Print

အမျိုးသားများတွင် သွားဖုံးရောဂါကြောင့် ပန်းသေပန်းညှိုးဖြစ်နိုင်

  05-Jul-2020
Preview Image

သွားဖုံးရောဂါကို ဆိုးရွားစွာခံစားနေရတဲ့ အမျိုးသားတွေဟာ ပန်းသေ ပန်းညှိုးဝေဒနာ ခံစားရနိုင်ကြောင်း လိင်ပညာပေးဆေးပညာဂျာနယ်မှာ ဖော်ပြ ထားပါတယ်။ တက္ကသိုလ်မှ သုတေသီတွေက အသက် ၃၀ မှ ၄၀ ကြား အမျိုးသားတွေ ကို လေ့လာခဲ့ပြီး သုတေသန ပြုလုပ်ရာမှာ ပန်းသေပန်းညှိုးရောဂါဖြစ်သူ ၅၃ ရာခိုင်နှုန်းဟာ သွားဖုံးရောဂါ ခံစားနေရကြောင်း တွေ့ရှိခဲ့ပါတယ်။ သွားဖုံးထဲမှာ ဘက်တီးရီးယားပိုးတွေဟာ သွေးထဲမှတစ်ဆင့် သွေးကြောတွေထဲကို ရောက်ရှိသွားပြီး
သွေးကြောနဲ့ သွေးလွှတ်ကြောတွေကို မာကျောမှုဖြစ်စေတယ်လို့ သိပ္ပံပညာရှင်တွေက ရှင်းပြပါတယ်။ လိင်အင်္ဂါအတွင်း သွေးကြောတွေ မာကျောမှုဖြစ်သွားတာကြောင့် ပန်းသေပန်းညှိုးဖြစ်သွားတယ်လို့ ဆိုပါတယ်။ ယခင်ကပြုလုပ်တဲ့ လေ့လာမှုအရလည်း သွားဖုံးရောဂါကြောင့် နှလုံးရောဂါကို ဖြစ်ပွားစေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အသက်ကြီးတာ၊ ဆေးလိပ်သောက်တာ၊ ဆီးချိုရောဂါရှိတာနဲ့ နှလုံးသွေးကြောရောဂါတွေ ဟာလည်း ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေများစေတဲ့ အချက်အလက်တွေလို့ သုတေသီတွေ က ဆိုပါတယ်။

Credit : Arogyam magazine

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18