Print

HIV လူနာများ ဆေးလိပ်သောက်ခြင်းကြောင့် ရောဂါပိုမိုဆိုးရွားလာနိုင်

  28-Feb-2017
Preview Image

 

ဆေးလိပ်သောက်သည့် HIV ဗိုင်းရပ်စ်ကူးစက်ခံထားရသူများ သည် ရောဂါအခြေအနေ ကြောင့် သေဆုံးမှုထက် ဆေးလိပ်သောက် ခြင်းကြောင့် အသက်ပိုတိုနိုင်ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြ သည်။HIV ဆေးဝါးများ မပြတ်သောက်နေရသော လူနာတစ်ဦးသည် HIV နှင့် ရောဂါဆက်စပ်သော အခြေအနေကြောင့်မဟုတ်ဘဲ ဆေး လိပ်သောက်ခြင်းနှင့် ဆက်စပ်သော ရောဂါများဖြင့် သေဆုံးနိုင်ခြေ ပိုများကြောင်း မန်ဆာချူးဆက်အထွေထွေဆေးရုံမှ သုတေသီမ်ားက ပြောသည်။ HIV လူနာများ ဆေးလိပ်ဖြတ်လိုက်ပါက သက်တမ်းသိသိသာသာ ပိုရှည်လာနိုင်သဖြင့် ၎င်းတို့ဆေးလိပ်ဖြတ်ရန် အရေးကြီးကြောင်း သုတေသီများကပြောသည်။

 

ယခုအခါHIV ဗိုင်းရပ်စ်ကို တိုက်ဖျက်သော ဆေးဝါးများ အစွမ်းထက်လာပြီး HIV လူနာများ၏ သက်တမ်း ယခုထက်ပိုရှည်လာစေ ရေး အခြားသော ကြားဝင်ဖြေရှင်းမှုများ လိုအပ်နေသည်ဟု သုတေ သီများက ပြောသည်။HIV ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ဆေးလိပ်သောက်သူများ သည် ရောဂါအခြေအနေထက် ဆေးလိပ်သောက်ခြင်းကြောင့် အ သက်တိုနိုင်ခြေ နှစ်ဆပိုများကြောင်း In Fectious Diseases ဂျာနယ်တွင် ဖော်ပြထားသည်။ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးအတွက် ဆိုးရွား ကြောင်းကို လူနာများ ကောင်းစွာသိထားကြပြီး ဖြစ်သော်လည်းဆေးလိပ်သောက်ခြင်းက HIV လူနာများအတွက်ပိုဆိုးကြောင်း ယခုလေ့လာမှုက ဖော်ပြထားသည်။HIV လူနာများသည် ဆေးပုံမှန်သောက်ပြီး အခြားအန္တရာယ်ရှိ နိုင်သော အပြုအမူများကိုရှောင်ရှား၍ နေထိုင်မည်ဆိုပါက သက် တမ်းစေ့နေနိုင်သဖြင့် ဆေးလိပ်သောက်ခြင်းကဲ့သို့ ရောဂါအခြေအ နေပိုဆိုးစေသော မကောင်းသည့် အလေ့အထများကို စွန့်လွှတ်သင့် သည်ဟု သုတေသီများကပြောသည်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Source : ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18