Print

အဖြစ်များသော နားပြည်ယိုခြင်း

  13-Nov-2021
Preview Image

နားပြည်ယိုတတ်တယ်ဆိုတာ နားထဲက ပြည်ထွက်လာတာပါ။ နားပြည်ယိုတာက

လတ်တလောဖြစ်တာနဲ့ နာတာရှည်ဖြစ်တာဆိုပြီး အုပ်စုနှစ်ခုရှိပါတယ်။ ခဏတာဖြစ်တာက နှားစေး၊ ချောင်းဆိုးခြင်းဖြစ်ပြီး လေး၊ ငါးရက်လောက် ကြာတဲ့အခ နားထဲမှာတင်းလာတယ်။ ကလေးတွေမှာ အဖြစ်များပါတယ်။ နှာစေး၊ ချောင်းဆိုးဖြစ်ရကနေ နားထဲမှာ အရမ်းကို ကိုယ်ပြီးဖြစ်တယ်။ ပြည်ပေါက်ထွက်ရင်တော့ နားကိုက်တာ ပျောက်သွားတယ်။ 

နားကိုက်တာက တစ်ရက်၊ နှစ်ရက်လောက် ကိုက်တယ်။ ပြည်ပေါက်ထွက်ရင်

ပြည်နှင့်သွေးပါ ရောပါတတ်တယ်။ ဆေးသောက်လိုက်ရင် သုံး၊ လေး၊ ငါးရက် တစ်ပတ်

လောက်နှင့် ပျောက်သွားနိုင်ပါတယ်။ အဲဒါကို Acute Suppurative Otitis Media လို့ခေါ်ပါတယ်။ နားပြည်ယိုတာက ပြည်ပေါက်သွားပြီးတဲ့အခါ ဆေးသောက်လိုက်ရင် ပြည်ခြောက်သွားတယ်။ ပေါက်သွားတဲ့ နားစည်လည်း ပြန်ခြောက်သွားတယ်။ တစ်ပတ်၊ နှစ်ပတ်အတွင်းပျောက်သွားရင်တော့ လတ်တလောဖြစ်တာ (Acute) လို့ ခေါ်ပါတယ်။ ကလေးတွေမှာ နှာစေး၊ အအေးမိတာနဲ့တွဲပြီး အများဆုံးဖြစ်တတ်ပါတယ်။ 

နာတာရှည်နားပြည်ယိုတာကတော့ ကလေးတွေမှာပဲ နှာစေး၊ ချောင်းဆိုးဖြစ်တယ်။ နားကိုက်တယ်။ နားပြည်ယိုတယ်၊ နားစည်ပေါက်ထွက်သွားတယ်။ ဒါပေမဲ့ သေချာမကုတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ကလေးမှာ တခြားရောဂါတွေ ရှိနေတာဖြစ်ချင်ဖြစ်ချင်ဖြစ်မယ်။ အဲလိုအခါမျိုးမှာ နားပြည်ယိုတာက မပျောက်ဘဲ နာတာရှည်ဖြစ်လာတယ်။ သုံးလဆက်တိုက်၊ ဒါမှမဟုတ် ဖြစ်လိုက်ပျောက်လိုက် ဖြစ်နေတာကို နာတာရှည် နားပြည်ယိုရောဂါ (Chronic Suppurative Otitis Media) လို့ခေါ်ပါတယ်။

 

နားပြည်ယိုခြင်းအတွက်ကုထုံးများ

 

နားပြည်ယိုတယ်၊ နားထဲကပြည်ထွက်လာတယ်ဆိုရင် နားထဲကို သန့်ရှင်းလုပ်ပြီး

ပဋိဇီဝပိုးသတ်ဆေး သောက်ဆေးပေးပြီး စောင့်ကြည့်တယ်။ ဆေးကို တုံ့ပြန်မှုရှိမရှိ

နှစ်ရက်၊ သုံးရက်လောက် စောင့်ကြည့်ပါတယ်။ အများစုကတော့ နှစ်ပတ်လောက်ဆိုရင်

ကောင်းသွားတာများပါတယ်။ နာတာရှည်ကတော့ ဖြစ်တာကြာနေတာကြောင့် နာရဲ့

ချောင်ကြိုချောင်ကြားအထိ ပြည်တွေပျံ့နှံ့နိုင်ပါတယ်။ ကုသတဲ့အခါ လူနာရော၊ ဆရာဝန်

ရော စိတ်ရှည်ရပါတယ်။ လူနာက စိတ်ရှည်ရတာဆိုတာ ဆေးရုံကို တစ်ပတ်တစ်ခါ၊ ခြောက်ပတ်လောက်ဆက်တိုက် လာပြရပါမယ်။ အဲလိုပြမှသာ သက်သာနိုင်ပါတယ်။ 

နာတာရှည်နားပြည်ယိုတာကို နားထဲကပြည်ကို စုပ်ယူရပါတယ်။ ရုတ်တရက်

နားပြည်ယိုတာက တစ်ခါလောက်သန့်ရှင်းလုပ်ပြီး ပိုးသတ်ဆေးပေးလိုက်တာနဲ့ ပျောက်သွားပေမယ့် နာတာရှည် နားပြည်ယိုတာမှာတော့ မရပါဘူး။ နာတာရှည်ကို တစ်ခါလောက်ပဲ သန့်ရှင်းရေလုပ်မယ်ဆိုရင် အတွင်းမှာ ကျန်တာတွေက ပြည်တည်ပြီး ထပ်ထွက်လာပါ

တယ်။ အဲဒါကို တစ်ပတ်တစ်ခါလောက် စုတ်ထုတ်ရပါတယ်။ ဆေးထည့်ရပါတယ်။ 

နာတာရှည်မှာ နားထဲကို အစက်ချတဲ့ ဆေးပါထည့်ကုသပါတယ်။ ရုတ်တရက်မှာ

ဆေးထည့်မတည့်ကတော့ ဆရာဝန်ရဲ့သဘောပါ။ နာတာရှည်မှာ အရေးကြီးတာက သုံးရက်တစ်ခါ၊ သိပ်မဆိုးရင် တစ်ပတ်တစ်ခါနားသန့်ရှင်းရေး ပြုလုပ်ပေးရပါတယ်။ အဲလိုလုပ်မှသာ နားထဲမှာရှိတဲ့ပြည်တွေ တဖြည်းဖြည်းနည်းသွားပြီး ရောဂါပျောက်ကင်းနိုင်ပါတယ်။ သုံးပတ်ကနေ တစ်လအထိ ကြာတတ်ပါတယ်။ ပျောက်အောင်ကုလို့တော့ရပါတယ်။


Credit:ဇာခြည်ဝင် (ဆေးဝါးတက္ကသိုလ်)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18