Print

အသည်းရောင်ဗိုင်းရပ်စ်ပိုးတွေက A ကနေ E အထိ ၅ မျိုးရှိတယ်လို့ ကြားဖူးပါတ...

  28-Feb-2017
Preview Image

 

အသည်းရောင်ဗိုင်ရပ်စ်ပိုးတွေဟာ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းသလို ဗိုင်းရပ်စ်တစ်မျိုးစီတိုင်းမှာ ကွဲပြားတဲ့ စရိုက်လက္ခဏာလေးတွေ ရှိတတ်ပါတယ်။ ရောဂါကူးလွယ်တဲ့ နေရာမှာတော့ B ပိုးက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အကောင်ဖြစ်သလို C ပိုးကတော့နောက်ဆက်တွဲ ပြဿနာအလွန်ပေးတဲ့ အကောင်ဖြစ်ပါတယ်။ ဒါပေမဲ့ B ပိုးဟာ ကာကွယ်ဆေးရှိတဲ့အတွက် ခံသာတယ်လို့ ဆိုရပါမယ်။ C ပိုးရှိတဲ့သူတွေရဲ့ ၂၀% ဟာ နှစ် ၂၀ အကြာမှာ အသည်းခြောက်ခြင်းဝေဒနာကို ခံစားကြရပြီး အဲဒီအသည်းခြောက်တဲ့ လူနာတွေထဲက ၁၀%ခန့်ဟာ အသည်းကင်ဆာဖြစ်တတ်ကြတာ စိတ်မကောင်းစရာပါ။ အသည်းရောင် A ဗိုင်းရပ်စ်နဲ့ E ဗိုင်းရပ်စ်ပိုးတွေကတော့ မသန့်ရှင်းတဲ့ရေနှင့် အစားအသောက်ကနေတဆင့် ကူးစက်တတ်ပါတယ်။ ရုတ်တရက် အသည်းရောင်ကာ အသားဝါလာတတ်ပြီး အစားအသောက်ပျက်ကာ ဖျားနာတတ်ပါတယ်။ သို့ပေမဲ့ ပျောက်ကင်းအောင် ကုသနိုင်ပြီး နောက်ဆက်တွဲပြဿနာရှားပါတယ်။ အသည်းရောင် D ဗိုင်းရပ်စ်ကတော့ တစ်ကောင်တည်း ကူးစက်တာ ရှားပါးပြီး အသည်းရောင် B ပိုးနဲ့ တွဲပြီး ကူးစက်တတ်ပါတယ်။ B ဗိုင်းရပ်စ်နှင့် D ဗိုင်းရပ်စ် အတူတကွ ကူးစက်ခံရရင်တော့ အသည်းပျက်စီးခြင်းဟာ မြန်ဆန်လှပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာငြိမ်းချမ်းအောင်
ကျန်းမာရေးအတွက် သိသင့်သောအဖြေများ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18