ကလေးအရပ်ရှည်၊ မရှည် ဘယ်လိုသိနိုင်သလဲ
24-Feb-2017
ကလေးတစ်ယောက်ကို နောက်ထပ်အရပ်ထပ်ထွက်၊ မထွက်ဘယ်လို ကြည့်နိုင်လဲ ဆိုတော့ ကလေးရဲ့ ဒူးဆစ်နေရာကို ဓာတ်မှန်ရိုက်ကြည့်တဲ့အခါ အဆစ်နေရာနားမှာရှိတဲ့ Long Bone ရဲ့ အဖြူလိုင်းလေးနေရာမှာ မည်းမည်းလိုင်းလေး Epiphysis ရှိနေသေး တယ်၊ လုံးဝမပိတ်ဘဲ လိုင်းလေးမြင်နေရသေးရင် အဲဒီကလေးက အရပ်ဆက်မြင့်ဦး မှာပါ။ ခြေထောက်နဲ့ လက်ကို ဓာတ်မှန်ရိုက်ကြည့်လို့ အဲဒီအချောင်းလေးရှိနေသေး တယ်ဆိုရင် အရပ်ရှည်ဦးမှာ ဖြစ်ပါတယ်။
ကလေးအရပ်ရှည်ဖို့ ဘာတွေလိုအပ်သလဲ
ကလေးကြီးထွားနေတဲ့ အချိန်မှာ ကယ်လ်စီယမ်ဓာတ်တွေ အပြည့်အဝရရှိမယ်၊ တခြားလိုအပ်တဲ့ ဓာတ်တွေရရှိမယ်ဆိုရင် အရပ်ရှည်မှာသေချာပါတယ်။ ဒီမျိုးဆက်တစ်ခုမှာ အရပ်သုံးလက်မပိုရှည်အောင် ပြုလုပ်ပေးထားရင် နောက်မျိုးဆက်ဆို အဲဒီထက် အရပ်ပို ရှည်ပါတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေဆို အခုနောက်ပိုင်း ပုတဲ့သူတွေမတွေ့တော့ ပါဘူး။ Genetic အရရော၊ သွေးရောတာတွေလည်း ပါတာကြောင့်လို့ ပြောလို့ရပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာဦးအောင်ကျော်
အရိုးအထူးကုဆရာဝန်ကြီး
Arogyam magazine, No.283, February 2016, Pg. 119

