Print

သားဥကြွေခြင်းနှင့် သန္ဓေအောင်ခြင်း

  17-Jun-2021
Preview Image

လိင်ဆက်ဆံတဲ့အခါ အမျိုးသားအင်္ဂါကနေ သုက်ရည်နှင့်အတူ ထွက်လာတဲ့ သုက်ကောင်လေးတွေဟာ သားအိမ်ကိုဖြတ်ပြီး သားဥပြွန်ထဲရောက်သွားတယ်။ သားဥကိုရှာကြတယ်။ သုက်ကောင်တစ်ကောင်ဟာ သားဥထဲဝင်သွားနိုင်ရင် မျိုးအောင်တယ်လို့ခေါ်တယ်။ သုက်ကောင် သန်းပေါင်းများစွာထွက်လာပေမယ့်ထောင်ဂဏန်းမျှလောက်ပဲ သားဥပြွန်ကို ရှာတွေ့တယ်။

သားဥပြွန်ထဲမှာလည်း ရာဂဏန်းလောက်ပဲ သားဥနှင့်တွေ့နိုင်တယ်။ အဲဒီထဲကမှ တစ်ကောင်လောက်ပဲ သားဥထဲဝင်နိုင်တယ်။ မျိုးအောင်ပြီးတဲ့သားဥဟာ သားအိမ်ထဲဆင်းလာဖို့ တစ်ပတ်လောက်အချိန်ကြာတယ်။ အဲဒီသားဥဟာ သားအိမ်နံရံမှာတွယ်ကပ်ပြီး စတင်ဖွံ့ဖြိုးလာတာကို “သန္ဓေအောင်တယ်” လို့ခေါ်တယ်။ မျိုးအောင်တာနဲ့ သန္ဓေအောင်တာ နှစ်ခုပေါင်းပြီး ကိုယ်ဝန်ရှိတယ်လို့ခေါ်တယ်။


Credit : ဘဝတွက်တာကျွမ်းကျင်စရာ စာအုပ်မှကောက်နှုတ်ထားပါသည်။


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18