ကလေးများကို အသင့်စားသုံးသော အစားအစာများနှင့် သရေစာ ကျွေးခြင်းကို ရှောင...
24-Feb-2017
မိဘများ အနေနှင့် ကလေးကို အစာစားရန်အတွက် မြန်မာ့ရေမြေနှင့် ကိုက်ညီသော အစာအာဟာရများကို ချက်ပြုတ်ကျွေးသင့်ပါတယ်။ ခြောက်လ မှာ ဖြည့်စွက်စာကျွေးရာမှာ မြန်မာ့ရေမြေနှင့် ကိုက်ညီတဲ့အစာကို ကျွေးမွေးရပြီး၊ တစ်နှစ်အရွယ်မှာ မြန်မာထမင်းဟင်းကို ပြောင်းလဲကျွေးမွေးရာတွင် အခက်အခဲ မရှိနိုင်ပါ။
တစ်နှစ် အရွယ်၊ နှစ်နှစ် အရွယ် ကလေးဟာ ဒီအရွယ်မှာ ဘာကို မဆို ငြင်းချက်ပြုလုပ်တတ်သဖြင့် အစာပြောင်းလဲကျွေးရာတွင် အခက်အခဲ ရှိနိုင်ပါသည်။ ကလေးကို အစာကျွေးရာမှာ အချိန်ယူရပါတယ်။ တဖြည်းဖြည်းနဲ့ ကျင့်ယူရပါတယ်။
စိတ်မရှည်ဘဲ ကျွေးမွေးတဲ့အတွက် ကလေးရဲ့ မိခင်မှာ ထမင်းစားပွဲ မဖြစ်လာဘဲ ထမင်းစစ်ပွဲ ဖြစ်လာတတ်ပါတယ်။ ကလေး အစားအစာ သေချာ မစားတဲ့အတွက် အသင့်စားသုံးရန် ပြင်ဆင်ထားတဲ့ အစားအစာများကို ကျွေးမွေးလာတဲ့အခါမှာ ကလေးက ပထမမှာ စားကြသော်လည်း နောက်ပိုင်းမှာ ငြီးငွေ ့ပြီး အစာစားသုံးခြင်းကို ငြင်းဆန် လာကြပါတယ်။
သရေစာတွေ ကလေးကို အလိုလိုက် ကျွေးခဲ့ရင် ထမင်းစားရမယ့်အချိန်မှာ ဗိုက်တင်းပြီး အစာ မစားချင်ကြတော့ပါ။ ဒါကြောင့် သရေစာများ အလွယ်တကူ ကျွေးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ကလေးကို အလိုလိုက် အကြိုက်ဆောင်ပြီး သရေစာ ကျွေးမွေးလာရင် ထမင်းဟင်း ပြောင်းလဲကျွေးမွေးရန် အခက်အခဲ ရှိလာပါတယ်။ ဒါကြောင့် ကလေးတစ်ယောက် အာဟာရ ချို့တဲ့မှု ကင်းရန် ဆောင်ရွက်ရမည့် လုပ်ငန်းတွေ ရှိသော်လည်း မိဘများ အနေဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိရင်တော့ ကလေး အာဟာရချို့တဲ့မှုနှင့် ကလေးရောဂါများ ဆက်နွယ်မှု ပြတ်တောက်ခြင်း မရှိဘဲ ကလေး ကြီးထွားဖွံ့ဖြိုးမှု ထိခိုက်နိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဒေါက်တာဦးအေးသောင်း
(ကလေးအထူးကုသမားတော်ကြီး)
Health for all magazine, February 2016, No.109, Pg.16
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

