Print

လေ့ကျင့်ခန်းလုပ်ခြင်းက ဆီးကျိတ်ကင်ဆာကို ပျောက်ကင်းနိုင်

  24-Oct-2021
Preview Image

တစ်ပတ်ကို ငါးနာရီခန့် လေ့ကျင့်ခန်း လုပ်ရုံနှင့် ဆီးကျိတ်ကင်ဆာရှိသူတွေက အသက်ရှင်နိုင်တဲ့ အခွင့်အရေး ပိုများနိုင်တယ်လို့ ကျွမ်းကျင်သူတွေက တွေ့ရှိခဲ့ပါတယ်။ ဘဝတစ်လျှောက်လုံး ကြံ့ခိုင်ပြီး ကျန်းမာအောင် နေထိုင်တာက ဖျားနာမှုကင်းဝေးပြီး ကင်ဆာရောဂါ အပါအဝင် ရောဂါမျိုးစုံ ဖြစ်နိုင်ခြေ လျော့နိုင်တယ်လို့ ဆရာဝန်တွေက ယခင်ကတည်းက အကြံပေးထားကြပါတယ်။ ယခုသိပ္ပံပညာရှင်တွေကတော့ ဆီးကျိတ်ကင်ဆာ ရှိသူတွေမှာတောင် ပုံမှန်ပြုလုပ် တာကြောင့် အသက်ရှည်နှုန်း မြင့်မားနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အမေရိကန်က ကျွမ်းကျင်သူတွေက ဆီးကျိတ်ကင်ဆာရှိသူပေါင်း ၁၀၀၀၀ ကို နှစ် ၂၀ ကြာ လေ့လာ မှုပြုလုပ်ခဲ့ပါတယ်။

ဆီးကျိတ်ကင်ဆာရှိသူတွေက ဥယာဉ်စိုက်တာ၊ စက်ဘီးစီးတာ၊ တင်းနစ်ရိုက်တာ ဒါမှမဟုတ် လမ်းလျှောက်တာမျိုး အသင့်အတင့် လေ့ကျင့်ခန်းတွေကို တစ်ပတ် ငါးနာရီပြု လုပ်ပေးပါက တစ်ပတ်တစ်နာရီထက် နည်းပြီး ပြုလုပ်သူတွေထက် အဲဒီရောဂါကြောင့် သေဆုံးနိုင်ခြေ ၃၄ ရာခိုင်နှုန်း လျော့နည်းတာကို တွေ့ရှိခဲ့ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာတစ်မျိုး ဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ နှစ်စဉ် အမျိုးသားပေါင်း ၄၇၀၀၀ ခန့်က ဆီးကျိတ်ကင်ဆာ ဖြစ်တယ်လို့ သတ်မှတ်ခံရကာ အဲဒီထဲက ၁၀၉၀၀ ယောက်က သေဆုံးသွားတယ်လို့ သိရပါတယ်။


Credit:Arogyam magazine, May 2016, Pg. 124


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18