သတင်းမေး ဧည့်သည်များ ကလေးအနား ပေးမသွားပါနှင့်
24-Feb-2017
ကလေးကို ချစ်လျှင် မနမ်းပါနှင့်။ ဘယ်သူမှ မနမ်းပါစေနှင့်ဟု ပြောတော့မည်။ တကယ်တော့ နမ်းမှမဟုတ်။ နုနယ်လွန်းပြီး ရောဂါ ခံနိုင်ရည်အား ဘာမှမရှိသေးသောမွေးကင်းစ ကလေးငယ်သည် သူ့အနီး အခန်းတွင်းတွင် လူကြီးနှစ်ဦး၊ သုံးဦးထက် ပို၍ ရှိနေလျှင်ပင် ထိုလူကြီးများ ရှူသည့်လေမှ တစ်ဆင့် ထိုလူကြီးများ၏ နှာခေါင်းထဲတွင် ရှိနေတတ်သော စတက်ဖလိုကော့ကပ်စ်ခေါ် ပိုးတစ်မျိုး ဝင်ရောက်ပြီး အရေပြား၊ ပေါင်ခြံ၊ လည်ပင်း၊ ချိုင်း တို့တွင် ပြည်ဝတ်လေးများ တည်လာတတ်သည်။ အချိန်မီ မကုသပါက ထိုပိုးက သွေးအတွင်း ဝင်ရောက်၍ အသက်ကိုပင် အန္တရာယ် ပေးနိုင်သည်။
ပိုးဝင်သည်မှစ၍ ပြည်ဝတ်ထွက်သည်အထိ ပျှမ်းမျှ ၃ ရက်မှ တစ်ပတ် ကြာတတ်ပေရာ မွေးမွေးချင်းနေ့ကတည်းက မထိန်းသိမ်းလိုက်တာနှင့် ၃ ရက်မှ တစ်ပတ်အတွင်း ပြည်ဝတ်များ ထွက်လာတတ်သည်ကို လူနာစောင့်များကို နှင်ရမှာ အလွန် အားနာတတ်သော ပုဂ္ဂလိက သားဖွားခန်းတို့တွင် မကြာခဏ တွေ့ရတတ်ပေသည်။ ရှေးရှေးတုန်းကလို ကလေးကို မှန်ကာထားသော အခန်းတွင် သီးခြားသွားထား၍ မှန်အပြင်ကပဲ ပေးကြည့်လျှင်တော့ ရှင်းသည်။ သို့သော် မိခင်နို့တိုက်ကျွေးရေး မအောင်မြင်မှာစိုး၍ ကလေးကို မိခင်နှင့်သာ ထားသော ဒီဘက်ခေတ်တွင်တော့ လူနာစောင့်ဧည့်သည်များ အနားမလာရန် (အမုန်းခံ) နှင်တတ်ကြရန် လိုပေသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခရဲမြင့်ကျော် (ဒေါက်တာရဲ)
ကလေးအထူးကုဆရာဝန်ကြီး
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစုစောင့်ရှောက်နည်းများ စာအုပ်မှ ကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

