Print

ကိုယ်ဝန်ဆောင်သည်တစ်ဦး၏ ပြောင်းလဲမှုဖြစ်စဉ်များ

  17-Dec-2021
Preview Image

ကိုယ်ဝန်ဆောင်မယ်လို့ ဆုံးဖြတ်ပြီး ခြောက်လအလို လောက်ကတည်းက ကျန်းမာရေး စစ်ဆေးမှုတွေနဲ့ မှန်ကန်တဲ့ နေထိုင်မှုပုံစံတွေကို အရင်ဆုံး လိုက်နာကျင့်သုံးပြီးမှ ကိုယ်ဝန်ဆောင် သင့်တယ်လို့ ကျန်မာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက အတည်ပြုထားပါတယ်။ ဒါမှလည်း ကျန်းမာပြီး ဉာဏ်ရည်ကောင်းမွန်တဲ့ ရင်သွေးငယ်လေးကို မွေးဖွားနိုင်မှာပါပဲဖြစ်ပါတယ်။ ကိုယ်ဝန်မဆောင်ခင် ကတည်းက 

(၁) ပြဒါးပါဝင်မှုများတဲ့ ငါးနှင့်အစားအစာကို ရှောင်တာမျိုး

(၂) ဆိုဒါပါဝင်တဲ့ အချိုရည်နဲ့ သကြားပါဝင်မှုများတဲ့ အဖျော်ရည်တွေကို ရှောင်တာမျိုး၊

(၃) အရက်နဲ့ အရက် ပါဝင်တဲ့ အရည်တွေကို ရှောင်တာမျိုး၊

(၄) ကိုယ်အလေးချိန်ထိန်းတာမျိုးတွေကို အရင်ဆုံးလိုက်နာဖို့လိုပါတယ်။ ဒါတွေကိုလိုက်နာပြီးလို့သင့်မှာ ရင်သွေးလေးစတင်ရရှိလာပြီးဆိုနဲ့ သင့်ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေနဲ့ သင့်ရင်သွေးငယ်လေး ကျန်းကျန်းမာမာ ဘယ်လိုဖွံ့ဖြိုးလာမလဲ ဆိုတာကို လေ့လာကြည့်ရအောင်နော်။

 

ကိုယ်ဝန် ပထမဆုံးတစ်ပတ် 

ဒီအချိန်ဟာ ကိုယ်အမှန်တကယ် ကိုယ်ဝန်ဆောင်နေပြီးလို့ မပြောနိုင်သေးပါဘူး။ သင်ရာသီလာပြီးတာ တစ်လပြည့်တဲ့အချိန် ဒါမှမဟုတ် ရာသီလာရမယ့် ပထမဆုံးရက်လည်း ဖြစ်နေနိုင်ပါတယ်။ အဲဒီ့ရက်မှာ ရာသီမပေါ်လာဘူး ဆိုရင်တော့ နောက်ပိုင်း ကိုယ်ဝန်ဆောင်ရမယ့် ရက်သတ္တပတ်ပေါင်း ၃၈ ကနေ ၄ဝ အထိ ဖြစ်ပါတယ်။

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** ထူးခြားတဲ့ပြောင်းလဲမှုမျိုးတော့မရှိပါဘူး။ စားကောင်း သောက်ကောင်းတဲ့အချိန်ဖြစ်ပြီး လုံလောက်တဲ့အနားယူမှုတွေ လိုအပ်တဲ့အချိန်ပါ။ ဒီအချိန်မှာ (Folic acid) ဖောလစ်အက်စစ်တစ်နေ့ကို ၄ဝဝ ကနေ ၆ဝဝ မိုက်ခရိုဂရမ်မှီဝဲဖို့ လိုပါတယ်။

ကိုယ်ဝန် ၂ပတ် အကြာ 

အမျိုးသားရဲ့ အားအကောင်းဆုံးသုက်ပိုးဟာ သားဥအိမ်မှာ သန္ဓေတည်ဖို့အတွက် စောင့်ဆိုင်းနေတဲ့အချိန် ဖြစ်နေပါပြီ။

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု

သင့်ခန္ဓာကိုယ်က ကိုယ်ဝန်ဆောင်ဖို့အတွက် စောင့်ဆိုင်းနေတဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာသင့်ခန္ဓာ ကိုယ်က (Estrogen) နဲ့ (Progesterone) ဟော်မုန်းတွေများလာပြီး ရင်သားကစတင်ကြီးထွားလာကာ အထိအခိုက်မခံနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

 

ကိုယ်ဝန် ၃ပတ် အကြာ 

သုံးပတ်ထဲကိုရောက်လာပြီးဆိုရင်တော့ သားဥလေးအဖြစ် တည်နေပါပြီ။ သင့်ရင်သွေးလေးရဲ့ မျိုးရိုးဗီဇဆဲလ်တွေစတင်ဖွဲ့စည်းနေပါပြီး။

 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** သင့်အသက်အရွယ်က ဘယ်လောက်ပဲဖြစ်နေပါစေ ကျန်းမာရေးကို အထူးဂရုစိုက်ပေးဖို့ လိုအပ်တဲ့အချိန်ပါ။ ဖောလစ်အက်စစ်ကို ဆက်လက်မှီဝဲရပါမယ်။ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးနှင့်ဆရာဝန်ညွှန်ကြားချက်မပါတဲ့ တခြားဆေးတွေကိုရှောင်ပါ။ ရေများများသောက်ပြီးအသီးအနှံပိုစားပါ။

 

ကိုယ်ဝန် ၄ပတ် အကြာ 

အရမ်းကိုဂရုစိုက်ရမယ့်အချိန်ပါ။ ကြက်ဥအရွယ် ပမာဏလောက်ဖွံ့ဖြိုးနေပါပြီ။

 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** ရင်သားတင်းလာတာ၊ နာလာတာ၊ ဆံပင်တွေကျွတ်လာတာ၊ အသားအရေတွေ ပြောင်းလဲလာတာမျိုးတွေ စတင်တော့မယ့် အချိန်ပဲဖြစ်ပါတယ်။ တချို့တွေမှာ အစားအသောက်တွေ ပျက်လာတာမျိုး နေထိုင်မကောင်းတာမျိုးတွေဖြစ်တတ်ပါတယ်။

 

ကိုယ်ဝန် ၅ပတ် အကြာ 

သင့်ရင်သွေးလေးရဲ့ကျောရိုး၊ နှလုံး၊ ဦးနှောက်၊ သွေးနဲ့ သွေးကြောတွေစတင်ဖွံ့ဖြိုးနေပါပြီးလခြမ်းကွဲလေးလို မြင်ရနိုင်ပါတယ်။

 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** ကိုယ်ဝန်ဆောင်သည်အနေနှင့် ဒီအချိန်မှာ စိတ်ဖိစီးမှုတွေ စိုးရိမ်ပူပန်မှုတွေမဖြစ်စေဖို့ အထူးဂရုစိုက်ပါ။ စိတ်ဖိစီးမှုတွေက သင့်ရင်သွေးကိုထိခိုက်စေပါတယ်။ ကျန်းမာပြီးပျော်ရွင်ဖွယ်ရာတွေကို သားကောင်းမိခင်တွေကနေမျှဝေပါ။

 

ကိုယ်ဝန် ၆ပတ် အကြာ 

နှလုံးခုန်နေပါပြီး။ လခြမ်းပုံလေးကနေ လက်တံခြေတံလေးတွေ စတင်ထွက်လာပါပြီး။ တစ်လက်မရဲ့ လေးပုံတစ်ပုံလောက်သာ ရှိပါသေးတယ်။

 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** ကလေးငယ်ဖွံ့ဖြိုးကြီးထွားလာမှုရဲ့ လက်္ခဏာအနေနဲ့တစ်နေ့ကိုငါးကြိမ်လောက် အောအန်တာမျိုး၊ မူးဝေတာမျိုး၊ နေထိုင်မကောင်းတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒီအချိန်မှာတခြားဖြည့်စွက်အားဆေးကို မသောက်နိုင်သေးဘူးဆိုရင်တောင် ဖောလစ်အက်စစ် တစ်နေ့ကို ၆ဝဝ မိုက်ခရိုဂရမ်မှီဝဲဖို့လိုပါတယ်။

 

ကိုယ်ဝန် ရပတ် အကြာ 

ဦးခေါင်းကတစ်လက်မရဲ့ သုံးပုံတစ်ပုံလောက်ကြီးလာပြီး ဦးခေါင်းစတင်ဖွံ့ဖြိုးနေပါပြီး၊ မျက်လုံးလေးတွေလည်းစတင်နေပါပြီး။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** ကိုယ်ဝန်ကိုဆရာဝန်နဲ့အပ်ပြီး လိုအပ်တာတွေကို လိုက်နာဆောင်ရွက်သင့်နေပြီ။ အော့အန်တာ သက်သာစေပြီး ကျန်းမာရေးနဲ့အညီ နေထိုင်ရမယ့်ပုံစံနေတွေကို လေ့လာသင့်နေပါပြီ။ ပျော်ပျော်ရွင်ရွင်နေထိုင်သွားဖို့လည်းလိုပါတယ်။

 

ကိုယ်ဝန် ၈ပတ် အကြာ 

ဦးနှောက်စတင်ဖွံ့ဖြိုးမှုနဲ့အတူ လက်ချောင်း၊ ခြေချောင်းလေးတွေ၊ အဆုတ်၊ နာရွက်၊ အပေါ်နှာခမ်းနဲ့ နှာခေါင်းတွေစတင်ပေါ်ပေါက်နေပါပြီ။ ခန်္ဓကိုယ်ကလည်း စတင်တည်မြဲနေပါပြီ။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** အထိုင်အထတွေကို ဂရုစိုက်ဖို့လိုပါတယ်။ အလေးအပင်တွေအရမ်း မ၊ မသင့်တော့ပါဘူး။ သြမညငညါ ှငခုညနျျ လို့ခေါ်တဲ့ အော့အန်တာမျိုးတွေဖြစ်နေတတ်ပါတယ်။


ကိုယ်ဝန် ၉ပတ် အကြာ 

သင့်ရင်သွေးငယ်ရဲ့ နှလုံးသားဟာလုံးဝ ပြီးပြည့်စုံစွာဖွံ့ဖြိုးနေပါပြီ။ လက်ချောင်း၊ ခြေချောင်းလေးတွေကရှည်လာပါပြီ။ အရိုးတွေစတင်ဖွံဖြိုးနေပါပြီ။ လက်ချောင်းတွေက မျက်နှာကိုစတင်ထိတွေ့ခံစားနေပြီး လက်ချောင်းတွေကလည်း လှုပ်ရှားနေပါပြီ။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** ဟော်မုန်းအခြေအနေက အနည်းငယ်ပုံမှန်ဖြစ်နေတဲ့အချိန် ဖြစ်သွားတဲ့အတွက်နည်းနည်းတော့ နေလို့၊ ထိုင်လို့ကောင်းသွားပါပြီ။ ရေဓာတ်ခန်းခြောက်တာမျိုး မဖြစ်အောင်သတိထားပါ။ သင့်ဆံသားနဲ့အရေပြားတွေ အနည်းငယ်ပြောင်းလဲမှုဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေပြုလုပ်နေကျ လေ့ကျင့်ခန်းတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီး ပြုလုပ်နိုင်သလို အိမ်ထောင်ဖက်နဲ့လည်း အတူနေထိုင်နိုင်ပါတယ်။

 

ကိုယ်ဝန် ၁ဝပတ် အကြာ 

သန္ဓေသားအစစ်အမှန်လေးပါ။ မျက်ခမ်းတွေက မျက်ဝန်းကိုကာကွယ်ပေးထားပါတယ်။ အသက်ရှုတဲ့အခါ လှုပ်ရှားမှုကိုပါမြင်နိုင်ပါပြီ။ တစ်လက်မကျော်လောက်ဖွံ့ဖြိုးလာပါပြီ။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** သင့်ရင်သားမှာ နို့ရင်ဂလင်းတွေစတင်ဖြိုးလာနေပါပြီ။ ရင်သားကလည်း ပိုပိုကြီးမားလာကာ နို့သီး

ခေါင်းထိပ်က အရောင်ပိုပိုတင်းလာပါလိမ့်မယ်။ ထိလိုက်ချိန်မှာ အနည်းငယ်နာကျင်မှုကို ခံစားရနိုင်ပါတယ်။

ကိုယ်ဝန် ၁၁ပတ် အကြာ 

ခန္ဓာကိုယ်အင်္ဂါတွေ အတော်စုံလင်နေပြီ။ သင့်ရင်သွေးလေးက မိန်းကလေးလား၊ ယောကျ်ားလေးလားဆို တာကိုလည်း သိရှိနိုင်ပြီ။ ခန္ဓာကိုယ်အရွယ်အစားက နှစ်လက်မလောက်ရှိနေလောက်ပါပြီ။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** ရေများများသောက်ပါ။ ရေဆာမခံပါနဲ့။ အာဟာရပြည့်ဝစေမယ့် အစားအစာတွေကိုစားပါ။ အစားအရမ်းရှောင်လွန်းတာကြောင့် ကလေးငယ်မှာ အစာအာဟာရလုံလောက်မှုမရှိနိုင်ဘဲ တခြားရောဂါတွေဖြစ်ပွားစေပါတယ်။


ကိုယ်ဝန် ၁၂ပတ် အကြာ

သန္ဓေသားလေးက ခြေကနေခေါင်းအဆုံး သုံးလက်မအနေအထားရှိနေပါပြီ။ ကလေးငယ်ရဲ့ လှုပ်ရှားမှု တွေကိုမြင်နိုင်ပါပြီ။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** သင့်ဝမ်းဗိုက်ကြွက်သားတွေ စတင်အောက်ကို လျှောကျနေပါပြီ။ ခါးနဲ့ တင်ပါးနေရာတွေကအနည်းငယ်ပိုမိုကျယ်ကားလာပြီ ရင်သွေးလေးဖွံ့ဖြိုးလာဖို့ အဆင်သင့်အနေထားမျိုးပါ။


ကိုယ်ဝန် ၁၃ပတ် အကြာ

နှာခေါင်းနဲ့ နှုတ်ခမ်းလေးတွေက ပီပီသသဖြစ်နေပါပြီ။ သုံးလက်မကျော်လောက်မှာအလေးချိန်က တစ်အောင်စလောက်ဖြစ်နေပါပြီ။ ကြွက်သားနဲ့ အရိုးဆစ်တွေဖွံ့ဖြိုးလာပါတယ်။ ကလေးငယ်က အဟာရကိုစုပ်ယူနေပါပြီ။ သည်းခြေအိတ်၊ သိုင်းရွိုက်၊ ကျောက်ကပ် စတာတွေဖွံ့ဖြိုးနေပါပြီ။ သွေးသားတွေလည်း စတင်ဖွံ့ဖြိုးနေပါပြီ။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** ကိုယ်ဝန်ဆောင်စဉ်ကထက်စာရင် နေလို့ကောင်းတဲ့အချိန်ပါ။ ရေကူးတာလိုမျိုး၊ ကိုယ်ဝန်ဆောင်တွေပြုလုပ်တဲ့ ယောဂလေ့ကျင့်ခန်းလိုမျိုး တွေလေ့ကျင့်ပါ။

 

ကိုယ်ဝန် ၁၄ပတ် အကြာ 

လေးလက်မကျော်လောက် ဖြစ်နေပါပြီ။ အာရောကြောစနစ်တွေ၊ မျက်နှာပြင်ကြွက်သားတွေနဲ့ တခြားကြွက်သားတွေ စတင်ဖွံ့ဖြိုးနေပါပြီ။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** မူးဝေအော့အန်တာမျိုးတွေ သိပ်မရှိတော့ပါဘူး။ အဟာရပြည့်ပြည့်ဝဝစားဖို့သာလိုနေတာပါ။ ဒါမှသင့် ရင်သွေးက အစွမ်းကုန်ဖွံ့ဖြိုးကာ ကျန်းမာတဲ့ကလေးငယ်လေးမွေးဖွားလာစေမှာပါ။

 

ကိုယ်ဝန် ၁၅ပတ် အကြာ 

နှာခေါင်းနဲ့ နှုတ်ခမ်းက ထိတွေ့မှုအာရုံတွေကိုခံစားတတ်လာပြီ။ ငါးလက်မအရွယ်လောက်ရှိလာပါပြီ။အလေးချိန်က နှစ်ပေါင်လောက်ဖြစ်လာပါပြီ။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** ရင်သားက နို့ရည်ဂလင်းတွေက အဆင်သင့်ဖြစ်နေပါပြီ။ နို့သီးခေါင်းထဲမှာ အဖြူဖတ်လေးတွေဖြစ်နေပြီး အနည်းငယ်စိုစွတ်နေတတ်ပါတယ်။ သက်တောင့်သက်သာဖြစ်စေမယ့် အတွင်းခံကိုဝတ်ဆင်ပါ။ ဝမ်းဗိုက်ကတဖြည်းဖြည်းတင်းလာတဲ့အတွက် အကြောပြတ်တာကို ကာကွယ်ဖို့ သံလွင်ဆီလိမ်းပါ။

 

ကိုယ်ဝန် ၁၆ပတ် အကြာ 

ကလေးငယ်က ၂ ဒသမ ၈ အောင်စ၊ ၇၉ ဂရမ်၊ လေးလက်မကျော် အရွယ်အစားရှိနေပါပြီ။ ရိုးဆစ်တွေကလည်း ခိုင်မာနေပါပြီ။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** နှစ်ပေါင်ကျော်လောက်ကိုလွယ်ထားရတဲ့အတွက် ခန္ဓာကိုယ်ကအနည်းငယ်လေးနေသလိုတော့ခံစားနေရမှာပါ။ တစ်နေ့ကို ကယ်လိုရီ ၂ဝဝဝ လောက်ပြည့်ဝအောင်စားပေးပါ။

 

ကိုယ်ဝန် ၁ရပတ် အကြာ 

သင့်ရင်သွေးငယ်လေးကသင့်လက်ဖဝါးအနေအထားလောက်ဖြစ်နေပါပြီ။ ခြောက်လက်မအရွယ်လောက်ရှိနေပြီး လေးအောင်စလောက်ရှိနေပါပြီ။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** ရင်သားတွေကဖွံ့ဖြိုးပြည့်တင်းလာပြီ ရင်သွေးငယ်လေးရဲ့ လှုပ်ရှားမှုဖြစ်စေကို သတိထားမိလာပါပြီ။

ကိုယ်ဝန် ၁၈ပတ် အကြာ 

သွားနဲ့သွားဖုံးတွေ စတင်ဖွံဖြိုးနေပါပြီ။ ခြောက်လက်မအရှည်ရှိနေပြီး၊ အလေးချိန်က ရှစ်အောင်စလောက်ရှိနေပါပြီ။ ပုံစံအမျိုးမျိုးလှုပ်ရှားပြောင်းလဲနေတဲ့ အချိန်ဖြစ်ပါတယ်။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** ရင်သွေးလေးလှုပ်ရှားလို့ ခြေထောက်နဲ့ကန်မိချိန်မှာ အနည်းငယ်နာကျင်မှုကိုခံစားရတတ်ပါတယ်။ ခြေထောက်ရောင်တာ၊ ကိုက်တာမျိုးတွေလည်းဖြစ်တတ်ပါသေးတယ်။


ကိုယ်ဝန် ၁၉ပတ် အကြာ 

အလေးချိန်ရှစ်အောင်စကျော်လာပါပြီ။ ကျား၊ မ ပိုမိုထင်ရှားလာပြီး ခြေဆံ၊ လက်ဆံလေးတွေလည်းပီပြင်လှပနေပါပြီ။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** ရင်သားကအတော်ကို ဖွံ့ထွားနေပြီး တင်ပဆုံပိုင်းကလည်း ကျယ်ဝန်းလာပါပြီ။ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပါ။ စိတ်ဖိစီးမှုတွေမဖြစ်အောင် ဂရုပြုပါ။ သင်စားတဲ့အစားအစာတေါထဲမှာ ဗီတာမင်ဘီကြွယ်ဝတာကိုမှီဝဲပေးပါ။ ကလေးငယ်ဦးနှောက်ဖွံ့ဖြိုးစေဖို့ ကူညီပေးနိုင်ပါတယ်။

ကိုယ်ဝန် ၂ဝပတ် အကြာ

 

အဖြူရောင် ခရင်မ်ပုံစံအဖတ်တွေနဲ့ အရေပြားပေါ်မှာ ဖုန်းအုပ်နေတာတွေကိုတွေ့ရမှာပါ။ ချွေးဂလင်းတွေက စတင်ဖြစ်ပေါ်နေပါပြီ။ သန္ဓေသားရဲ့အရွယ်ဟာ ၁၀ လက်မလောက်ရှိနေပြီး ကိုးအောင်စရှိနေပါပြီ။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** ဝမ်းဗိုက်ကလည်းပိုမိုကြီးထွားလာနေပါပြီ။ မဖြစ်မနေသားဖွားမီးယပ်ဆရာဝန်နဲ့ တွေ့ဆုံသင့်နေပါပြီ။


ကိုယ်ဝန် ၂၁ပတ် အကြာ 

၁ဝ လက်မခွဲလောက် အရပ်ကရှိနေပါပြီ။ မျက်ခုံးနဲ့ မျက်တောင်တွေပြည့်စုံနေပါပြီ။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** ကျန်းမာတဲ့ရင် ရင်သွေးလေးရနေပြီဖြစ်လို့ပုံမှန်အတိုင်း ဆက်လက်ထိန်းသိမ်းသွားပါ။ သက်တောင့်သက်သာဖြစ်စေမယ့် အနေအထားနဲ့ အိမ်ထောင်ဖက်နဲ့အတူ နေထိုင်နိုင်ပါတယ်။


ကိုယ်ဝန် ၂၂ပတ် အကြာ 

၁၁လက်မလောက်အရပ်ရှည်လာပြီး တစ်ပေါင်အောက်အလေးချိန်ရှိနေပါပြီ။

 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** ကိုယ်ဝန်ဆောင်သည်အများစုဟာ သွေးအားနည်းတာမျိုး ကြုံတွေရနိုင်ပါတယ်။ မိန်းမကိုယ်လမ်းကြောင်း ပိုးဝင်တာမျိုမဖြစ်အောင်လည်း သတိထားဖို့လိုပါတယ်။ ဌ-မပျေ တွေကို သတိထားရှောင်ပါ။


ကိုယ်ဝန် ၂၃ပတ် အကြာ 

ကလေးငယ်က တစ်ပေါင်အလေးချိန်ရှိနေပါပြီ။ ကလေးငယ်၏ ဝမ်းဗိုက်ပိုင်း၊ မိန်းကလေးငယ်ဆိုရင် သားအိမ်ပိုင်းနေရာတွင်ဖွံ့ဖြိုးနေပါပြီ။

 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** ဒီအချိန်မှာ အထူးထိန်းသင့်တာက ကိုယ်အလေးချိန်မှာ လိုအပ်တဲ့အာဟာရကိုရှိစေဖို့ မှန်ကန်တဲ့အာဟာရကို မမှီဝဲရင် ကိုယ်အလေးချိန်တတ်လာနိုင်ပါတယ်။


ကိုယ်ဝန် ၂၄ပတ် အကြာ 

ဦးခေါင်းကအောက်ကိုစိုက်နေပါပြီ။ ဆံပင်တွေလည်းပေါက်နေပြီး တစ်ပေါင်ကျော်ကိုယ်အလေးချိန်ဖြစ်လာပါပြီ။ ၁၂လက်မလောက်အရပ်ကရှည်နေပါပြီ။

 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** ကလေးငယ်ကိုအပြင်က စကားပြောကရိယာနဲ့ စကားပြောလို့ရနေပါပြီ။ ကလေးငယ်ရဲ့လှုပ်ရှားမှုကို သိသိသာသာခံစားနားလည်နေပါပြီ။

ကိုယ်ဝန် ၂၅ပတ် အကြာ 

၁၃လက်မလောက်အရှပ်ရှည်နေပါပြီ။ ကလေးငယ်ကသူ့ခြေထောက်ကို လက်နဲ့ထိတွေနိုင်ပါပြီ။ အစားအသောက်နည်းလွန်းရင် ဒီအချိန်မှာသွေးအားနည်းစေနိုင်ပါတယ်။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** နေထိုင်တဲ့ပုံစံကိုအထူးသတိပြုပါ။ ခါးနာတာမျိုး၊ နောက်ကျောနာကျင်တာမျိုးတွေဖြစ်နေစေနိုင်ပါတယ်။


ကိုယ်ဝန် ၂၆ပတ် အကြာ 

မျက်လုံးစတင်ပွင့်နေပါပြီ ။ အိပ်ချိန်လည်းကြာလာပါပြီ။ ၁၄ လက်မရှိပြီဖြစ်ပြီး။ နှစ်ပေါင်အလေးချိန် ဖြစ်လာပါပြီ။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** အိပ်စက်ရတာ သက်တောင့်သက်သာသိပ်မရှိတော့ပါဘူး။ သင့်ရင်သွေးကမိန်းကလေးဆိုရင် ဘယ်ကိုစောင်းအိပ်ပါ။ ယောကျ်ားလေးဆိုရင် ညာကိုစောင်းအိပ်ပါ။

ကိုယ်ဝန် ၂ရပတ် အကြာ

 

အသက်ရှုနိုင်နေပါပြီ။ ၁၅လက်မအရပ်ရှိပြီး နှစ်ပေါင်ကျော်နေပါပြီ။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** ကလေးငယ်ရဲ့ကိုယ်အလေးချိန်က သင့်နောက်ကျောပေါ်သက်ရောက်မှုရှိလာပြီး ခါးအနည်းငယ် နာကျင်တာမျိုးဖြစ်စေပါတယ်။

 

ကိုယ်ဝန် ၂၈ပတ် အကြာ

မျက်လုံးနဲ့နားအကြားဆက်စပ်မှုတွေက ရင်သွေးငယ်ကခံစားတတ်နေပါပြီ။အရေးကြီးတဲ့အစိတ်အပိုင်းတွေအားလုံးနီးပါးပြည့်စုံနေပါပြီ။

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** သင်ကတော့ပိုပြီးတော့သက်သောက်သက်သာမဖြစ်တာမျိုးခံစားရမှာပါ။


ကိုယ်ဝန် ၂၉ပတ် အကြာ 

နှစ်ပေါင်ခွဲနဲ့ ၁၅ ကနေ ၁၇ လက်မရှိနေပါပြီ။ ကလေးငယ်ရဲ့ ဦးနှောက်ကောင်းကောင်းဖွံ့ဖြိုးနေပါပြီး အိပ်မက်တောင်မက်နိုင်တဲ့ အခြေအနေဖြစ်ပါပြီ။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** သက်သောင့်သက်သာဖြစ်စေကာ စိတ်သက်သာရာရစေမယ့် နေထိုင်နည်းတွေသာအချိန်ကုန်ပါ။

ကိုယ်ဝန် ၃ဝပတ် အကြာ 

သုံးပေါင်လောက်ရှိနေပါပြီ။ ကလေးငယ်ရဲ့အနေထားတွေကို အရမ်းစိုးရိမ်စရာမလိုပါဘူး။ သူကလှုပ်ရှားနေအုံးမှာပါ။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** သင့်ဗိုက်က ဖရဲသီးတစ်လုံးလောက်တင်ထားရနေပါပြီ။ အသက်ပုံမှန်ဖြစ်စေဖို့သတိထားပါ။

 

ကိုယ်ဝန် ၃၁ပတ် အကြာ 

သုံးပေါင်ခွဲရှိနေပါပြီ။ ရင်အုပ်တွေကချစ်စရာဖြစ်နေပါပြီ။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** အိပ်ရတာသက်သောင့်သက်သာမဖြစ်ပေမယ့် မအိနပ်အစားတွေမလော့ပါနဲ့။

ကိုယ်ဝန် ၃၂ပတ် အကြာ 

အာရုံငါးပါးကိုခံစားတတ်လာပါပြီ။ ဥပမာရုတ်တရက်အေးတဲ့ရေနဲ့ သင်လောင်းချိုးလိုက်ချိန်မှာ အထဲကလှုပ်ရှားမှုကို ခံစားရပါလိမ့်မယ်။

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** အာဟာရရှိတာတွေ စားလေလေသင့်ကလေးငယ်အတွက် ကောင်းလေလေပါပဲ။ အစားရှောင်တာကြောင့် ကလေးဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။

 

ကိုယ်ဝန် ၃၃ပတ် အကြာ 

လေးပေါင်ခွဲဖြစ်ပြီး ၁၇ လက်မအရပ်ရှည်နေပါပြီ။ အခုအချိန်မှာ အခန့်မသင့်လို့မွေးဖွားခဲ့မယ်ဆိုတောင် ကိုယ်ခံအားစနစ်တွေ စတင်အလုပ်လုပ်နေပါပြီ။

 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** ကိုယ်ဝန်မဆောင်ခင်ထက် ခြောက်ပေါင်လောက် ကိုယ်အလေးချိန်တိုးလာနိုင်ပြီး သားဖွားမီးယပ် ဆရာဝန်နဲ့ တစ်ပတ်တစ်ကြိမ်လောက်ပုံမှန်တွေ့ဆုံပါ။

 

ကိုယ်ဝန် ၃၄ပတ် အကြာ 

အသက်ကိုလေးလေးနက်နက်ရှုတတ်နေပြီး အိပ်တာနဲ့နိုးတာခွဲခြားနေပါပြီ။ ငါးပေါင်ကိုယ်အလေးချိန်ဖြစ်နေပြီ။ ၁၈ လက်မလောက်အရပ်ရှည်နေပါပြီ။

 သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** ရေများများသောက်ပါ၊ သက်သောင့်သက်သာဖြစ်စေမယ့် လေ့ကျင်ခန်းတွေသာပြုလုပ်ပါ။


ကိုယ်ဝန် ၃၅ပတ် အကြာ

ငါးပေါင်အထက်မှာရှိနေပါပြီ။ ကြက်ဆင်ပေါက်လေးတစ်ကောင်လိုဖြစ်နေပါပြီ။ လှုပ်ရှားမှုကအတော်

လေးကိုများနေပါပြီ။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** တကယ့်ကိုသက်သောင့်သက်သာမဖြစ်တဲ့အချိန်ဖြစ်ပြီး ကလေးငယ်လှုပ်ရှားမှုကို အချိန်တော်တော်ကြာခံစားနေရနိုင်ပါပြီ။


ကိုယ်ဝန် ၃၆ပတ် အကြာ 

ကလေးငယ်ကခြောက်ပေါင်လောက် ရှိနေနိုင်ပါတယ်။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** ကလေးငယ်ကလှုပ်တော့လှုပ်ရှားပါမယ် ဒါပေမယ့် တဖြည်းဖြည်းချင်းဖြစ်နေပါပြီ။ နို့ထွက်အားကောင်း

စေမယ့် အစားအစာတွေကိုရွေးစားနိုင်ပါပြီ။ ကလေးမွေးဖွားဖို့လည်းသင့်အနေနဲ့ အသင့်လိုအပ်တာတွေဝယ်ထားနိုင်ပါပြီ။

 

ကိုယ်ဝန် ၃ရပတ် အကြာ

မွေးဖွားတော့မယ့်ပုံစံမျိုးဖြစ်နေပါပြီ။ ခြေနဲ့လက်တွေကို ဆန့်ထုတ်အားယူတတ်နေပါပြီ။ ဆဲလ်သေတွေ လည်းထွက်နေတဲ့အတွက် ခြေသည်းလက်သည်းတွေရှိနေပါပြီ။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** သက်သောင့်သက်သာမရှိဖြစ်နေနိုင်ပြီး ဒီအချိန်မှာရပ်ဝေခရီးမသွားသင့်တော့ပါဘူး။ ဆေးရုံသွားဖို့

အသင့်ပြင်ဆင်ထားပါ။


ကိုယ်ဝန် ၃၈ပတ် အကြာ 

ကလေးငယ်ကခုနှစ်ပေါင်ခွဲလောက်ဖြစ်နေပါပြီး အာရုံကြော ဦးနှောက်ဆက်နွယ်မှုတွေ အကောင်းဆုံးဖြစ်နေပါပြီ။ သူလှုပ်ရှားနေတိုင်းလှုပ်ရှားနိုင်ပါပြီ။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** အစာကိုနည်းနည်းစီနဲ့မကြာခဏစားပါ။ တစ်ချိန်တည်းအများကြီးမစားပါနဲ့။ အနားယူသင့်တဲ့အချိန် ဖြစ်နေပါပြီ။


ကိုယ်ဝန် ၃၉ပတ် အကြာ 

မွေးဖွားတဲ့အချိန်ကိုရောက်နေပါပြီ ကိုယ်ဝန်ဆောင်ရဲ့ ၃၉ ပတ်ဆိုတာ ကိုးလကျော်ကိုရောက်နေပါပြီ။ ရင်သွေးငယ်လေးဟာ လူ့လောကထဲကို ရောက်ရှိဖို့အသင့်အနေအထားဖြစ်နေပါပြီ။ 

သင့်ခန္ဓာကိုယ်ပြောင်းလဲမှု ** စိတ်ကိုသက်သောင့်သက်သာဖြစ်အောင်ထားပ။မွေးဖွားချိန်မှာသင်ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းတွေက ကလေးငယ်မွေးဖွားရလွယ်ကူစေဖို့ အထောက်အကူပြုစေပါတယ်။ ကလေးငယ်တိုးတဲ့အချိန်မှာ ညှစ်အားသုံး

ပြီးမွေးနိုင်ပါတယ်။ နာယူမှုကတော့ လူတစ်ယောက်ရဲ့ ခံနိုင်ရည်အားရဲ့ခြောက်ကနေ ၁ဝ ရာခိုင်နှုန်းလောက်ထိ ဖြစ်ပါတယ်။

ကလေးမွေးဖွားပြီးချိန်

ရင်သွေးငယ်လေးကို ကျန်းမာစွာမွေးဖွားပေးနိုင်ပါပြီ။ ဂုဏ်ယူစရာကောင်းတဲ့အချိန်ပဲဖြစ်ပါတယ်။ အရင်ဆုံးမိခင်ရဲ့နို့ဦးရည် ကိုတိုက်ကျွေးပါမှ သင့်ကလေးငယ်ရဲ့ခန္ဓာကိုယ်တွက်ခုခံစွမ်းအားတွေကိုလည်း ရရှိစေမှာဖြစ်ပါတယ်။ မိခင်နို့ဦးရည်မှာ ရောဂါပိုးတွေကို တိုက်ထုတ်နိုင်တဲ့ အင်ဒီဘော်ဒီတွေပါဝင်နိုင်တယ်။ 

မိခင်လောင်းတို့ လိုက်နာသင့်သည်များ ကလေးမွေးပြီးချိန်မှာသားအိမ်ကနေ သေသေချာချာနေရာကျဖို့အတွက် နှစ်ပတ်လောက်လို့ပါတယ်။ ကလေးမွေးပြီ ၄၅ ရက်အတွင်းမှာ ရာသီသွေးနည်းနည်းချင်းပေါ်နေနိုင်ပါတယ်။ ၄၅ ရက်ကျော်မှ ခင်ပွန်းသည်နဲ့အတူနေသင့်ပါတယ်။ ကလေးမွေးပြီးပြီးချင်းဗီတာမင်အေဖြည့်စွတ်အားဆေးကို မှီဝဲဖို့လိုပါတယ်။ ဒါက ရင်သွေးငယ်အတွက် ကြာဆူးမပေါက်အောင်နဲ့ မျက်စီအမြင်အာရုံကောင်းစေဖို့အတွက် ကူညီနိုင်ပါတယ်။


၄၅ ရက်ကျော်မှ သန္ဓေတားဆေးကို ဆရာဝန်နဲ့တိုင်ပင်ပြီး ဆုံးဖြတ်မှီဝဲနိုင်ပါတယ်။ ဗီတာမင်အေဟာ သန္ဓေတားဆေးရဲ့ အာနိသင်ကို ပျက်ပြယ်စေတာကြောင့် ကလေးမွေးပြီးတာနဲ့ ဗီတာမင်အေဖြည့်စွတ်အားဆေးကို မှီဝဲနိုင်ပါမှ ကလေးငယ်ဆီကို မိခင်နို့ကတစ်ဆင့်ရောက်ရှိနိုင်စေမှာဖြစ်ပါတယ်။

 

Ref: Arogyam Magazine

No.272, pg 189-193, March,


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18