေမှာ ပါဝင်တဲ့ ပြည့်ဝဆီတွေလိုပဲနွားနို့မှာ ပါဝင်တဲ့ ပြည့်ဝဆီတွေဟာ နှလုံးရောဂါ၊ သွေးကြောနဲ့ ပတ်သက်တဲ့ ရောဂါ၊ အဝလွန်တာတွေကို ဖြစ်စေတတ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
နှင်းနုလွင် (ဆေးဝါး)
Arogyam magazine, December 2015, No.281, Pg. 155-158
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

