Print

အသည်းရောင်အသားဝါ “ စီ ” ရောဂါပိုးရှိသူ တစ်ဦးဟာ အိမ်ထောင်ပြုလို့ ရပါသလာ...

  28-Feb-2017
Preview Image

 

အသည်းရောင်အသားဝါ “ စီ ” ရောဂါပိုးရှိသူ တစ်ဦးဟာ အသည်းအခြေအနေ၊ ထိခိုက်မှု မရှိသေးဘူးဆိုရင် သာမန်လူတစ်ဦးကဲ့သို့ စိတ်ချစွာ အိမ်ထောင်ပြုလို့ ရပါတယ်။ သို့သော်လည်း “ စီ ” ရောဂါပိုး ကူးစက်ခံရသူဟာ မိမိရဲ့ အိမ်ထောင်ဖက်ကို မိမိမှာ ရောဂါရှိကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ပြောထားရပါမယ်။

 

“ စီ ” ရောဂါပိုး ကူးစက်နိုင်တဲ့ နည်းတွေကို ရှင်းပြပြီး မိမိအိမ်ထောင်ဖက်ကို မကူးစက်နိုင်အောင် ကာကွယ်ပေးရပါမယ်။ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံနည်းများကို အသုံးပြုပြီး ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်သည်ဘဝကို တည်ဆောက်နိုင်ပါတယ်။ သားသမီးယူလိုကလည်း ယူနိုင်ပါတယ်။ သို့သော် မိမိရင်သွေးကို ကူးစက်နိုင်ခြေ အနည်းငယ်ရှိတဲ့အတွက် တတ်ကျွမ်းနားလည်သော အထူးကု ဆရာဝန်ကြီးများနဲ့ ဆွေးနွေးပြီး အကောင်းဆုံး၊ အသင့်တော်ဆုံး စီမံနိုင်ပါတယ်။

 

ယနေ့အခါမှာ “ စီ ” ရောဂါပိုးကို အမြစ်ပြတ်အောင် ပျောက်ကင်းနိုင်သော ဆေး စွမ်းကောင်းများလည်း ရှိနေပြီးဖြစ်တဲ့အတွက် “ စီ ” ရောဂါပိုး ကုသပျောက်ကင်းမှ အိမ်ထောင်ပြုခြင်း၊ ကလေး ယူခြင်းများကို ပြုလုပ်မယ်ဆိုကလည်း ပြုလုပ်နိုင်ပါတယ်။ သတိထားရမယ့် အချက်ကတော့ “ စီ ” ရောဂါပိုး ကုသတဲ့ဆေးများဟာ အင်မတန်စျေးကြီးပြီး လူအတွက် ခံရခက်တဲ့ ဘေးထွက်ဆိုးကျိုးများ ရှိတယ်ဆိုတာပါပဲ။ဥပမာ “ စီ ” ရောဂါပိုး ကုသရာမှာ အင်တာဖရွှန်ထိုးဆေးနဲ့ ပူးတွဲ အသုံးပြုရတဲ့ Ribavirin သောက်ဆေးဟာ ကိုယ်ဝန်ဆောင် သနွေသားကို ထိခိုက်ပြီး မွေးရာပါ ချွတ်ယွင်းမှုတွေ ဖြစ်နိုင်တဲ့အတွက် “ စီ ” ရောဂါပိုး ကုသနေစဉ်နဲ့ ကုသပြီး ခြောက်လအတွင်း ကလေးမယူဖို့ တားဆီးထားပါတယ်။

 

သေချာတဲ့ ပဋိသနွေတားဆီးနည်းများကို အသုံးပြုဖို့ သဘောတူ လက်ခံသူများကိုသာ “ စီ ” ရောဂါပိုး ကုသဆေးများ ပေးရမယ်လို့ အတိအကျ ညွှန်ကြားထားပါတယ်။ ဒါကြောင့် အိမ်ထောင်သည် ဘဝမှာ “ စီ ” ရောဂါပိုးကို ကုသမယ်ဆိုရင် သတိထား လုပ်ဆောင်ရပါမယ်။ “ စီ ” ရောဂါပိုးရှိသူ တစ်ဦးဟာ သာမန် သူတစ်ဦးထက် စာရင် အဆပေါင်း ၆၀ ခန့်ပိုပြီး အသည်းရောဂါ ဖြစ်နိုင်ခြေရှိတဲ့ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုများကိုစနစ်တကျ လုပ်ပေးခြင်းဖြင့် လိုအပ်သော အချိန်မှာ လိုအပ်သော ကုသမှုကို အချိန်မီ လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ပါမောက္ခ ဒေါက်တာဝင်းနိုင်
အသည်းရောဂါအထူးကုဆရာဝန်ကြီး
Health for all magazine, January 2016, Pg. 114

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18