Print

နှုတ်ခမ်းနီရဲရဲဆိုးတဲ့အခါ

  30-Oct-2021
Preview Image

နှုတ်ခမ်းဆိုးဆေး နီနီရဲရဲသုံးပြီး မှန်ကြည့်လိုက်တဲ့အခါမှာ၊ ကျနေတဲ့စိတ်က ချက်ချင်းဆိုသလို တက်ကြွလာပြီး မမြင်နိုင်တဲ့ စိတ် ခွန်အားကို ရစေပါတယ်။ ဒါကြောင့်လည်း စိတ်ပိုင်းဆိုင်ရာ သမားတော်များက “ စိတ်ဖိစီးမှုများနေရင် နှုတ်ခမ်းနီရဲရဲဆိုးလိုက်ပါ ” လို့အကြံပြုထားကြ သ လို၊ ခေတ်ကာလအဆက်ဆက်မှ ဗေဒင်ဆရာများကလည်း “ ပြောတိုင်းအောင်၍ မိမိစကား အရာရောက် စေဖို့ နှုတ်ခမ်းဆိုးဆေးအနီကို ဆိုးထားပါ ” လို့အကြံပြုလေ့ရှိပါတယ်။ အလှအပ ရှုထောင့်ကကြည့်တဲ့အခါမှာလည်း “ နှုတ်ခမ်းနီ မလေးတွေက ဆန့်ကျင်ဘက်လိင်ကို ညှို့အား ပိုစေတယ်၊ နှုတ်ခမ်းဆိုးဆေး အနီရဲရဲလေးတွေက ပွဲလမ်းသဘင်ရှိမှ မဟုတ်ပါ ဘူး ဘယ်နေ ရာ၊ ဘယ်လိုရာသီဥတုမျိုးနဲ့မဆို လိုက်ဖက်နေတာပါဘဲ ” လို့အလှဖန်တီးရှင်တွေက ဆိုထားပြန်ပါတယ်။

 

သို့သော် ထူထူထဲထဲဆိုးမိတဲ့အခါ ဖက်ရှင်မကျတော့ပါဘူး။ ဒါ့ပြင် ဆိုးဆေးတွေဘေးပြန့် ကုန်တဲ့အခါ အလှပျက်စေတာကြောင့် အောက်ပါအတိုင်း စံနစ်တကျသုံးတတ်ဖို့ အရေးကြီး ပါတယ်။

 

နှုတ်ခမ်းပေါ်မှာ အရေခွံလန်နေသူများက ဦးစွာ သွားတိုက်တံ(သွားပွတ်တံ)ဖြင့် နှုတ်ခမ်း သားကို ခပ်ဖွဖွပွတ် တိုက်ပေးပါ။ (အဲဒီလန်နေတဲ့ အရေခွံပေါ်ကို နှုတ်ခမ်းဆိုးဆေးတင် မိတဲ့အ ခါ နှုတ်ခမ်းနီတွေက မညီမညာဖြစ်နေ တတ်လို့ပါ။ တခြားအရောင်တွေ နဲ့မတူ သိသိသာသာ အကြည့်ရဆိုးပါတယ်)ပြီးရင် nude colour(ခေါ်)အသားရောင်ရင့်ရင့် နှုတ်ခမ်းဆိုးဆေးခဲတံဖြင့် နှုတ်ခမ်းကို လိုင်းေ ဖာ်ပါ။ ( အကယ်၍ nude colour ဆိုးဆေးခဲတံမရှိရင်၊ နှုတ်ခမ်းနီနီအရောင်နှင့် ခပ်ဆင် ဆင်တူတဲ့ ခဲတံဖြင့် လိုင်းဖော်ပေးနိုင်ပါ တယ်)နှုတ်ခမ်းနီရဲရဲ ဆိုးလို့ရပါပြီ။

 

နှုတ်ခမ်းနီဆိုးပြီးတဲ့အခါ၊ လက်ညှိုုးလေးသုံး၍ နှုတ်ခမ်းသားတွေကို အသာအယာ ညှိပေး လိုက်ပါ။ (အဲဒီလိုပြုပေး ခြင်းဖြင့် နှုတ်ခမ်းသားပေါ်က ပိုလျှံနေတဲ့ဆိုးဆေးတွေကို လက်ကဖယ် ရှင်းပေးရာရောက်သလို၊ ဆိုးဆေးတွေ ပျစ်နှစ် ထူပိန်းမနေစေတော့ပါဘူး)

 

နောက်ဆုံးအဆင့်အနေဖြင့် မှန်ကြည့်ပြီး ပြုံးပါ/နှုတ်ခမ်းစူကြည့်ပါ။ (ဒီနည်းက နှုတ်ခမ်းေ ထာင့်စွန်းတွေပေါ်မှာ ဆိုးဆေးနီနီတွေ စွန်းပေ/မပေ ကို စစ်ဆေးကြည့်တာဖြစ်ပါတယ်။ အ ကယ် ၍ ဆိုးဆေးတွေဘေးပြန် ့နေပါက၊ ကရင်ပ်(ဖ်) ရေမြုံ့လေးဖြင့် အသာအယာတို့ ပေးလိုက်ပါ)

 

“ အသားမည်း ရဲရဲဆင် ” ဟူသော ဆိုရိုစကားလေးကို ကြားဖူးကြမှာပါ။ ဒါကြောင့် နှုတ်ခမ်း နီရဲရဲလေးတွေက အသားဖြူသူရော၊ အသားမည်းသူတွေနှင့်ပါ လိုက်ဖက်ပါတယ်။ အထူးသ တိထားရမှာက မည်သည့်အသားအရေမျိုးမဆို အနီရဲရဲဆိုးဆေးသုံးတဲ့ အခါ၊ ပုံမှန်ထက် မိတ် ကပ်ကိုလျော့လိမ်းပေးသင့်ပါတယ်။ အထူးသဖြင့် အသားမည်းသူတွေက အိုင်းလိုင်နာ-အိုင်းရှဲဒိုး-msacara တွေကိုပါ ခပ်ဖျော့ဖျော့လေး သုံးပေးခြင်းဖြင့် နှုတ်ခမ်းနီနီကြောင့်မျက်နှာကြီးရင့်ရော်မနေစေတော့ဘဲ၊ နှုတ်ခမ်း အလှပိုမိုပေါ်လွင် စေတော့မှာဖြစ်ပါတယ်။


Credit : တင်ထက်ထက်ဇော်

 

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18