ကလေးမွေးဖွားပြီး သွေးတိုးခြင်း (Post-partum Hypertension)
24-Feb-2017
ကလေးမွေးဖွားပြီး သွေးတိုးခြင်း (ခေါ်) ကိုယ်ဝန်ဆောင်အဆိပ်တက်ခြင်း (ခေါ်) Per-eclampsia မှာ တဖြည်းဖြည်းပျောက်ကွယ်၍ သွေးပေါင်ပုံမှန်ဖြစ်သွားတတ်ပါသည်။ သို့သော်လည်း ကလေးမွေးဖွားပြီး ရက်အနည်းငယ်ကြာသည်အထိ သွေးတိုးရောဂါ ရှိနေတတ်ပြီး အဆုတ်ထဲရေဝင်၍ နှလုံးအားနည်းခြင်း၊ ကျောက်ကပ်အားနည်းခြင်းနှင့် ဦးနှောက်ရောင်ခြင်း (Encephalopathy) တို့ကို တစ်ခါတရံ ဖြစ်စေနိုင်ပါသည်။
ထိုရက် များတွင် မိခင်များကို မိခင်နို့တိုက်ကျွေးရန် အားပေးသင့်ပြီး ကုသဆေးဝါးများအနက် ဆီးဆေးများ မှီဝဲပါက မိခင်နို့ထွက်နည်းပါးသည်ကို သတိပြုရပါမည်။ ထို့ပြင် Atenolol နှင့် Metoprolol ဆိုသော ဆေးဝါးများသည် မိခင်နို့ထဲတွင် ပါသွားပြီး ကလေးအား ထိခိုက်တတ်သဖြင့် မသုံးသင့်ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit
ပါမောက္ခဦးတင်လတ် (နှလုံးအထူးကုဆရာဝန်ကြီး)
နှလုံးသွေးကြောကျဉ်းနှင့် နှလုံးရောဂါ သိမှတ်စရာများစာအုပ်မှကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

