နို့မှုန့်တိုက်သည့် ကလေးအတွက်
24-Feb-2017
မိခင်နို့မလောက်၍ဟုဆိုကာ နို့မှုန့်တိုက်တိုက်နေသည့် ကိစ္စတွေကလည်း အမှန်တော့ မိခင်နို့က တကယ်မလောက်တာမဟုတ်။ မလောက်မှာစိုး၍ နို့မှုန့်ကူ တိုက်ရင်း တိုက်ရင်းက မိခင်နို့က အထွက်နည်းသွားတာဖြစ်သည်။ သည်တော့ ကျွန်တော်က နို့မှုန့် အကြောင်းမပြော။ မိခင်နို့အကြောင်းသာပြောသည်။ ဘာနို့မှုန့်ကောင်းသလဲ လာမမေးနှင့်။ မိခင်နို့လောက် ဘယ်နို့မှုန့်မှ မကောင်းဟုပြောသည်။
ခက်တာက မိခင်မရှိခြင်းနှင့် မိခင်နှင့် အတူမနေရသည့်ကလေးတွေလည်း တဖြည်းဖြညး် တွေ့လာနေရသည်။ မိခင်နို့မတိုက်တာကို အပြစ်တင်ချင်ပေမယ့် သူတို့ပြဿ နာကို ကိုယ်လည်း ရှငး်ပေးနိုင်မှာမဟုတ်တော့ သည်အတိုင်းပဲ ထားရသည်။
အဲသည်မှာ ထပ်ပြောစရာကလေးတွေ ရှိလာသည်။ တတ်နိုင်သူတွေက စျေးကြီးကြီးနို့မှုန့်ကို တိုက်ကြသည်။ နည်းနည်းပဲ တတ်နိုင် သူတွေက နည်းနည်းစျေးသက်သာသည့်နို့မှုန့်ကို တိုက်သည်။ လုံးဝမတတ်နိုင်သူတွေက ကလေးတိုက်ဖို့ ထုတ်လုပ်ထားခြင်းမဟုတ်သော နို့မှုန့်တွေ တိုက်သည်။ ကလေးတိုက်ဖို့ ထုတ်လုပ်ထားခြင်း မဟုတ်သော နို့မှုန့်တွေကတော့ အလွန်အန္တရာယ်များပါသည်။
အဲဒါတွေ တိုက်နေသည့်ကလေးတွေ ကိုယ့်မျက်စိရှေ့မှာတင် ရှုံ့ရှုံ့ဝင်ပြီး မျက်ခေါင်းခြောက်လို မျက်နှာမျိုးကလေးနှင့် အာဟာရချို့တဲ့တာ ဖြစ်ဖြစ်သွားကြ တာ ဆေးရုံလာတက်သည့် ကလေးတွေကြားမှာ နေ့တိုင်းတွေ့နေရတာပါပဲ။ ကလေး တိုက်သည့် နို့မှုန့်အစစ်မတတ်နိုင်လျှင်တော့ မိခင်နို့တိုက်ကျွေးဖို့ မဖြစ်ဖြစ်သည့် နည်းနှင့် ကြိုးစားကြစေချင်တယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာရဲ
Good Health Journal
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

