ခြေထောက်နှစ်ချောင်းပူးနေကာ ရေသူမကဲ့သို့ ဖြစ်နေသည့်ကလေး
24-Feb-2017
မွေးလာသည့်ကလေးက ရေသူမလိုဖြစ်နေတာကြောင့် ကလေးမွေးပေးတဲ့ အိန္ဒိယ ဆရာဝန်တွေ အံ့သြမဆုံးဖြစ်သွားကြပါတယ်။ ကလေးဟာခြေထောက် နှစ်ချောင်းပူးနေတာကြောင့် ဒဏ္ဍာရီလာသတ္တဝါလေး အတိုင်း ဖြစ်နေပါတော့တယ်။
သူမဟာ ရေသူမရောဂါလက္ခဏာစုကို ခံစားနေရသူဖြစ်ပါတယ်။ အသက်ရှင် လျက် မွေးလာခဲ့ပေမဲ့ လူ့လောကထဲ ရောက်လာအပြီး ဆယ်မိနစ်အကြာမှာ ကလေး ဟာ သေဆုံးသွားပါတော့တယ်။ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာ ဒေ့ရှ်ပြည်နယ် ဆရန်ပူအရပ်ဒေသက အသက် ၂၂နှစ်အရွယ် မိခင်တစ်ဦးက အထက်ပါကလေးကို ဧပြီလ ၂၉ ရက်မှာ မွေးဖွားခဲ့တာ ဖြစ်တယ်လို့ မေလ ၂ရက် ဒေးလီမေးသတင်းမှာ ဖော်ပြထား ပါတယ်။
ကလေးမွေးပေးတဲ့ မီးယပ်ပါရဂူ ဒေါက်တာ ဗန်ဒနာအာယာက “ကလေးတွေ မွေးရာပါပုံပျက်ပန်းပျက် ဖြစ်နေတာမျိုးကို ခဏခဏတွေ့ဖူးပေမယ် ဒီလိုပုံစံမျိုး ကိုတော့ တစ်ခါမှမတွေဖူး။ဒီလိုမျိူးက တော်တော့်ကို ထူးဆန်းတဲ့ဖြစ်ရပ်ဖြစ်နေ တယ်။ ကလေးလေးကခြေထောက် နှစ်ချောင်းကပူးနေပြီး လက်လေးနှစ်ဖက်က ရေယက်လို ကားနေတော့ ငါးလေးလိုဖြစ်နေတော့တာ။ ကလေး ခန္ဓာကိုယ် အပေါ်ပိုင်းက အကုန်ကောင်းပေမယ့် အောက်ပိုင်းက မဖွံ့ဖြိုးဘူးဖြစ်နေတယ်” လို့ဆိုခဲ့ပါတယ်။
ထူးဆန်းလှတဲ့ထိုကလေးကို မြင်ရလိုမြင်ရငြား လာစောင့်တဲ့ လူအုပ်ဟာလည်းဆေးရုံရှေ့ မှာ များသည်ထက်များလာခဲ့ပါတယ်။ ကလေးခြေထောက်နှစ်ချောင်းဟာ ပူးနေတာကြောင့် ကလေးမှာယောက်ျားလေး မိန်းကလေးဆိုတာ ခွဲခြားမရတော့ဘူးလို့ ဆရာဝန်က ဆက်လက်ပြောကြားခဲ့ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :Good Health
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

