Print

ဆီးချိုခြေထောက်

  15-Dec-2021
Preview Image

ခြေထောက် အဖြတ်ခံရသူများ၏ ၇၀ ရာခိုင်နှုန်းသည် ဆီးချိုသွေးချိုရောဂါရှင်များ ဖြစ်ကြပါသည်။ ဆီးချိုသွေးချိုရောဂါရှင်များတွင် သွေးကြောများနှင့် အာရုံကြောများ ထိခိုက်ပျက်စီးမှုကြောင့် ခြေထောက်တွင် ထုံကျဉ်ခြင်း၊ ထိတွေ့မှု အာရုံ မကောင်းခြင်းများ ရှိကြသည်။ ထို့ကြောင့် ခြေထောက်တွင် အနာဖြစ်ပါက သတိမထားမိဘဲ နေမိတတ်သည်။ လမ်းသွားသောအခါ ဖိနပ်မစီး၍ ကျောက်စရစ်ခဲ စူးခြင်းဖြစ်စေ၊ တစ်စုံတစ်ရာထိခိုက်၍ဖြစ်စေ အာရုံကြောလေးများ ထုံနေမှုကြောင့် စူးခြင်း၊ နာခြင်း၊ ခံစားမှု မရှိဘဲ ဖြစ်တတ်သည်။ ထိုမှတစ်ဆင့် အနာများဖြစ်ကြသည်။ သွေးအတွင်း အချိုဓာတ်များနေသောကြောင့် ဘက်တီးရီးယားပိုးများ အချိန်မီ ကုသမှု မရရှိပါက ပိုးများ လျင်မြန်စွာ ပျံ့သွားပြီး ခြေထောက်ဖြတ်တောက် ခံရသည်အထိ ဖြစ်တတ်သည်။

 

ဆီးချိုသွေးချိုရောဂါရှင်များတွင် သွေးတွင်းအချိုဓာတ် ပမာဏများပြားမှုကြောင့် သွေးကြောများ ထိခိုက်ပျက်စီးကာ သွေးကြောများ ကျဉ်းသွားကြသည်။ ခြေထောက်သို့ သွားသော သွေးကြောများ ကျဉ်းသွားပြီး သွေး မရောက်လျှင်လည်း ခြေထောက်ပုတ်သွား၍ ခြေထောက်ဖြတ်ခံရတတ်ပါသည်။ ဆေးလိပ် သောက်သုံးမှုပါ ရှိပါက သွေးကြောများ လျင်မြန်စွာ ပျက်စီးနိုင်ပါသည်။ ဆီးချိုသွေးချိုရောဂါရှင်များအနေနှင့် မိမိခြေထောက်ကို ကာကွယ်ရန် အလွန်အရေးကြီးလှပါသည်။


• ခြေထောက်ကို နေ့စဉ်ဆေးကြောပြီး သန့်ရှင်းခြောက်သွေ့အောင် ထားပါ။

• မိမိခြေထောက်များတွင် အောက်ဖော်ပြပါ အရာများရှိ မရှိ၊ မှန် မမှန် စစ်ဆေးပါ။

• ခြေထောက်၏ အသားအရေများ အရောင်ပြောင်းလဲမှု ရှိသလား။

• ခြေထောက်များ အေးနေသလား။

• ခြေထောက်တွင် အနာရှိသလား။

• ခြေစွယ်ငုပ်ခြင်း ရှိသလား။

• ခြေဖဝါးတွင် အသားမာတက်ခြင်း ရှိသလား။

• အခြားထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာရှိသလား။

• ဖိနပ်ကို စနစ်တကျ စီးပါ။

• မိမိနှင့်ကျပ်နေသော ဖိနပ်ကို မစီးပါနှင့်။

• ခြေသည်းညှပ်ပါက ဖြောင့်တန်းစွာ ညှပ်ပါ။

• ထုံ၊ ကျဉ်နေသောနေရာတွင် ရေနွေးအိတ် မတင်ပါနှင့်။

• ပူနေသောနေရာများတွင် ခြေထောက် မတင်ပါစေနှင့်။

• ဆေးလိပ် မသောက်ပါနှင့်။

• ခြေထောက်တွင် အနာဖြစ်ပါက မည်မျှသေးသော အနာဖြစ်စေ မပေါ့ဆပါနှင့်။

တတ်ကျွမ်းသော ဆရာဝန်နှင့် အချိန်မီ ကုသမှု ခံယူပါ။


Credit:ဒေါက်တာအေးအေးဝင်း


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18