Print

ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး

  28-Feb-2017
Preview Image

 

ဝမ်းပျက်ဝမ်းလျှောရောဂါဟာ အသက် ၅နှစ်အောက်ကလေးများ သေဆုံးမှုကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ အကြောင်းအရင်းတွေလည်း အများကြီးရှိပါတယ်။ အဲဒီထဲမှ Rota Virusဟာ ကလေးများမှာဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရဲ့ အဓိကတရားခံပါ။ အခုဆိုရင် ဒီရောဂါကိုကာကွယ်ဖို့ Rotarix®, RotaTeq®, Rotavac® ဆိုတဲ့အမည်တွေနဲ့ ကာကွယ်ဆေးတွေရှှိနေပါပြီ။ ထုတ်လုပ်တဲ့ ကုမ္ပဏီအလိုက် နာမည်ကွာသွားတာပါ။ဒီဆေးကို ပါးစပ်ကနေ တိုက်ရပါတယ်။ ကလေးအသက် ၈ပတ်မှာ စတိုက်လို့ရပါပြီ။ Rotarix® ဆေးကို အသက် ၂လနှှင့် ၄လမှာတိုက်ရပြီး RotaTeq®, Rotavac® ကိုတော့ အသက် ၂လ၊ ၄လနှင့် ၆လမှာ တိုက်ရပါတယ်။ ၁၅ပတ်အောက် ကလေးတွေမှာပဲ တိုက်လို့ရပါတယ်။

 

လေ့လာမှုတွေအရတော့ Rota Virus ကာကွယ်ဆေးမှာ ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းပါတယ်။ တခါတရံတော့ ဆေးတိုက်ပြီးချိန်မှာ ဝမ်းလျှောတာ၊ အန်တာဖြစ်တတ်ပါတယ်။ စိုးရိမ်စရာတော့မရှိပါ။ ကံမကောင်းရင်တော့ အူခေါက်တာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်တာဟာ ပထမဆုံး စပေါ်ခဲ့တဲ့ RotaShield® ဆိုတဲ့ ကာကွယ်ဆေးနဲ့ ဖြစ်ခဲ့ပြီး ယခုအသုံးမပြုတော့ပါ။ အခုအသစ်ပေါ်တဲ့ ဆေးတွေနဲ့တာ့ မဖြစ်ပါ။ ကာကွယ်ဆေးနဲ့ ဓာတ်မတည့်တဲ့ ကလေးများ၊ ခုခံအားကျဆင်းတဲ့ ကလေးများ၊ ကင်ဆာဝေဒနာ ခံစားနေရတဲ့ ကလေးများကိုတော့ ကာကွယ်ဆေး မတိုက်သင့်ပါဘူး။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : Dr.Jink

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18