ဝမ်းသွားချင်တာကိုအောင့်ထားခြင်းက နာတာရှည် ဝမ်းချုပ်ရောဂါကိုဖြစ်စေနိုင်...
30-Dec-1899
လူအများစုဟာ ဝမ်းသွားချင်တဲ့အခါ၊ စိတ်အေးလက်အေးရှိပြီး ကိုယ်သွားနေကျဖြစ်တဲ့ ကိုယ့်အိမ်က အိမ်သာ ရောက်တဲ့အထိ အောင့်ထားတတ်ကြပါတယ်။ ဇီဝဖြစ်ပျက်မှု သဘာဝရဲ့ဆန္ဒကို အတတ်နိုင်ဆုံး နာရီပေါင်း များစွာ ချုပ်တည်းထားတတ်ကြပါတယ်။
ဒါပေမယ့် ဝမ်းသွားချင်မှုကိုရွှေ ့ဆိုင်းခြင်း၊ ချုပ်တည်းထားခြင်းက သင်ထင်ထားတာထက် ပိုအန္တရာယ်ကြီးတယ် ဆိုတာ သိပါသလား။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေရဲ့ သတိပေးချက်အရ ဝမ်းသွားချင်စိတ်ကို အချိန်ကြာကြာ အောင့်ထားခြင်းဟာ အဆိုးရွားဆုံးအနေနဲ ့သေစေနိုင်တဲ့အထိဖြစ်နိုင်တယ်လို ့ဆိုပါတယ်။
ဝမ်းသွားချင်စိတ်ကို အောင့်ထားလေ့ရှိတဲ့ လူတွေမှာ ဝမ်းသွားမှုအတွက် အသုံးပြုတဲ့ ခန္ဓာကိုယ်ကြွက်သားတွေ အလုပ်လုပ်မှုချို ့ယွင်းနိုင်ခြေ များတယ်လို ့ဆိုပါတယ်။ ဒီထက်ဆိုးရွားတဲ့ အခြေအနေမှာ၊ စအိုလမ်းကြောင်းထဲမှာ မစင်တွေက ခြောက်ကပ်၊မာကြောလာပြီး ဝမ်းသွားဖို ့အတွက် ခဲယဉ်းတဲ့ အခြေအနေ (fecal impaction) ကို ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေရဲ့ နောက်ဆက်တွဲအနေနဲ ့ chronic constipation ခေါ် နာတာရှည် ဝမ်းချုပ်ရောဂါ အထိ ဖြစ်သွားနိုင်ပါတယ်။ ကုသမှု မခံယူဘူးဆိုရင်၊ ခွဲစိတ်ဖို ့လိုတဲ့အထိပါဖြစ်နိုင်ပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်တယ်လို ့ပညာရှင်တွေက သတိပေးလိုက်ပါတယ်။
Healthcare.com.mm
Ref: ဖိုးသူတော်
Source: Trend Myanmar
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

