အကြားအာရုံကောင်းစေရန်ငါးစားပေးပါ
11-May-2021
ကျန်းမာစေရန်
ကျွန်ုပ်တို့သည် နေ့စဉ် ကယ်လိုရီ လိုအပ်မှု၏ ၁၀ ရာခိုင်နှုန်းကို ပရိုတင်းခေါ် အသားဓာတ်မှ
ရယူရပေသည်။ ပရိုတင်းခေါ် အသားဓာတ်ကို ကြက်သား၊ ဝက်သား၊ စသော အသားများမှ ရယူခြင်းထက်
ငါးမှ ရယူခြင်းသည် ကျန်းမာရေးအတွက် ပိုကောင်းပါသည်။
ငါးကြီးများတွင်
ပါဝင်သော ငါးကြီးဆီတွင် ဗီတာမင်အေ အမြောက်အများပါဝင်ပေရာ ၎င်းဗီတာမင်အေသည် မျက်စိအမြင်အားကို
ကောင်းမွန်စေပါသည်။ ငါးဟင်းကို ရက်သတ္တပတ်လျှင် နှစ်ကြိမ် (သို့) နှစ်ကြိမ်ထက် ပို၍စားသုံးပါက
အမျိုးသမီးများတွင် အကြားအာရုံဆုံးရှုံးမှုအန္တရာယ် လျော့ချစေနိုင်သည်ဟု အမေရိကန်သုတေသနပညာရှင်များက
မကြာသေးမီက ပြောကြားခဲ့ပါသည်။
အကြားအာရုံဆုံးရှုံးမှုမှာ
ဖြစ်လေ့ဖြစ်ထများပြီး ရံဖန်ရံခါ ကုသ၍မရနိုင်သော နာတာရှည်ရောဂါတစ်မျိုးကို ဖြစ်ပေါ်စေတတ်သည်ဟု
Brighan and women’s ဆေးရုံမှ လေ့လာရေးခေါင်းဆောင် Sharon curhan ကဆိုပါသည်။
Credit :ဒေါက်တာဘီရော်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

