ကလေးများရှေ့မှာ မိဘများရန်ဖြစ်ပြပါက ကလေးများ၏ ဦးနှောက်အပေါ် ဆိုးကျိုးမ...
27-Jul-2021
ကလေးများ ရှေ့တွင် မိဘ လုပ်သူများ ရန်ဖြစ် ငြင်းခုံခြင်းသည် ကလေးများ၏ဦးနှောက် ဖွံ့ဖြိုးမှု အပေါ် ဆိုးကျိုး သက်ရောက် မှုများ ရှိစေနိုင် ကြောင်း သိရသည်။ဦးနှောက်ကို သံလိုက် လှိုင်းသုံး ပုံရိပ်ဖော် လေ့လာမှုများ အရ အသက် ဆယ့်တစ်နှစ် အထိ မိသားစု ပြဿနာ များကို အနည်းနှင့် အများကြုံတွေ့ခဲ့ရသည့် ကလေးများသည် ဦးနှောက် ဖွံ့ဖြိုးမှု နှေးကွေးပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှု ရှိနိုင်ကြောင်း သိရသည်။အဆိုပါ ပြဿနာများ တွင် မိဘများ အကြား ဆက်ဆံရေးတင်းမာမှုများ၊ ကိုယ်ထိ လက်ရောက်သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ချစ်ခင် နွေးထွေးမှုမရှိခြင်း(သို့မဟုတ်)မိသားစုဝင်များအကြား ဆက်ဆံရေး အေးစက်ခြင်း စသည်တို့ ပါဝင်သည်။ ကလေးငယ်များ အပေါ်မသိ ကျိုးကျွံပြုမူခြင်း၊ နှိပ်စက်ညှင်း ပန်းခြင်းတို့၏ အကျိုးဆက်များကို အဓိက ထား လေ့လာခဲ့ကြခြင်းဖြစ် သည်။မိသားစု ပြဿနာများနှင့် ကြုံ တွေ့ရသည့် ဆယ်ကျော် သက်လေးများသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာ များရှိနေသည့် မိဘများ (သို့မဟုတ်) မိသားစု အပေါ်အကောင်းမမြင်တတ်သည့် လူမျိုးများ ဖြစ်လာနိုင်သည်ဟုလည်း သိရသည်။လေ့လာမှု စစ်တမ်းကို Neuro Image: Clinical ဂျာနယ်တွင် ထည့် သွင်း ဖော်ပြ ထားခြင်းဖြစ်သည်။
Ref:Myawady New
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

