Print

သတိပြုဖွယ် အီး-စီးကရက်အန္တရာယ်

  20-Jan-2026
Preview Image

သတိပြုဖွယ် အီး-စီးကရက်အန္တရာယ်

   ၂၁ရာစုဆန်းစတွင် ပေါ်လာသည့် E-Cigarette (အီး-စီးကရက်) မှာ ယနေ့ခေတ်လူငယ်များကြားတွင် တွင်တွင်ကျယ်ကျယ်ရေပန်းစားနေပြီဖြစ်သည်? ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့်  ကျန်းမာရေးဆိုင်ရာ ပြဿနာများမှာ အန္တရာယ်ကြီးမားသည့်အလျောက် ဆေးလိပ်သောက်သုံးမှု ဆန့်ကျင်တိုက်ဖျက်ရေးကို ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ခဲ့ကြရာမှ အီး-စီးကရက်ပေါ်ထွက်လာခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ အီး-စီးကရက်ကို ရောင်းချသူဈေးကွက်နှင့် သုံးစွဲသူများအတွင်း vape ဟုခေါ်ကြပြီး အီး-စီးကရက်သောက်၍ အငွေ့ထုတ်ခြင်းကို smoking ဟု မခေါ်ပဲ vaping ဟုခေါ်ကြသည်။ 

   စတင်တီထွင်သုံးစွဲသူမှာ တရုတ်လူမျိုး ဆေးဝါးပညာရှင်တစ်ဦး ဖြစ်ပြီး ကိုယ်တိုင်က စီးကရက်စွဲနေသူဖြစ်သည့်အတွက်  စီးကရက်ဖြတ်နိုင်ရန် နည်းလမ်းရှာကြံကာ တီထွင်သုံးစွဲခဲ့ရာမှ တစ်နှစ်အတွင်း တစ်နိုင်ငံလုံး ပျံ့နှံ့သွားကာ နောက်ပိုင်းတွင် နိုင်ငံပေါင်းမြောက်များ စွာသို့ ဆက်လက်ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။

   Vape ကို ဆေးရွက်ကြီးထွက်ပစ္စည်းတစ်မျိုးမျိုး သုံးစွဲထားခြင်းမရှိသည့်အတွက် အန္တရာယ်မရှိနိုင် ကြောင်း ဈေးကွက်တွင် ပြောဆိုရောင်းချနေသော်လည်း ဆေးရွက်ကြီးတွင်ပါသည့် ဓာတုပစ္စည်းဖြစ် သော နီကိုတင်းကို အရည်အဖြစ်ဖျော်ထားပြီး ထိုအရည်ကို အီလက်ထရွန်နစ်စနစ်ဖြင့် အငွေ့ဖြစ် အောင်ပြောင်းလဲစေကာ ရှူကြခြင်းသာဖြစ်ရာ အန္တရာယ်ရှိမှုမှာအတူတူပင်ဖြစ်သည်။ နောက်ပိုင်းတွင်မူ နီကိုတင်းမပါသော ဓာတုပစ္စည်းများနှင့် အနံ့အရသာမျိုးစုံတို့ ထည့်သွင်းထားသည့်အရည်များကို ထုတ်လုပ်ရောင်းချလာကြသည်။ Electronic Non-nicotine Delivery System-ENNDS ဟုခေါ်သည့် အဆိုပါအရည်များကို glycerine, algehydes, propylene glycol and many flavouring agents စသည့်အရည်များနှင့် ပေါင်းစပ်ဖန်တီးထားခြင်းဖြစ်ပြီး အငွေ့အဖြစ်ပြောင်းလဲရှူနိုင်သည့် အီလက်ထရွန်နစ် ကိရိယာလေးများကို လူငယ်များ၊ မိန်းကလေးများအကြိုက် ဒီဇိုင်းပုံစံအမျိုးမျိုး၊ အရည်အသွေးအမျိုးမျိုး၊ ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချနေကြခြင်းဖြစ်သည်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီးထိန်းချုပ်ရေး ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ ညီလာခံတွင် အီး-စီးကရက်ကို နိုင်ငံအများအပြားတွင် သုံးစွဲလာမှုနှင်ပတ်သက်၍ ၂၀၁၀ ပြည့်နှစ်မှစပြီး လေ့လာမှုများ ပြုလုပ်ကာ ၂၀၁၂ ခုနှစ် (၅) ကြိမ်မြောက် ဆေးရွက်ကြီးထိန်းချုပ်ရေး ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ ညီလာခံတွင်  အစီရင်ခံစာတစ်ရပ်ကို တင်ပြခဲ့သည်။ ယင်းအစီရင်ခံစာအရ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ များတွင် အီး-စီးကရက်နှင့် ဆက်စပ်ပစ္စည်းများကို ပြည်တွင်းသို့ တင်သွင်းခွင့်ပိတ်ပင်ရန်နှင့် အတိုင်း အတာတစ်ရပ်အထိ ထိန်းချုပ်ကန့်သတ်ရန် တိုက်တွန်းခဲ့သည်။

တစ်ဖက်တွင်လည်း သုံးစွဲသူများအတွင်း အချိန်ကြာမြင့်လာသည်နှင့်အမျှ ကျန်းမာရေးဆိုင်ရာ ပြဿနာ များ၊  အန္တရာယ်များဖြစ်ပေါ်မှုနှင့် ပတ်သက်၍ အထောက်အထားများတစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့ သည်။ သို့ဖြစ်ရာ vape သုံးစွဲခြင်းသည် နီကိုတင်းပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အန္တရာယ်ရှိကြောင်း သိရှိနားလည်ထားကြရမည်ဖြစ်သည်။ vaping၊ e-Liquid နှင့် နီကိုတင်းတို့ကို ကိုယ်ဝန်ဆောင်ကာလ တွင် သုံးစွဲခြင်းက မွေးလာသည့်ကလေး၏ ကိုယ်အလေးချိန်မြင့်တတ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အပြုအမူပြောင်းလဲစေခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းစသည့် ကျန်းမာရေးဆိုင်ရာအကျိုး ဆက်များကို အစောပိုင်းဖွံ့ဖြိုးမှုမှသည် အရွယ်ရောက်သည်အထိ ဖြစ်စေနိုင်ကြောင်း အမေရိကန်ပြည် ထောင်စု အနောက်ဗာဂျီးနီးယား ဆေးတက္ကသိုလ် သုတေသီအဖွဲ့တစ်ခုက မကြာသေးမီက တွေ့ရှိခဲ့ သည်ဟု သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

   ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနကလည်း vape သောက်သုံးခြင်းသည် လူငယ် များ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေခြင်း၊ အာရုံစူးစိုက်နိုင်မှုကျဆင်းလာခြင်း၊ သင်ယူနိုင်စွမ်းနည်းပါး လာခြင်း၊ အဆုတ်ကိုထိခိုက်ပျက်စီးစေခြင်း၊ ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပွားနိုင်ခြေ အလွန်မြင့်မားခြင်းတို့ကို တွေ့ရှိရကြောင်း သတိပေးနှိုးဆော်လျက်ရှိရာ ဆေးလိပ်၊ ဆေးရွက်ကြီး အန္တရာယ်ကဲ့သို့ပင် အီး-စီးကရက် ခေါ် vape သောက်သုံးခြင်းသည်လည်း အန္တ,ရာယ်မကင်းကြောင်း သိနားလည်ကာ ရှောင်ရှားနိုင်ကြပါစေကြောင်း။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18