Print

ကိုယ်ဝန်ဆောင်မိခင်နဲ့ ဝမ်းချုပ်ပြဿနာ

  26-Feb-2022
Preview Image

ကိုယ်ဝန်ဆောင်ကာလအစောပိုင်းမှာ ကိုယ်ဝန်ဆောင်လက္ခဏာတွေဖြစ်တဲ့ ပျို့အန်တာ၊ စားချင် သောက်ချင်စိတ် ကုန်တာတွေကြောင့် စားဖို့သောက်ဖို့ စိတ်မပါတာမျိုး ဖြစ်တတ်ပါတယ်။ အစားအသောက် နည်းတာက အစာအိမ်ကို လှုပ်ရှားစေဖို့ မလုံလောက်သလို၊ ရေဓာတ်ခန်းခြောက်တာကြောင့် ဝမ်း (စမြင်း) မာပြီး ဝမ်းသွားရခက်တာ၊ ဝမ်းချုပ်တာကို ဖြစ်စေပါတယ်။

 

ကိုယ်ဝန်ဆောင်စဉ်မှာ ဟော်မုန်းပြောင်းလဲမှုကြောင့်ပရိုဂျက်စတီရုန်း ( Progesterone ) ဟော်မုန်းတွေ တိုးများလာတာကာ အစာအိမ်နှင့် အူလမ်းကြောင်းလှုပ်ရှားမှုကို အားပေးတဲ့ ကြွက်သားတွေဟာ ဝမ်း (စမြင်းတုံး) တွေရွေ့လျားဖို့ မညှစ်နိုင်တော့ပါဘူး။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ကာလမှာ ရေနဲ့အမျှင်ဓာတ် အလုံအလောက် မရရှိခဲ့ရင် ဝမ်းချုပ်ဖို့ ပိုအခွင့်သာသွားပါပြီ။ကိုယ်ဝန်ဆောင်မိခင်တွေဟာ မိခင်ရောကလေးပါ ကျန်းမာစေဖို့ သွေးအားကောင်းစေတဲ့ သံဓာတ်အားဖြည့်ဆေးတွေ သောက်ရလေ့ရှိပါတယ်။

 

ဒီသံဓာတ်အားဖြည့်ဆေးတွေကြောင့်ပဲ မိခင်လောင်းတွေမှာ ဝမ်းချုပ်ပြဿနာကို ရင်ဆိုင်ကြရတာပါ။ ပုံမှန်သံဓာတ်အားဖြည့်ဆေးတွေကို အစာခြေ

ဖျက် စနစ်က ကောင်းကောင်းမစုပ်ယူနိုင်ပါဘူး။ သောက်သုံးလိုက်တဲ့ သံဓာတ်အားဆေး ပမာဏအနည်းကိုသာ ခန္ဓာကိုယ်ကစုပ်ယူပြီး သွေးထဲကိုရောက်တာပါ။ အများစုကတော့ အူသိမ်ထဲမှာ ကျန်ခဲ့ပြီး အူလမ်းကြောင်းထဲက မကြေညက်တော့တဲ့အရာတွေနဲ့ပေါင်းစည်းကာ စေးကပ်ကပ်ဖြစ်သွားစေပါတယ်။ ဒီလို စေးကပ်သွားတာကြောင့် အူလမ်းကြောင်းတစ်လျှောက် ရွေ့လျားနိုင်စွမ်းမရှိတော့ဘဲ ဝမ်းသွားရခက်ခဲပြီး (သို့) ဝမ်းချုပ်ခြင်းကိုဖြစ်စေတာပါ။ အကယ်၍ ဝမ်းချုပ်ပြဿနာနှင့် ရင်ဆိုင်နေရပြီဆိုရင် သံဓာတ်အားဖြည့်ဆေး သောက်နေတယ်ဆိုရင် ခဏရပ်ပါ။ နေ့စဉ်စားသောက်နေတဲ့ အစားအစာထဲမှာ သံဓာတ်ပါဝင်မှုများနေရင် ပြန်လျှော့သင့်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဝမ်းချုပ်ပြဿနာနဲ့ ရင်ဆိုင်လာရပြီဆိုရင် အောက်ဖော်ပြပါ အချက်လေးတွေကို ပြုမူဆောင်ရွက်နိုင်ပါသည်။

 

• အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများကို စားပေးပါ။ နှံစားသီးနှံတွေဖြစ်တဲ့ အုတ်ဂျုံ၊ ပြောင်း၊ ပဲစေ့တွေနဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေက အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာမို့ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ 

• ရေများများသောက်ပါ။ ရေကို တစ်နေ့တာအတွက် ဖန်ခွက် ၆ ခွက်ကနေ ၈ ခွက်အထိ တစ်နေ့တစ်ကြိမ် သောက်ပေးပါ။ 

• ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။ လမ်းပုံမှန်လျှောက်တာ၊ ရေကူးတာ၊ ယောဂလေ့ကျင့်တာတွေ ဝမ်းချုပ်တာ သက်သာစေတဲ့အပြင် ကျန်းမာကြံ့ခိုင်ပြီး မွေးဖွားတဲ့အခါ သက်လုံကောင်းစေပါတယ်။ 

• ဝမ်းမှန်မှန်သွားတဲ့အကျင့် ပျိုးထောင်ပါ။ 

• အကယ်၍ ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ သံဓာတ်အားဖြည့်ဆေးတွေ အများကြီးသောက်နေရလို့ ဝမ်းချုပ်တယ်ဆိုရင် မိမိကို ကျန်းမာရေး စောင့်ရှောက်ပေးတဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီး သံဓာတ်ပါဝင်မှု ပိုနည်းတဲ့အားဆေးကို ပြောင်းသောက်ပါ။ 

• အထက်ပါနည်းတွေနဲ့မှ ဝမ်းချုပ်တာမသက်သာရင်တော့ ဝမ်းပျော့၊ ဝမ်းမှန်စေတဲ့ဆေးကို ဆရာန်နဲ့ တိုင်ပင်ပြီး သောက်သင့်ပါတယ်။

အကယ်၍ ဝမ်းချုပ်တာမသက်သာရင် ပိုပိုဆိုးလာရင် ဗိုက်နာခြင်း၊ ရံဖန်ရံခါ သွေးချွဲပါတဲ့ ဝမ်းသွားခြင်း၊ဝမ်းပျက်ခြင်း တစ်လှည့်စီ ဖြစ်လာတတ်ပါတယ်။ ဒီအခြေအနေတွေမှာတော့ ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့ ဆရာဝန်(သို့) သားဖွားဆရာမနဲ့ ပြသသင့်ပါတယ်။


Ref:

Sheri (U.O.N, Ygn)

Ziwaka magazine, July 2014, Pg. 83-85


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM မိုဘိုင်းလ်ဖုန်းများဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနဲ့ တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18