Print

ဆေးနှင့်ဓာတ်မတည့်သည့် အိတ်ချ်အိုင်ဗွီဝေဒနာရှင်များ

  23-Feb-2022
Preview Image

အိတ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါကုသရာမှာ အထူးသတိထားရတဲ့ ကိစ္စကတော့ လူနာနှင့်ဆေး ဓာတ်မတည့်တာပါပဲ။ သိတော်မူကြတဲ့အတိုင်းပါပဲ။ အိပ်ချ်အိုင်ဗွီပိုးကို သတ်တဲ့ဆေးတွေ၊ အိပ်ချ်အိုင်ဗွီပိုးကြောင့် ကိုယ်ခံစွမ်းအားလျော့နည်းသွားမှုကို အကြောင်းပေုပြီး လူနာရဲ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို သတ်တဲ့ဆေးတွေ၊ အဲဒီကာလမှာ ပြဿနာပေးလာလေ့ရှိတဲ့ ရောဂါပိုးတွေကို သတ်တဲ့ဆေးတွေ၊ အဲဒီကာလမှာ ပြဿနာပေးလာလေ့ရှိတဲ့ ကင်ဆာရောဂါကုသတဲ့ဆေးတွေ၊ သောက်သုံးရတာဆိုတော့ အဲဒီဆေးတွေက တစ်ခုမဟုတ်တစ်ခုဟာ ကာယကံရှင်လူနာကို ဒုက္ခလှလှကြီး ပေးတတ်ပါတယ်။

ဒါပေမယ့် အရာဝတ္ထုတွေကို ဓာတ်မတည့်တာမျိုး တွေ့ရှိတတ်ကြောင်းတော့ သိစေချင်ပါတယ်။ ဥပမာ နည်းနည်းပေးပါရစေ။ တစ်ချို့သောအနံ့တွေရတဲ့အခါ (တခြားသူတွေက ဘာမှမဖြစ်ဘဲနဲ့) တစ်ချို့သော ပန်းနာရင်ကြပ်ဝေဒနာရှင်တွေ (ပန်းနာဝေဒနာရှင်တိုင်းလည်းမဟုတ်ပြန်ဘူး) ရုတ်တရက်ရင်ကြပ်တာမျိုး၊ တစ်ချို့သောအဝတ်အစား၊ သတ္ထုပစ္စည်းတွေကို ထိမိသောအခါ (တခြားသူတွေက ဘာမှမဖြစ်ပေမယ့်) တစ်ချို့သော သူတွေမှာ အဖုအပိန့်တွေပေါ်လာတာ၊ နှင်းခူထလာတာမျိုး၊ တစ်ချို့သော အစားအသောက်တွေ စားသောက်တဲ့အခါ (အတူတူစားသောက်တဲ့ တစ်ခြားသူတွေမှာ ဘာမှမဖြစ်ပေမယ့်) တစ်ချို့သောသူတွေ ဗိုက်တအားနာလာတာ၊ ပျို့အန်တာ၊ တစ်ကိုယ်လုံးနီရဲလာတာ၊ သွေးပေါင်ထိုးကျသွားတာမျိုးတွေဟာ အဲဒီလိုဓာတ်မတည့်တာတွေရဲ့ ဥပမာကောင်းတွေပါပဲ။

အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါ ရှိနေတဲ့သူတွေမှာဆိုရင် သူ့ရဲ့ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်တဲ့အတွက် ဒီလိုဆေးမျိုးနဲ့ ဓာတ်မတည့်တဲ့အန္တရာယ်ဟာ တခြားသူတွေထက် ပိုများနေပါတယ်။ ဓာတ်မတည့်တာနှင့်ပတ်သက်ပြီး နာမည်ကြီးတဲ့ဆေးတွေထဲမှာ ဆာလ်ဖာ (SULFA) ပါဝင်တဲ့ဆေးတွေဟာ ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။ နာမည်ကြီးတိုင်း ကောင်းတာမဟုတ်ပါဘူး။ အခုဟာက ဆိုးတဲ့ဘတ်ကနေ နာမည်ကြီးတာပါ။ အဆင်မသင့်ရင်၊ ကံမကောင်းအကြောင်းအလှရင်ဒီဆေးနှင့် ဓာတ်မတည့်မှုကြောင့် ဇီဝိန်ချုပ်သွားရနိုင်ပါတယ်။ တစ်ချိန်တုန်းကဆိုရင် ဆာလ်ဖာပါတဲ့ ဆေးတွေကို ပေါပေါများများကြီး သုံးစွုခဲ့ကြရဖူးပါတယ်။ ပဋိဇီဝဆေး (ပိုးသတ်ဆေး) လို့ ဘာသာပြန်လေ့ရှိကြတဲ့ အန်တီဘိုင်းအိုးတစ် (ANTIBIOTIC) တွေပေါ်လာတဲ့ခေတ် မှာတော့ ဆာလ်ဖာတွေရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်လာပါတယ်။အန်တီဘိုင်းအိုးတစ်တွေက ပိုပြီးတော့ ဘေးထွက်ဆိုးကျိုးနည်းတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

 

Credit:ဒေါက်တာအောင်မိုး

 အထွေထွေရောဂါအထူးကုသမားတော်ကြီး

 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM  မိုဘိုင်းလ်ဖုန်းများဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနဲ့ တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18