Print

ပန်းနာရင်ကျပ် ရောဂါကုဆေးတွေကို ကိုယ်ဝန်ဆောင်စဉ် စိတ်ချလက်ချ သောက်လို့ရ...

  17-Aug-2021
Preview Image

ဘယ်ဆေးကိုမဆို ကိုယ်ဝန်ဆောင်စဉ်သောက်ရင် ကလေးကို အနည်းနဲ့အများ ထိခိုက်စေနိုင်ပါတယ်။ စတီးရွိုက်ဆေးတွေကိုသုံးစွဲရင် မွေးလာမယ့်ကလေးမှာ ဟော်မုန်းထုတ်ပေးတဲ့ Adrenal glands က အလုပ်ကောင်းကောင်း မလုပ်နိုင်တာမို့ ကလေးမွေးမွေးပြီးပြီးချင်းမှာ အချို့သောဟော်မုန်းတွေကို မထုတ်ပေးနိုင်တာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပန်းနာရင်ကျပ် ရောဂါကုဆေးတွေဟာ သိပ်ပြီးအန္တရာယ် မများတာမို့ ကိုယ်ဝန်ဆောင်ကာလမှာ ရောဂါမထအောင် သောက်လို့ရပါတယ်။

 

ဒါပေမယ့် သတိပြုရမယ့် အချက်တစ်ချက်က ကိုယ်ဝန်ဆောင်ကာလမှာရောဂါကုဆေးဝါးတွေကို သောက်နေရရင် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုကို ပုံမှန်ထက်ပိုပြီး ယူသင့်ပါတယ်။ ဒါမှသာ ကိုယ်ဝန်ရဲ့တိုးတက်မှု၊ ဆုတ်လျော့မှုတွေကို မျက်ခြည်မပြတ် သိရှိနိုင်မှာပါ။ ဘယ်လိုပင်ဖြစ်စေ ကိုယ်ဝန်ဆောင်ကာလမှာ ပန်းနာ ရင်ကျပ်ရောဂါကို ထိန်းချုပ်ကုသမှုမခံရင် မိခင်ရောကလေးကိုပါ ကြီးစွာသော ထိခိုက် မှုဖြစ်စေနိုင်တာမို့ ရောဂါကုဆေးဝါးတွေကိုသာ ဘေးထွက်ဆိုးကျိုး လျော့နည်းအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကာ သောက်သုံးသင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။


Credit : Sheri (U.O.N,Ygn)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18