Print

နှုတ်ခမ်းအသားပပ်ခြင်းအတွက် ရိုးရှင်းလွယ်ကူသော အိမ်တွင်းကုထုံးလေးများ

  21-Nov-2021
Preview Image

ရာသီဥတု ပူလွန်း၊ အေးလွန်းတဲ့အခါ ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေမှာ သိသိသာသာ နှုတ်ခမ်းအသားပပ်လေ့ရှိပါတယ်။ နှုတ်ခမ်းဆိုးဆေး ဓာတ်မတည့်ခြင်းကြောင့်လည်း နှုတ်ခမ်းအသားပပ်တဲ့ ဝေဒနာမျိုးခံစားရနိုင်ပါတယ်။ ဘယ်လို နည်းကြောင့်ဘဲ ဖြစ်ဖြစ် အသားပပ်တဲ့အခါ နာကျင်ခံစားရုံမျှမက၊ အလှပျက်၍ ဆွဲဆောင်မှု မရှိနိင်တော့ပါဘူး။ ဒါပေမယ့် စိတ်မပူပါနှင့်။ အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံးလေးများက နှုတ်ခမ်း ၂-လွှာကို ပကတိအတိုင်း စိုအိချောမွေ့စေနိုင်မှာ ဖြစ် ပါကြောင်း။ 

(၁) ရေပိုသောက်ပါ။ (လက်ရှိသောက်နေကျ ရေပမာဏထက် ၂-ဆ တိုး၍ သောက် ပါ။ ရေခဲရေ မသောက်ရ) 

(၂) ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တို့ကို များများစားပေးပါ။ 

(၃) ဗီတာမင်အားဆေးများဖြစ်ကြတဲ့ ဗီတာမင် B2 ၊ ဗီတာမင် C ၊ ဗီတာမင် E ၊ ငါးကြီးဆီ ဆေးလုံးများမှီဝဲပါ။ 

(၄) သခွားသီး ပါးပါးလှီး၍ ကပ်ပေးပါ။ 

(၅) ကော်ဖီ၊ လ္ဘက်ရည်၊ ရေနွေး၊ ဟင်းရည်၊ စွပ်ပြုတ် တို့ကို အအေးခံ၍ သောက်ပါ။ (အကယ်၍ ထိုအရည်ပူပူများကို စတီးလ် ခွက်၊ ဒန်ခွက်၊ စတီးလ်ဇွန်းတို့ဖြင့် နှုတ်ခမ်းေ တ့၍ သောက်မိတဲ့အခါ ဝေဒနာများ ပိုမိုဆိုးရွားလာစေပါလိမ့်မယ်) 

(၆) အသားလှဆီ(သို ့မဟုတ်)သကြားရည်(သို့မဟုတ်)နှင်းဆီရည် လိမ်းနိုင်ပါတယ်။ (နှင်းဆီရည်(ခေါ်)rose water ကို အလှ ကုန် ပစ္စည်းအရောင်းဆိုင်တွေမှာ ဝယ်ယူ ရရှိနိုင်ပါတယ်) 

(၇) အုန်းဆီ(သို ့မဟုတ်)သံလွင်ဆီ(သို့မဟုတ်)ကြက်ဆူဆီ(သို့မဟုတ်)မုန်ညင်းဆီ လိမ်းပေးပါ။ 

(၈) ဗီတာမင်အီး အဆီဆေးလုံး ဖေါက်၍လိမ်းပါ။ (ထိုဆေးလုံးလေးတွေကို အလှကုန် ပစ္စည်းအရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင် ပါတယ်) 

(၉) ပျားရည်(သို ့မဟုတ်)ရှားစောင်းလက်ပပ် ဂျယ်လီအနှစ်လိမ်းပါ။ 

(၁ဝ) နွားနို ့ကရင်မင် လိမ်းပေးပါ။ 

(၁၁) နေမထိ ပါစေနှင့်။ 

(၁၂) လေစိမ်း တိုက်မခံပါနှင့်။

(၁၃) မကြာခဏ တံတွေးဆွတ်ခြင်းကလည်း နှုတ်ခမ်းသားခြောက်သွေ့ခြင်းကို ပိုမို ဆိုးရွားလာစေနိုင်ပါတယ်။ 

(၁၄) နှုတ်ခမ်းအသားပပ် ကွဲအက်နေစဉ်မှာ ဖြစ်နိုင်ရင် နှုတ်ခမ်းဆိုးဆေး လုံးဝ မသုံး သင့်ပါဘူး။ (သက်တမ်းကြာ ဆိုဆေးများ နှင့် ကာဗွန်ဓာတ်ပါဝင်မှုများသော ဆိုးဆေး အရောင်ရင့်ရင့်တွေက ဝေဒနာကို ပိုမိုဆိုးရွားလာစေနိုင်လို ့ အထူးသတိပြုပါ) 

(၁၅) ဝေဒနာမပျောက်ခင်မှာ၊ မဖြစ်မနေ နှုတ်ခမ်းဆိုးဆေးသုံးချင်ပါက အရောင်မပါ တဲ့ နှုတ်ခမ်းဆိုးဆေးအဆီကိုသာ ရွေးချယ် ပေးပါ။ 

(၁၆) နှုတ်ခမ်းသား အဖတ်လန်နေတာတွေကို လက်ဖြင့်ဆွဲဖဲ့ခြင်း၊ သွားနှင့်ကိုက်ခြင်း မျိုးတွေမလုပ်ပါနှင့်။ ပို၍ အဖတ်လန်လာ နိင်တဲ့အပြင်၊ အသားစစိုက်ပြီး သွေးထွက် တတ်ပါတယ်။ 

(၁၇) အရေပြား ဆဲလ်တွေသေခြင်းကြောင့် နှုတ်ခမ်းသားတွေ အဖတ်လန် လာရပါ တယ်။ နောက်ထပ်ဆဲလ်တွေ မသေနိုင်အောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် သွားတိုက်တံသုံး၍ နှုတ်ခမ်းပေါ် ခပ်ဖွဖွ ပွတ်တိုက်ပေးပါ။

 

အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍ လှနိုင်ကြပါစေရှင်။

 

Credit : ပေါက်ပေါက်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18