Print

လေဖြတ်ခြင်းကိုအဝေးမှရှောင်

  24-Jun-2021
Preview Image

လေဖြတ်ခြင်းတွင် ပုံစံ (၂) မျိုး ရှိပါသည်။ ပထမတစ်မျိူးမှာ ဦးနှောက်တွင် သွေးပိတ်ဆို့မှုကြောင့်ဖြစ်ပွားရသော လေဖြတ်ခြင်း (Ischaemic Stroke) နှင့်ဦးနှောက်အတွင်း သွေးကြောပေါက်ကွဲမှုကြောင့် ဖြစ်ပွားရသော လေဖြတ်ခြင်း (Haemorrhagic Stroke) တို့ဖြစ်သည်။ သွေးလွှတ်ကြော ပိတ်ဆို့၍ဖြစ်စေ၊ သွေးလွှတ်ကြော ပေါက်ကွဲ၍ဖြစ်စေ ဖြစ်စေခံစားရသော လေဖြတ်ဝေဒနာ နှစ်မျိုးစလုံးတွင် ဦးနှောက်သို့သွေးပို့လွှတ်မှု ပြတ်တောက်စေသဖြင့် ဆဲလ်များသည် အောက်ဆီဂျင်နှင့်အာဟာရချို့တဲ့၍ ဆဲလ်များပျက်စီးခြင်း (သို့) သေကြေခြင်းတို့ ဖြစ်ပွားကြရသည်။ ရောဂါခံစားနေရသူများသည် စကားပြောရန်ခက်ခဲခြင်း၊ လမ်းလျှောက်ရန်နှင့် အခြေခံလှုပ်ရှား မှုများကို ဆောင်ရွက်ရန်ပင် ခက်ခဲသော အခြေအနေမျိုးနှင့် တွေ့ကြုံခံစားရသည်။

 

ကျန်းမာရေးနှင့် ညီညွှတ်သော အစားအသောက်များကို စားသောက်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ အရက်သေစာ သောက်စား မှု လျော့ချခြင်းတို့ဖြင့် လေဖြတ်သည့် အန္တရာယ်မှ ရှောင်ရှားနိုင်သည်။ လေဖြတ်ဝေဒနာ ခံစားရရန် အလားအလာရှိသူများကို အက်စပရင် (Aspirin) ဆေးဖြင့် ကုသလေ့ရှိပါသည်။လေဖြတ်ဝေဒနာ ခံစားရပြီးနောက် ပြန်လည်နာလန်ထရန်အတွက် လိုအပ်သော ဆေးဝါးများ မှီဝဲခြင်း၊ စကားကောင်းမွန်စွာ ပြန်လည်ပြောဆိုနိုင်ရန်နှင့် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်နိုင်ရန် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းတို့ကို ဆရာဝန်၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရန်လိုအပ်သည်။


 

Credit:အောင်ဇင်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18