Print

ပျားတုပ်ခံရလျှင် အရေးပေါ်လုပ်ဆောင်ရမည့်အချက်များ

  01-Dec-2021
Preview Image

နွေရာသီဟာ အင်းဆက်ပိုးမွှားတွေ ထွက်တဲ့အချိန်ဖြစ်လို့ ဒီလိုအချိန်မျိုးမှာ ပျား၊ပျားတူစတဲ့ သတ္တဝါတွေတုပ်ခံရတာမျိုးဖြစ်တတ်ပါတယ်။ တချို့တွေမှာ အသက်အန္တရာယ်ထိဖြစ်နိုင်တာမို့ ပျားတုပ်ခံရတဲ့အခါ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

 

၁. လိုအပ်လျှင် ဆေးရုံသို့သွားပါ 

တကယ်လို့သင့်မှာ အလာဂျစ်ဖြစ်တဲ့ လက္ခဏာတွေပေါ်လာခဲ့ရင် ဆေးရုံသို့ချက်ချင်းသွားသင့်ပါတယ်။ 

(ဥပမာ- အသက်ရှူကြပ်ခြင်း၊ အရေပြားတွင် အနီစက်နဲ့အဖုအပိန့်တွေထခြင်း၊ယားယံခြင်း၊မူးဝေခြင်းစသည်)


၂.တုပ်တဲ့ပျားရဲ ့အဆိပ်ဆူးကိုဖယ်ရှားပါ 

ပျားတွေဟာ လူကိုတုပ်ပြီးသွားတဲ့အခါ သူတို့ရဲ့အဆိပ်ဆူးတွေ ချန်ထားတတ်ပါတယ်။ ဆူးကို ဇာဂနာလို အရာမျိုးနဲ့ဖယ်ရှားလို့ရပါတယ်။ ဆူးကိုမဖယ်ခင် အတုပ်ခံရတဲ့နေရာကို သန့်ရှင်းအောင်ဆေးကြောဖို့ မမေ့သင့်ပါဘူး။ ဆူးဖယ်တဲ့အခါ သတိပြုရမှာက ခန္ဓာကိုယ်ထဲကို အဆိပ်တွေ ပိုမိုမပြန့်နှံ့အောင် ဒဏ်ရာကို လက်ဖြင့်ညှစ်ခြင်းမပြုသင့်ပါဘူး။

 

၃.ပျားတုပ်ခံရတဲ့ဒဏ်ရာကို အအေးကပ်ပေးပါ 

ပျားတုပ်ခံရတဲ့နေရာမှာ ရောင်ရမ်းခြင်းက မလွဲမသွေတွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနေရာကို ရေခဲလို အေးတဲ့အရာတခုခုကပ်ပေးခြင်းအားဖြင့် အရောင်သက်သာစေပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ ရေခဲတုံးတွေထည့်ထုပ်ထားတဲ့ အဝတ်စကို ပျားတုပ်ထားတဲ့ဒဏ်ရာပေါ်ကပ်ပေးခြင်းဖြစ်ပါတယ်။

 

၄.ပျားတုပ်ထားတဲ့ ဒဏ်ရာကိုကုသပေးခြင်း 

ဒဏ်ရာကို ဆပ်ပြာနဲ့ရေဖြင့် သေချာစင်ကြယ်အောင်ဆေးပေးပါ။ မုန့်ဖုတ်ဆော်ဒါ၊ ပျားရည် သို့မဟုတ် သွားတိုက်ဆေးတို့ကိုလည်း အသုံးပြုလို့ရပါတယ်။ ပျားရည်ဆို ၁နာရီထားပြီး သွားတိုက်ဆေးဆိုရင် မိနစ် ၂၀-၃၀ထားပြီး ရေနဲ့ဆေးချပါ။ ဒဏ်ရာပေါ်ကို Calamine lotionသို့မဟုတ် Hydrocortisone cream လိမ်းပေးပါ။

 

၅.ဆေးသောက်ခြင်း 

အကိုက်အခဲပျောက်ဆေးများနဲ ့ စီထရီဇင်း(Cetrizine)လိုantihistaminesတွေသောက်ခြင်းအားဖြင့် နာကျင်ခြင်းကိုသက်သာစေပြီး အလာဂျစ်လက္ခဏာတွေကို သက်သာစေပါတယ်။ ကလေးငယ်တွေကိုတော့ အကိုက်အခဲပျောက်ဆေးတွေ မပေးသင့်ပါဘူး။

 

Dr. MMO


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18