Print

ကိုယ်ဝန်ဆောင်သည်တွေဟာ သူ့အမျိုးသားနဲ့ နေလို့ရပါသလား၊ ဘယ်အချိန်အထိ နေလိ...

  25-Jan-2022
Preview Image

     ကျွန်တော်တို့ ဆရာဝန်တွေနဲ့ လူနာကြားမှာ ပြဿနာအကြီးကြီး ရှိနေပါတယ်။ အဲဒါက ဘာလဲဆိုတော့ မေးတော့မေးချင်တယ်၊ မမေးရဲဘူး၊ မေးရမှာလည်း ရှက်တယ်၊ မေးခွန်းမေးရာမှာလည်း ခက်ခဲမှုရှိတယ်၊ အဲဒီမေးခွန်းရဲ့ အဖြေကို လည်းမသိဘူး။ ဒီကတော့ ကိုယ်ဝန်ဆောင်သည်တွေဟာ ကိုယ်ဝန်ရှိတဲ့အခါ သူ့အမျိုးသားနဲ့ နေလို့ရပါသလား၊ ဘယ်အချိန်အထိ နေလို့ရပါသလဲ ဆိုတာပါပဲ။

      ဒီတော့ မေးခွန်းကို ဖြေရမယ်ဆိုရင် တချို့ ကိုယ်ဝန်ရှိလာပြီဆိုရင် မိခင်စိတ်ဆိုတာ ပေါ်လာတယ်။ သူ့ကလေးကို အရမ်းချစ်တာကိုး၊ ကလေးတစ်ခုခုဖြစ်မှာ စိုးရိမ်တဲ့ အခါ ဒီကလေးကို ဒုက္ခရောက်အောင်လုပ်မယ့်အရာအားလုံးက သူ့ရန်သူပဲ။ အင်မတန်ချစ်လှပါတယ်ဆိုတဲ့ သူ့ယောကျ်ားတောင် သူ့အတွက်အမုန်းဆုံးရန်သူပဲ ဖြစ်လာနိုင်ပါတယ်။ စပြီးကိုယ်ဝန်ရှိလိုက်တာနဲ့ မီးနီပြလိုက်ရော။

    ကိုယ်ဝန်ရှိတဲ့အခါ လုံးဝရှောင်ရမယ်ဆိုတာ မဟုတ်ပါဘူး။ အန္တရာယ်မရှိပါဘူး။ သားအိမ်မှာ သားအိမ်ခေါင်းက သေချာပိတ်ထားပါတယ်။ အတူနေတဲ့အခါ သားအိမ်က အပေါ်ကို မြောက်သွားပါတယ်။ သန့်သန့်ရှင်းရှင်းနဲ့ ကြမ်းကြမ်းတမ်းတမ်း မဟုတ်ဘူးဆိုရင် အတူနေခြင်းက ဘာမှ အန္တရာယ်မရှိပါဘူး။

  သို့သော်တစ်ခါတစ်လေ ဘာဖြစ်တတ်လဲဆိုတော့ ခဏခဏ ကိုယ်ဝန်ပျက်ကျဖူးတဲ့ မိခင်တစ်ဦးက သူအတူနေလိုက်ရင် ကိုယ်ဝန်ပျက်သွား မလားမသိဘူးဖြစ်နေရင် တွန့်ဆုတ်နေတတ်ပါတယ်။ အဲဒါမျိုးဆို မနေသင့်ဘူး။ အတူနေလို့ ပျက်ကျတယ်ပြောတာမဟုတ်ဘူးနော်။ မိခင်က အရမ်းစိတ်ပူနေတာပါ။ ဒီမှာ အတူသွားနေလိုက်ရင် ပျက်သွားတဲ့အခါ ယောကျ်ားကလည်း ငါအတူနေလို့ ပျက်ကျတယ်ဆိုပြီး နောင်တတွေ ရနိုင်ပါတယ်။ 

အာထရာဆောင်းရိုက်ကြည့်တဲ့အခါ အချင်းက အောက်မှာပိတ်နေရင် အတူနေလို့မရပါဘူး၊ ရေမွှာပေါက်နေရင် အတူနေလို့ မရပါဘူး။ ဒီတော့ ဆရာဝန်နဲ့လူနာ ပွင့်ပွင့်လင်းလင်း ရှိသင့်ပါတယ်။ ခင်မင်သွားပြီဆိုရင် ဘာမဆိုမေးရဲလာမယ်။ ဆရာဝန်ကလည်း ဘာမေးမေးစိတ်မဆိုးဘူး။ ဒီလိုအချိန်ရောက်လာရင် တော်တော်ပျော်စရာကောင်းပါတယ်။ 

ဒါကြောင့် မေးခွန်းကို အဆုံးသတ်ရမယ်ဆိုရင် အတူနေလို့ ရပါတယ်။ တချို့ကိစ္စတွေမှာ အတူနေလို့မရတာတွေလည်း ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူတဲ့အတွက်ကြောင့် ဆရာဝန်နဲ့ ဆွေးနွေးခြင်းကသာ အရေးကြီးကြောင်း ပြောလိုပါတယ်။

 

Credit : သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးစိုးလွင်

 

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM မိုဘိုင်းလ်ဖုန်းများဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနဲ့ တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18