ပထမဆုံးတစ်ချိန် သုတ်လွှတ်ခြင်းဟာ မျိုးအောင်ဖို့အတွက် အကောင်းဆုံးဖြစ်ကြ...
05-Mar-2021
သုတေသနပြုသူတွေဟာ သုတ်လွှတ်ခြင်း အဆင့်ဆင့်ကို ခွဲခြားလေ့လာခဲ့ပြီး ပထမဆုံးအချိန် သုတ်လွှတ်ခြင်းဟာ မျိုးအောင်ဖို့အတွက် အကောင်းဆုံးဖြစ်ကြောင်း ကို ရှာဖွေတွေ့ရှိခဲ့ပါသတဲ့။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအချိန်မှာ ပိုမိုလျင်မြန်စွာ ရွေ့လျားနို င်ပြီး ပိုမိုအားကောင်းတဲ့ မျိုးရိုးဗီဇတွေပါဝင်တဲ့ သုတ်ပိုးပမာဏဟာ အလွန်များပြားစွာ လာတာကြောင့်ဖြစ်ပါတယ်။ Seville ရှိ Ginemed မျိုးဆက်ပြန့်ပွားရေး သုတေသန ဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ Maria Hebles က အရင်က သုတ်လွှတ်ခြင်းကို တစ်ကြိမ်တည်း တစ်ခါတည်း လွှတ်တယ်လို့ ယူဆခဲ့ကြတာပါ။
ဒါပေမယ့် အဓိက မျိုးဆက်ပြန့်ပွားမှုအတွက် ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေနဲ့ ပါဝင်မှုပမာဏကို အညီအမျှထိန်းညှိပေးနိုင် ဖို့ နှစ်ပိုင်းခွဲခြားထားတာကို တွေ့ရှိရပါတယ်လို့ ထုတ်ဖော်ပြောကြားသွားပါတယ်။ ပညာရှင်တွေက ပထမပိုင်း သုတ်လွှတ်ချိန်မှာ မျိုးအောင်နိုင်ဖို့အတွက် မမျိုးဥနှင့်ပေါင်းစပ်မယ့် သုတ်ပိုးကို အကာအကွယ်ပေးထား တဲ့ ဖော့စဖိတ်၊ စစ်ထရစ်အက်ဆစ်၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓါတ်တွေပါဝင်ပါတယ်။ ဒုတိယပိုင်း သုတ်သွေးလွှတ်ချိန်မှာတော့ သုတ်ပိုးကို ထိခိုက်မှုများမှ ကာကွယ်ပေးပြီး မမျိုးဥနှင့် ပေါင်းစပ် မျိုးအောင်ခြင်းကို နှောင့်နှေးစေနိုင်သည့် အခြေအနေဖြစ်ပါတယ်။
Credit : MTN
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

