Living Together ၏ ဆိုးကျိုးများ
25-Mar-2021
မှတ်ရလွယ်အောင်
အချက်ကလေးတွေ စဉ်ပြီးကြည့်ရအောင်
၁။ အပျိုစင်ဘဝကို
ယူပြီးသွားတော့ ချစ်သူက ကြာရင် ရိုးလာပြီး စွန့်ပစ်ခံရတာမျိုးကြုံရနိုင် ပါသည်။ (ဒါကြောင့်
ခက်ခဲလေ ပိုတန်ဖိုးမြင့်လေလို့ ဆိုခဲ့ကြတာပေါ့။)
၂။ တစ်နည်းနည်းနဲ့
မိဘတွေသိသွားရင် အရှက်၊ သိက္ခာ ကျဆင်းနိုင်မယ့်အဖြစ်မျိုးပါ။ အထူးသဖြင့် မိန်းကလေးတွေမှာပေါ့။
၃။ ကိုယ်က
အပျိုစင်ဘဝပေးပြီးတော့ သူ့ဘက်ကကိုယ့်ကို တာဝန်ယူပါ့မလားဆိုတဲ့ ပူပန်သောကမျိုး
(Anxiety) ရနိုင်သည်။ အမြဲတမ်း စိတ်ပူနေရတတ်ပါသည်။ နောက်ဆုံး Depression အထိ ရနိုင်ပါတယ်။
၄။
Living Together နေခဲ့တုန်းက စိတ်ချရတဲ့ သန္ဓေတားနည်း (Safety contraceptive
method) မသုံးခဲ့ရင်ကိုယ်ဝန်ရနိုင်ပါတယ်။
၅။ ကိုယ်ဝန်ရလာခဲ့ရင်
အဆင်သင့် မဖြစ်ကြသေးတော့ အများစုက ကိုယ်ဝန်ဖျက်ချခြင်း (Abortion) ဆိုတဲ့ဘက်ကို ဦးတည်ကျမှာပါ။
ဒီအခါအပြစ်မရှိတဲ့ အသက်တွေ သေကြရဦးမည်။
အထက်ပါငါးချက်ဟာ
အကြမ်းဖျင်း ယေဘုယျဆိုးကျိုးငါးချက်ပဲ ရှိပါသေးတယ်။ အသေးစိတ်ထပ်ချဲ့ရင် အများကြီး ရှိပါသေးတယ်။
(ဥပမာ အကုန်လုံး လူသိရှင်ကြား သိသွားပြီးမှ ယောကျ်ားလေးဘက်က သဘောမတူဘူး၊ တာဝန်မယူနိုင်ဘူးဆိုခဲ့ရင်။)
Credit :ပြည့်နိုင်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

