နှာစေး၊ နှာခေါင်းပိတ်နေသော ကလေးငယ်ကို ပြုစုနည်းခုနစ်ခု
24-Feb-2017
ကလေးငယ်အအေးမိတဲ့အခါ နှာစေးတာ၊ နှာခေါင်းပိတ်တာတွေ ဖြစ်တတ်ပါတယ်။ အစားအစာကြောင့်ဖြစ်စေ၊ ရနံ့တစ်ခုခုကြောင့်ဖြစ်စေ ဓါတ်မတည့်တဲ့ အခါမှာလည်း နှာစေး၊ နှာခေါင်းပိတ်တာမျိုး ဖြစ်နိုင်ပါတယ်။ တချို့ကလေးတွေက ဖုန်မှုန့်ရှူမိတာနဲ့တင် နှာစေး၊ နှာခေါင်းပိတ်တာ ဖြစ်တတ်ကြပါတယ်။
ပြုလုပ်ပေးရန်
၁။ အအေး မမိစေရန် ကလေးငယ်ကို ရာသီဥတုအလိုက် ဝတ်စားဆင်ယင်ပေးပါ။
၂။ ကလေးငယ်နှာခေါင်းကို သန့်ရှင်းအောင် အဝတ်စ ဒါမှမဟုတ် တစ်သျှူးစက္ကူနဲ့ သန့်စင်ပေးပါ။
၃။ ကလေးငယ်နဲ့ ဓာတ်မတည့်တဲ့ ရနံ့နဲ့ အစားအသောက်တွေကို ထိတွေ့မိတာ၊ စားသောက်မိတာမျိုး မဖြစ်အောင် ဂရုစိုက်ပေးပါ။
၄။ ကလေးငယ်ကို လူများတဲ့နေရာတွေ ခေါ်မသွားပါနဲ့။
၅။ အရည်များများတိုက်ပါ၊ စွပ်ပြုတ်တိုက်ပါ။
၆။ ချွေးထွက်ပါက ချွေးသုတ်ပြီး အကျင်္ ီလဲပေးပါ။
၇။ ဆေးဝါးများကို ဆရာဝန်များနဲ့ တိုင်ပင်ပြီးမှတိုက်ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Good Health Journal
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

