Print

အသားအရေကျန်းမာစေသော ဗီတာမင် ငါးမျိုး

  28-Oct-2021
Preview Image

 ဗီတာမင်တွေဟာ အသားအရေနှင့် အလှအပအတွက် အလွန်အသုံးဝင်ပါတယ်။ ဗီတာမင်ဓာတ်တွေ အများကြီးရှိတဲ့အထဲမှ ဗီတာမင် ငါးမျိုးအကြောင်းကို လက်လှမ်းမီးသလောက် တင်ပြပေးလိုက်ရပါတယ်။

 

ဗီတာမင်အေ

 အရေပြားတစ်သျှူးထိန်းသိမ်းဖို့နဲ့ ပျက်စီးသွားတဲ့ တစ်သျှူးတွေနေရာမှာ အစာထိုးဖို့အတွက် လိုအပ်ပါတယ်။ သင့်ရဲ့အရေပြားဟာ ခြောက်သွေ့နေမယ်၊ ကွဲအက်နေမယ်ဆိုရရင် ဗီတာမင်အေ လိုအပ်နေလို့ပါပဲ။ ဗီတာမင် အေ ဟာ အသားအရေ ခြောက်သွေ့ခြင်း၊ ကွဲအက်ခြင်းတွေကို ကာကွယ်နိုင်ပါတယ်။ ဗီတာမင်အေ ပါဝင်တဲ့ အစားအစာတွေကို စားသုံးခြင်းအားဖြင့် ကန်စွန်းဥ၊ မုန်လာဥနီ၊ အစိမ်းရောင်အသီးအရွက်များ ဖြစ်ပါတယ်။ အရေပြားပေါ်မှာ ဗီတာမင် အေပါသော ခရင်မ်၊ လိုးရှင်းစသည့် တို့ကိုသုံးစွဲလျှင် ဝက်ခြံဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ပြီး အရေးအကြောင်းများကို လျော့ကျစေနိုင်ကြောင်း တွေ့ရပါတယ်။

 

ဗီတာမင် ဘီ အုပ်စုဝင်များ 

 ဗီတာမင် ဘီ အုပ်စုဝင်များမှာ အာဟာရဓာတ်များနဲ့ ဘိုင်အိုတင်း Biotin များ ပါဝင်တဲ့အတွက် ကိုယ်အလေးချိန်လျော့နိုင်ပါတယ်။ ထို့ပြင် အရေပြားရောင်ရမ်းခြင်းနှင့် ဆံပင်တွေ ဆုံးရှုံးခြင်းတွေအတွက်လည်း အကျိုးရှိစေနိုင်ပါတယ်။ ဆန်၊ ဥအမျိုးမျိုး၊ ငှက်ပျောသီး၊ ကြိတ်ထားတဲ့ အုတ်စပါးဆန်ပြုတ်စတဲ့ အစားအစာတွေမှာလည်း ဗီတာမင်ဘီ အုပ်စုဝင်များ ပါဝင်ပါတယ်။ ဗီတာမင်ဘီဟာ အရေပြားဆဲလ်များအတွက် လိုအပ်သောရေဓာတ်ကို ဖြည့်ပေးနိုင်ပြီး ကျန်းမာတဲ့ အရေပြားကို ဖြစ်ထွန်းစေပါတယ်။

 

ဗီတာမင် စီ 

 ဗီတာမင်စီ ပါဝင်သောအစားအစာများ ဥပမာ - အရည်ရွှမ်းပြီး ချိုချဉ်အရသာရှိသော သစ်သီးများ Citrus Fruit အစိမ်းရောင်ရှိသော အရွက်များ၊ ပန်းဂေါ်ဖီပွင့် စသည်တို့ကို စားသုံးပေးခြင်းအားဖြင့် အအေးမိခြင်း၊ နှာစေးခြင်းစတဲ့ အအေးမိရောဂါတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဗီတာမင် စီ ကို အရေပြားပေါ်က လိမ်းပေးခြင်းအားဖြင့် အရေပြားပေါ်မှာရှိတဲ့ ကိုလာဂျင် Collagen ပေါ်ထွက်မှုကို ကူညီနိုင်ပြီး အရေပြားအရေးအကြောင်းများ၊ အရေပြားကြမ်းတမ်းခြင်းနှင့် နေရောင်ခြည်ဒဏ်ကြောင့် အရေပြားပျက်စီးခြင်းတွေကို ကာကွယ်တားဆီးနိုင်ပါတယ်။

 


ဗီတာမင် အီး 

 ဗီတာမင် အီး ပါဝင်တဲ့ အစားအစာတွေကို စားသုံးခြင်းအားဖြင့် အရေပြားကို နူးညံ့ချောမွေ့စေပြီး ဆံပင်သားများ အရောင်တောက်ပအောင် ကျန်းမာကြံ့ခိုင်အောင် ကူညီပေးနိုင်ပါတယ်။ အရေပြားမှာရှိတဲ့ အမာရွတ်တွေအတွက်ဆိုရင်တော့ ဗီတာမင် အီးပါဝင်တဲ့ အဆီတွေကို လိမ်းကျံပေးခြင်းအားဖြင့် အရေပြားပေါ်မှာရှိတဲ့ အမာရွတ်တွေကို လျော့ချပေးနိုင်ပါတယ်။

 

ဗီတာမင် ကေ 

 ဗီတာမင် ကေ ပါဝင်သော အလှကုန်ပစ္စည်းများ (ဥပမာ - လိုးရှင်း၊ ခရင်မ်စသည်ဖြင့်) ကို အသုံးပြုခြင်းအားဖြင့် အရေပြားပေါ်မှာ ဖြစ်တတ်တဲ့ နေလောင်ကွက်များ အရေပြားပေါ်တွင် ညိုမည်းခြင်းများကို သက်သာပျောက်ကင်းအောင် ကူညီပေးနိုင်ပါတယ်။

  

Credit: Aunty Mun


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18