Print

ကြွက်မှလူကို ကူးစက်တတ်သော Sodoku

  28-Feb-2017
Preview Image

 

Sodoku ဟု အမည်တွင်သော ရောဂါသည် တိရစ္ဆာန်မှကူးစက်တတ်သည့် ဘက်တီရီးယား ရောဂါတစ်ခုဖြစ်သည်။ ဘက်တီးရီးယား၏ အမည်မှာ Sprillum minus ဖြစ်သည်။ ဤရောဂါသည် ကြွက်ကကိုက်သောကြောင့် ကူးစက်သည့် ရောဂါတစ်ခုဖြစ်ပါသည်။ Sodoku သည် အာရှတိုက်တွင် အများဆုံးတွေ့ ရသော ရောဂါဖြစ်သည်။ ရောဂါပျိုးချိန်မှာ လေးရက်မှ ၂၈ ရက်အထိ ကြာမြင့်သည်။ကြွက်ကိုက်တဲ့ နေရာမှာရောင်ပြီး အနာဖြစ်တတ်ပါတယ်။ အနာကျက်သွားပေမယ့် ပြီးရင်ပြန် ပေါ်လာတာပါပဲ။ အဖျားလည်း တက်တတ်တယ်။ အဖျားတက်ရင် ၁၀၁ ဒီကရီကနေ ၁၀၄ ဒီကရီ အထိတက်တယ်။ နှစ်ရက်သုံးရက်လောက် ဖျားပြီး ပြန်ပျောက်သွားတတ်တယ်။ သုံး၊ လေးလအတွင်း ပြန်ဖြစ်တတ်တယ်။ တစ်ခါတလေ နှစ်နဲ့ချီပြီး ကြာတတ်တယ်။ ကိုယ်လက် မအီမသာဖြစ် တာ၊ ခေါင်းကိုက်တာ၊ ပြန်ရည်ကြောတွေ ရောင်တာဖြစ်တတ်ပါတယ်။ နောက်ထပ် ရောဂါတွေ ရှုပ်ထွေးလာရင်တော့ နှလုံးနဲ့ အာရုံကြောတွေအထိ ပြန့်သွားတတ်တယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ဒေါက်တာခင်စန်းမော်
Health for all magazine, June 2013, Pg.140

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18